0 Mobile sim card အကြောင်း



 
  မိုဘိုင်း ဆင်းမ်ကဒ်အကြောင်း သိကောင်းစရာ.......... SIM Card ဆိုတာ subscriber identity module သို့မဟုတ် subscriber identification module လို အရှည်ခေါ်ပါတယ်။ မြန်မာလို တိတိကျကျကြီး ဘာသာပြန်ရရင် လစဉ်/ နှစ်စဉ်ကြေး ပေးသွင်းသူ၏ အထင်အရှားလက္ခဏာ များအား သိမ်းဆည်းထားရာ အစိတ်အပိုင်းတစ်ခု လို့ အဓိပ္ပါယ် ရပါတယ်။ တစ်ခါတစ်လေကျရင် တိတိကျကျကြီး
ဘာသာပြန်လိုက်တာထက် အင်္ဂလိပ်လို မှတ်သားတာ အကောင်းဆုံးပါပဲ။ သူက Portable Memory Chip လိုမျိုးပါပဲ။ ကြိုးမဲ့ ဆက်သွယ်ရေး နည်းပညာအတွက် အထောက်အပံ့ ပေးတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့အတွက် စကားပြောလိုလို့ ရမယ်၊ စကား အသံ
အဖြစ်သို့ ပြောင်းလဲပေးမယ့် Transmitter, Receiver ပါရှိ တယ်လီဖုန်းနဲ့ တွဲဆက်အသုံးပြုလိုက်တဲ့အခါ မိုဘိုင်းဖုန်း ဆိုပြီး ဖြစ်လာပါတယ်။ ပါဝင်တဲ့အစိတ်အပိုင်းများက ပုံမှာ ပြထားတဲ့အတိုင်းပါပဲ။ SIM card မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ ပမာဏလည်း အသင့်တင့် ရှိပါတယ်။ ယင်းကလည်း ထုတ်လုပ်သူအပေါ်မှာ မူတည်ပါတယ်။ ကျနော် တို့ မြန်မာပြည်က SIM Card မှာဆိုရင် Phone Address ဘယ်နှစ်ခု ထည့်သွင်း သိမ်းဆည်းနိုင်တယ်ဆိုပြီး သူ့အကန့်အသတ်နဲ့ သူရှိပါတယ်။ အလုပ်လုပ်တဲ့ Network အပေါ်မှာမူတည်ပြီးတော့ GSM, CDMA, WCDMA အစရှိသဖြင့် ကွဲပြားသွားပါတယ်။ GSM ဆိုရင်တော့ Global System for Mobile Communications (GSM) network ပါ။ ဒီအတွက် SIM Card မှာ ကတည်းက တစ်ခါတည်း Program သွင်းထားတဲ့အတွက် CDMA ပဲ Support လုပ်တဲ့ စမတ်ဖုန်းတွေမှာ ထည့်ပြီး အသုံးပြုလို့ မရပါဘူး။ CDMA တို့ဆိုရင်လည်း ဒီတိုင်းပဲ ဖြစ်ပါတယ်။ SIM ကဒ်ကို အကြမ်းအားဖြင့် အမျိုးအစား လေးမျိုး ထပ်ခွဲပါသေးတယ်။ H1 - သာမန်ကွန်ရက်ကို အသုံးပြုသော ဆင်းမ်ကဒ် H2 - သာမန်ထက်ပိုကောင်းသော ကွန်ရက်ကို အသုံးပြုသော ဆင်းကဒ် H3 - ပိုမိုကောင်းမွန်သော ကွန်ရက် H4 - အကောင်းဆုံး ကွန်ရက် ကို အသုံးပြုသော ဆင်းကဒ် Normal, Better, Better Better, Best ဆိုပြီး အင်္ဂလိပ်လို အလွယ်ပြော လိုက်ပေမယ့် သူ့မှာ Specification ထပ်ကွဲပါသေးတယ်။ ဧရိယာ အကျယ် အဝန်း၊ အပိတ်အဆို့ (Barrier) ဖြတ်သန်းနိုင်စွမ်း၊ မီတာ အကွာအဝေး အစရှိသဖြင့် ထည့်သွင်းတွက်ချက်ပြီး အဆင့်ကို ခွဲခြားထားခြင်း ဖြစ်ပါတယ်။ H4 အဆင့်ကတော့ သာမန်အရပ်သားတို့ အသုံးပြုဖို့ ထုတ်လေ့ထုတ်ထ မရှိပါဘူး။ စစ်တပ်နဲ့ အရေးကြီးပုဂ္ဂိုလ်များ၊ လုံခြုံရေးဝန်ဆောင်မှုနဲ့ စီးပွားရေး လုပ်ငန်းကြီးတွေမှာသာ H4 အဆင့်ရှိ SIM Card ကို နိုင်ငံတကာမှာ ပေးသုံးလေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ H4 ကဒ် အမျိုးအစားက Bandwidth ပိုစားတဲ့အတွက် အခြား ဖုန်းများရဲ့  လိုင်းဆွဲ အားကို သိသိသာသာ ကျဆင်းစေလို့ ဖြစ်ပါတယ်။ SIM အရွယ်အစားမှာဆိုရင်လည်း Normal SIM, Mini SIM, Micro SIM, Nano SIM အစရှိသဖြင့် အရွယ်အစား အမျိုးမျိုး ထပ်ကွဲပြား ပါသေးတယ်။ ယနေ့ စမတ်ဖုန်းတွေမှာ အများဆုံး အသုံးပြုတာက Mini နဲ့ Micro ဖြစ်ပေမယ့် နောက်ပိုင်း စမတ်ဖုန်းတွေက Nano SIM ကို အသုံးပြုတာကို ဦးတည်လာကြပါတယ်။ SIM ထုတ်သူများက နိုင်ငံတကာ နဲ့ တန်းတူဖြစ်အောင် SIM အရွယ်တစ်ခုကို သတ်မှတ်ပြီး ထုတ်ထား ခြင်းပါ။ Clearance အနေနဲ့ အပြင်အသားက သိသိသာသာ ပိုပါတယ်။ ယင်းအသားက မပါလည်း ဖုန်းကွန်ရက်ကို မထိခိုက်စေပါဘူး။ ရွယ်ရွယ်ချက်က စမတ်ဖုန်းတွေထဲ ထည့်တဲ့အခါ အဆင်မပြေရင် ဖြပ်ညှပ် လိုက်လို့ရအောင်ပဲ ဖြစ်ပါတယ်။ ယင်းတစ်ချက်တည်းတော့ မဟုတ်ပါဘူး။ SIM ကဒ်ထုတ်သူ Company ရဲ့  အချက်အချက်ကို ထည့်သွင်းရေးသားဖို့ အတွက်လည်း နေရာ ဖြစ်ပါတယ်။ အခြားအကြောင်းပြချက်လည်း ရှိပါ သေးတယ်။ ထားလိုက်ပါ။ ကဒ်ရဲ့  အထူကတော့ အားလုံး ၀.၇၆ မီလီမီတာ ဖြစ်ပါတယ်။ Service Provider များက သက်ဆိုင်ရာ SIM Card များရဲ့  Data Security နဲ့ Phone call များအား လုံခြုံမှုရှိအောင် ထိန်းသိမ်းပေးရ ပါတယ်။ ဖုန်း အဝင်အထွက်၊ ကြာချိန်၊ နာရီစက္ကန့်အားလုံး Service Provider တို့ Data Center မှာ ရှိပါတယ်။ အကယ်၍ SIM Card ရဲ့  Data နဲ့ ပက်သက်လို့ သို့မဟုတ် အသုံးပြုမှု အမှားအယွင်း တစ်ခုခုဖြစ်ပေါ်ရင် Lock ကျစေမ့ယ် စနစ်လည်း ပါဝင်တာကို လူတိုင်း သိမှာပါ။ GSM Network မှာတောင်မှ 1G, 2G,3G,3.5G, 4G အစရှိသဖြင့် ထပ်ကွဲ ပါသေးတယ်။ ယနေ့ အများစု အသုံးပြုမှုက 3G ဖြစ်ပြီး ဗီဒီယိုနဲ့ Data ပါ Transfer လုပ်လို့ ရပါတယ်။ 4G ကတော့ နောက်ဆုံးပေါ် နည်းပညာပါ။ ဥရောပမှာဆိုရင် LTE လို့ ခေါ်ပါတယ်။ 4G လည်း Voice, Video, Data Tranfer ပါပဲ။ သို့ပေမယ့် Speed ကျတော့ 3G ထက်သိသိ သာသာ ကောင်းသွား ပါတယ်။ 2G က မလုံခြုံပါဘူး။ 2G ကွန်ရက်သုံးတဲ့ ဖုန်းဖြစ်ရင် လုံခြုံရေးနဲ့ ပက်သက် လို့ အရေးကြုံတဲ့အခါ ကဒ်ကိုဖုန်းထဲက ထုတ်ထားတာ အကောင်း ဆုံးပဲလို့ လေ့လာဖူးပါတယ်။ ယင်း Module က Device ထဲ ထည့်ထားတဲ့ အခါ ဖုန်းကို Power out ထားလည်း ကွန်ရက် Center ကနေ ထောက်လှမ်းလို့ လွယ်ကူလို့ ဖြစ်ပါတယ်





