0 ဆော့ဖ်ဝဲများကို Terminial မှ Uninstall ပြုလုပ်ခြင်း

BLOG NAME || Artikel: ဆော့ဖ်ဝဲများကို Terminial မှ Uninstall ပြုလုပ်ခြင်း
Share Gan:

Ubuntu OS သုံးစွဲသူတွေအနေနဲ့ မိမိ OS အတွင်းရှိ ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲများကို Terminal ကနေ Uninstall ပြုလုပ်လိုတဲ့အခါမှာ အောက်ဖော်ပြပါ Command တွေနဲ့ပြုလုပ်နိုင်ပါတယ်။ Terminal ကိုဖွင့်လိုက်ပါ။ ဆော့ဖ်ဝဲ List များကို ကြည့်ရှုဖို့အတွက် Terminal မှာ dpkg --list ဆိုတဲ့ command ကို အသုံးပြုနိုင်ပါတယ်။


အဆိုပါ command ကို ထည့်သွင်းလိုက်ရင် ဆော့ဖ်ဝဲအမည်နဲ့ version, description အစရှိတာတွေကို ဖော်ပြပေးတာကို တွေ့မြင်ရပါလိမ့်မယ်။ ပြီးသွားရင် Uninstall ပြုလုပ်မယ့်ဆော့ဖ်ဝဲကို လိုက်ရှာရပါမယ်။ ကိုယ် Uninstall ပြုလုပ်မယ့်ဆော့ဖ်ဝဲကို တွေ့ပြီဆိုရင် စတင်လုပ်ဆောင်နိုင်ရန် အောက်ပါ command တွေကို အသုံးပြုရပါမယ်။ ဒီနေရာမှာကတော့ ဥပမာအနေနဲ့ gimp ကို uninstall ပြုလုပ်ပြမှာ ဖြစ်ပါတယ်။

Uninstall ပြုလုပ်ဖို့အတွက် apt-get command ကိုသာ အသုံးပြုပါမယ်။ အဆိုပါ ဆော့ဖ်ဝဲထဲက Configuration file တွေကို delete တစ်ခါတည်း ပြုလုပ်နိုင်ဖို့အတွက် --purge ဆိုတဲ့ command ကိုအသုံးပြုပါမယ်။ ဒါဆိုရင် စပြီး Uninstall ပြုလုပ်ဖို့အတွက် remove ဆိုတဲ့ command နဲ့အသုံးပြုကြည့်ပါမယ်။ အသုံးပြုရမယ့် command ကတော့ sudo apt-get --purge remove gimp ဆိုတဲ့ command နဲ့ Uninstall ပြုလုပ်ရပါမယ်။ ပြီးသွားရင် Enter နှိပ်ပီး Password ကိုထည့်သွင်းရပါမယ်။ ဒီနေရာမှာ password prompt ကိုတော့ ဖော်ပြပေးမှာ မဟုတ်တဲ့အတွက် မိမိ password ကိုသာ ရိုက်ထည့်ပြီး Enter ပြုလုပ်လိုက်ပါ။

Enter နှိပ်ပြီးသွားပြီဆိုရင် ဆက်လက်လုပ်ဆောင် နိုင်ဖို့အတွက် Yes or No မေးပါလိမ့်မယ်။ y လို့ရိုက်ထည့်ပြီး လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင် နိုင်ပါတယ်။ remove ပြုလုပ်တဲ့ လုပ်ငန်းစဉ်ပြီးသွားရင် Terminal မှာ exit ဆိုတဲ့ command ကိုအသုံးပြုပြီး Terminal ကနေထွက်လိုက်ရင် Uninstall ပြုလုပ်တဲ့ လုပ်ငန်းအဆင့် ပြီးသွားပြီ ဖြစ်ပါတယ်။

အကယ်၍ အဆိုပါဖိုင်နဲ့ ပတ်သက်တဲ့ စုစည်းထားတဲ့ဖိုင်များ ကျန်နေသေးတယ်ဆိုရင်တော့ sudo apt-get clean ဆိုတဲ့ command  ကိုအသုံးပြုနိုင်ပါတယ်။ ဒီ command ဟာ“/var/cache/apt/archives”  အောက်က  cache တွေကို ရှင်းလင်းဖယ်ရှား ပေးနိုင်မှာဖြစ်ပါတယ်။
Credit ကိုသီဟ

Internet Journal

Judul: ဆော့ဖ်ဝဲများကို Terminial မှ Uninstall ပြုလုပ်ခြင်း
Rating: 100% based on 99998 ratings. 5 user reviews.
Ditulis Oleh ကွန်ပျူတာ




Di Posting Oleh ကွန်ပျူတာ, Pada 11:23:00 AM dan 0 comments

Ditulis Oleh : YOUR NAME | YOUR DESCRIPTION

Anda sedang membaca sebuah artikel yang berjudul ဆော့ဖ်ဝဲများကို Terminial မှ Uninstall ပြုလုပ်ခြင်း . Dengan url https://computerknowledgeitshare.blogspot.com/2016/08/terminial-uninstall.html. Jika anda suka dengan artikel ini silahkan ambil dengan syarat Term of Use. Jika anda ingin meng copy-paste tolong berikan sumbernya dan baca terlebih dahulu Term of Use.

:: Thank's for visiting ! ::