0 ဆော့ဖ်ဝဲများကို Terminial မှ Uninstall ပြုလုပ်ခြင်း

Ubuntu OS သုံးစွဲသူတွေအနေနဲ့ မိမိ OS အတွင်းရှိ ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲများကို Terminal ကနေ Uninstall ပြုလုပ်လိုတဲ့အခါမှာ အောက်ဖော်ပြပါ Command တွေနဲ့ပြုလုပ်နိုင်ပါတယ်။ Terminal ကိုဖွင့်လိုက်ပါ။ ဆော့ဖ်ဝဲ List များကို ကြည့်ရှုဖို့အတွက် Terminal မှာ dpkg --list ဆိုတဲ့ command ကို အသုံးပြုနိုင်ပါတယ်။


အဆိုပါ command ကို ထည့်သွင်းလိုက်ရင် ဆော့ဖ်ဝဲအမည်နဲ့ version, description အစရှိတာတွေကို ဖော်ပြပေးတာကို တွေ့မြင်ရပါလိမ့်မယ်။ ပြီးသွားရင် Uninstall ပြုလုပ်မယ့်ဆော့ဖ်ဝဲကို လိုက်ရှာရပါမယ်။ ကိုယ် Uninstall ပြုလုပ်မယ့်ဆော့ဖ်ဝဲကို တွေ့ပြီဆိုရင် စတင်လုပ်ဆောင်နိုင်ရန် အောက်ပါ command တွေကို အသုံးပြုရပါမယ်။ ဒီနေရာမှာကတော့ ဥပမာအနေနဲ့ gimp ကို uninstall ပြုလုပ်ပြမှာ ဖြစ်ပါတယ်။

Uninstall ပြုလုပ်ဖို့အတွက် apt-get command ကိုသာ အသုံးပြုပါမယ်။ အဆိုပါ ဆော့ဖ်ဝဲထဲက Configuration file တွေကို delete တစ်ခါတည်း ပြုလုပ်နိုင်ဖို့အတွက် --purge ဆိုတဲ့ command ကိုအသုံးပြုပါမယ်။ ဒါဆိုရင် စပြီး Uninstall ပြုလုပ်ဖို့အတွက် remove ဆိုတဲ့ command နဲ့အသုံးပြုကြည့်ပါမယ်။ အသုံးပြုရမယ့် command ကတော့ sudo apt-get --purge remove gimp ဆိုတဲ့ command နဲ့ Uninstall ပြုလုပ်ရပါမယ်။ ပြီးသွားရင် Enter နှိပ်ပီး Password ကိုထည့်သွင်းရပါမယ်။ ဒီနေရာမှာ password prompt ကိုတော့ ဖော်ပြပေးမှာ မဟုတ်တဲ့အတွက် မိမိ password ကိုသာ ရိုက်ထည့်ပြီး Enter ပြုလုပ်လိုက်ပါ။

Enter နှိပ်ပြီးသွားပြီဆိုရင် ဆက်လက်လုပ်ဆောင် နိုင်ဖို့အတွက် Yes or No မေးပါလိမ့်မယ်။ y လို့ရိုက်ထည့်ပြီး လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင် နိုင်ပါတယ်။ remove ပြုလုပ်တဲ့ လုပ်ငန်းစဉ်ပြီးသွားရင် Terminal မှာ exit ဆိုတဲ့ command ကိုအသုံးပြုပြီး Terminal ကနေထွက်လိုက်ရင် Uninstall ပြုလုပ်တဲ့ လုပ်ငန်းအဆင့် ပြီးသွားပြီ ဖြစ်ပါတယ်။

အကယ်၍ အဆိုပါဖိုင်နဲ့ ပတ်သက်တဲ့ စုစည်းထားတဲ့ဖိုင်များ ကျန်နေသေးတယ်ဆိုရင်တော့ sudo apt-get clean ဆိုတဲ့ command  ကိုအသုံးပြုနိုင်ပါတယ်။ ဒီ command ဟာ“/var/cache/apt/archives”  အောက်က  cache တွေကို ရှင်းလင်းဖယ်ရှား ပေးနိုင်မှာဖြစ်ပါတယ်။
Credit ကိုသီဟ

