0 Windows 10 မှာ Linux Bash Shell ကို ဘယ်လိုထည့်သွင်းမလဲ

BLOG NAME || Artikel: Windows 10 မှာ Linux Bash Shell ကို ဘယ်လိုထည့်သွင်းမလဲ
Share Gan:

Windows 10 update မှာ Linux Software တွေကို Windows ပေါ်မှာတင် တိုက်ရိုက်အသုံးပြုနိုင်ရန် အတွက် Ubuntu ကို အခြေခံထားတဲ့ Bash shell ကို Developer တွေအတွက် ထည့်သွင်းပေးလိုက်ပါတယ်။ အဆိုပါ Feature ဟာ Windows 10 Insider Preview မှာ အသုံးပြုနိုင်မှာဖြစ်ပြီး 64-bit version မှသာ အဆင်ပြေ နိုင်မှာဖြစ်ပါတယ်။

Linux Bash Shell ကို Windows 10 မှာ အသုံးပြုဖို့အတွက်ဆိုရင် Settings ထဲကို သွားရပါမယ်။ Settings ထဲကို ရောက်ရင် Update & Security ဆိုတာကိုနှိပ်လိုက်ပါ။ Update & Security ထဲကမှ For Developer ဆို တာကို ရွေးချယ်ပေးရပါမယ်။ ဒါဆိုရင် Use developer feature ဆိုတဲ့ section အောက်ကို ရောက်သွားပါလိမ့်မယ်။ Developer mode ကိုရွေးချယ်ပေးလိုက်ပါ။
Developer mode ကိုရွေးချယ်ပေးပြီးရင် ဘယ်ဘက် အခြမ်းမှာရှိတဲ့ panel အပေါ်ဆုံးမှာ Windows update ဆိုတာကိုရွေးချယ်ပေးလိုက်ပါ။ ပြီးသွားရင် အောက်ဘက်နားမှာရှိတဲ့ Advance options ဆိုတာကို နှိပ်ရမှာဖြစ်ပါတယ်။ Advance options ထဲကိုရောက်သွားပြီဆိုရင် Get Insider Preview builds မှာ Get start ဆိုတာကို နှိပ်ရမှာဖြစ်ပါတယ်။
အဆိုပါ အဆင့်မှာ Insider Preview အတွက် သင်ဟာ Microsoft account ကို 
မထည့်ရသေးဘူးဆိုရင် ထည့်သွင်းပေးရမှာဖြစ်ပါတယ်။
နောက်တစ်ဆင့်ကတော့ Windows update မှာ Insider Preview အတွက် 
update ပေးတာကို တွေ့ရပါလိမ့်မယ်။ Update ကို download ပြုလုပ်ပြီး 
Restart ကို နှိပ်ရမှာဖြစ်ပါတယ်။ Restart ပြုလုပ်ပြီးရင် အချိန် အတော်ကြာစောင့်ပေးရပါမယ်။
Windows insider preview update ကို ထည့်သွင်းပြီးပြီဆိုရင် Control panel ကို နှိပ်ပြီး program ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ပြီးရင် Turn Windows features On or Off ဆိုတာကို နှိပ်လိုက်ပါ။ 
Control Panel ထဲက မသွားချင်ဘူးဆိုရင်တော့ Start button ကို နှိပ်ပြီး Turn ဆိုတဲ့ Keyword ကို ရိုက်ထည့် လိုက်ပါ။ ဒါဆိုရင်အပေါ်ဆုံးမှာ Turn windows features On or Off ဆိုတာကိုတွေ့ရပါမယ်။ နှိပ်လိုက်ပါ။
နှိပ်ပြီးသွားရင် Windows Subsystem for Linux (Beta) ဆိုတာကို ရှာပြီး အမှန်ခြစ်ထည့်သွင်းပေးလိုက်ပါ။ အမှန်ခြစ် ထည့်သွင်းပြီးရင် PC ကို Restart ပြုလုပ်ပေးရပါမယ်။
အဆိုပါ အဆင့်တွေပြီးသွားရင် Command prompt ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် bash ဆိုတဲ့ command ကို ရိုက်ထည့်ပြီး y ဆိုတဲ့ key ကို ထပ်မံနှိပ်ပေးလိုက်ပါ။ သက်ဆိုင်ရာ package တွေကို download ပြုလုပ်ပြီး ထည့်သွင်းပေးသွားတာကိုတွေ့မြင်ရပါလိမ့်မယ်။
အထက်ပါအဆင့်များပြီးသွားရင်တော့ Windows 10 မှာ Linux bash ကို ထည့်သွင်းတဲ့ နည်းလမ်းပြီးဆုံးပါပြီ။
Credit သီဟ
Internet Journal

Judul: Windows 10 မှာ Linux Bash Shell ကို ဘယ်လိုထည့်သွင်းမလဲ
Rating: 100% based on 99998 ratings. 5 user reviews.
Ditulis Oleh ကွန်ပျူတာ




Di Posting Oleh ကွန်ပျူတာ, Pada 11:20:00 AM dan 0 comments

Ditulis Oleh : YOUR NAME | YOUR DESCRIPTION

Anda sedang membaca sebuah artikel yang berjudul Windows 10 မှာ Linux Bash Shell ကို ဘယ်လိုထည့်သွင်းမလဲ. Dengan url https://computerknowledgeitshare.blogspot.com/2016/08/windows-10-linux-bash-shell.html. Jika anda suka dengan artikel ini silahkan ambil dengan syarat Term of Use. Jika anda ingin meng copy-paste tolong berikan sumbernya dan baca terlebih dahulu Term of Use.

:: Thank's for visiting ! ::