Internet Journal





Di Posting Oleh ကွန်ပျူတာ, Pada 11:23:00 AM dan 0 comments

0 Windows 10 မှာ Linux Bash Shell ကို ဘယ်လိုထည့်သွင်းမလဲ

Windows 10 update မှာ Linux Software တွေကို Windows ပေါ်မှာတင် တိုက်ရိုက်အသုံးပြုနိုင်ရန် အတွက် Ubuntu ကို အခြေခံထားတဲ့ Bash shell ကို Developer တွေအတွက် ထည့်သွင်းပေးလိုက်ပါတယ်။ အဆိုပါ Feature ဟာ Windows 10 Insider Preview မှာ အသုံးပြုနိုင်မှာဖြစ်ပြီး 64-bit version မှသာ အဆင်ပြေ နိုင်မှာဖြစ်ပါတယ်။

Linux Bash Shell ကို Windows 10 မှာ အသုံးပြုဖို့အတွက်ဆိုရင် Settings ထဲကို သွားရပါမယ်။ Settings ထဲကို ရောက်ရင် Update & Security ဆိုတာကိုနှိပ်လိုက်ပါ။ Update & Security ထဲကမှ For Developer ဆို တာကို ရွေးချယ်ပေးရပါမယ်။ ဒါဆိုရင် Use developer feature ဆိုတဲ့ section အောက်ကို ရောက်သွားပါလိမ့်မယ်။ Developer mode ကိုရွေးချယ်ပေးလိုက်ပါ။
Developer mode ကိုရွေးချယ်ပေးပြီးရင် ဘယ်ဘက် အခြမ်းမှာရှိတဲ့ panel အပေါ်ဆုံးမှာ Windows update ဆိုတာကိုရွေးချယ်ပေးလိုက်ပါ။ ပြီးသွားရင် အောက်ဘက်နားမှာရှိတဲ့ Advance options ဆိုတာကို နှိပ်ရမှာဖြစ်ပါတယ်။ Advance options ထဲကိုရောက်သွားပြီဆိုရင် Get Insider Preview builds မှာ Get start ဆိုတာကို နှိပ်ရမှာဖြစ်ပါတယ်။
အဆိုပါ အဆင့်မှာ Insider Preview အတွက် သင်ဟာ Microsoft account ကို 
မထည့်ရသေးဘူးဆိုရင် ထည့်သွင်းပေးရမှာဖြစ်ပါတယ်။
နောက်တစ်ဆင့်ကတော့ Windows update မှာ Insider Preview အတွက် 
update ပေးတာကို တွေ့ရပါလိမ့်မယ်။ Update ကို download ပြုလုပ်ပြီး 
Restart ကို နှိပ်ရမှာဖြစ်ပါတယ်။ Restart ပြုလုပ်ပြီးရင် အချိန် အတော်ကြာစောင့်ပေးရပါမယ်။
Windows insider preview update ကို ထည့်သွင်းပြီးပြီဆိုရင် Control panel ကို နှိပ်ပြီး program ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ပြီးရင် Turn Windows features On or Off ဆိုတာကို နှိပ်လိုက်ပါ။ 
Control Panel ထဲက မသွားချင်ဘူးဆိုရင်တော့ Start button ကို နှိပ်ပြီး Turn ဆိုတဲ့ Keyword ကို ရိုက်ထည့် လိုက်ပါ။ ဒါဆိုရင်အပေါ်ဆုံးမှာ Turn windows features On or Off ဆိုတာကိုတွေ့ရပါမယ်။ နှိပ်လိုက်ပါ။
နှိပ်ပြီးသွားရင် Windows Subsystem for Linux (Beta) ဆိုတာကို ရှာပြီး အမှန်ခြစ်ထည့်သွင်းပေးလိုက်ပါ။ အမှန်ခြစ် ထည့်သွင်းပြီးရင် PC ကို Restart ပြုလုပ်ပေးရပါမယ်။
အဆိုပါ အဆင့်တွေပြီးသွားရင် Command prompt ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် bash ဆိုတဲ့ command ကို ရိုက်ထည့်ပြီး y ဆိုတဲ့ key ကို ထပ်မံနှိပ်ပေးလိုက်ပါ။ သက်ဆိုင်ရာ package တွေကို download ပြုလုပ်ပြီး ထည့်သွင်းပေးသွားတာကိုတွေ့မြင်ရပါလိမ့်မယ်။
အထက်ပါအဆင့်များပြီးသွားရင်တော့ Windows 10 မှာ Linux bash ကို ထည့်သွင်းတဲ့ နည်းလမ်းပြီးဆုံးပါပြီ။
Credit သီဟ
Internet Journal





Di Posting Oleh ကွန်ပျူတာ, Pada 11:20:00 AM dan 0 comments