Di Posting Oleh ကွန်ပျူတာ, Pada 7:38:00 AM dan 0 comments

0 ဖုန်းအင်တာနက်ကို ကုန်ကျစရိတ် သက်သာအောင်ဘယ်လိုသုံးမလဲ ?

ဒီပိုစ့်ကို telenor,ooredoo ဒါမှမဟုတ် အခြား Data နဲ့ကောက်ခံ တဲ့ အင်တာနက်လိုင်း အသုံးပြုသူတွေ အတွက်ရည်ရွယ်ပါတယ်။ Data နဲ့ကောက်ခံတဲ့ အတွက် ကောင်းကွတ် တစ်ခုကတော့ အချိန်ကို လှည့် ကြည့်စရာ မလိုတော့ သလို ဆိုးကွက်ကတော့ Web Page တစ်ခုကို ဖွင့်မယ်ဆိုရင် ဖွင့်သင့် မဖွင့်သင့် ၊ဖိုင်တစ်ခုကို Download ရယူချင်ရင် ဒေါင်းသင့်မဒေါင်းသင့် ချိန်ဆရတာပါပဲ။ အကယ်၍သာ ကိုယ့် အတွက်အသုံးမကျတဲ့ အင်တာနက် စာမျက်နှာ ကိုယ့် အတွက် အသုံးမလိုတဲ့ ဖိုင်တစ်ခုကို သာရယူမိမယ် ဆိုရင် အလဟတ်သက် ပိုက်ဆံဖြုန်းတီးလိုက်သလို ဖြစ်သွားတဲ့ အတွက်ပါ။
ကုန်ကျ စရိတ်ကို Data နဲ့ ကောက်ခံ တဲ့ အတွက် ရုပ်ပုံတွေအများကြီးပါတဲ့ အင်တာနက်စာမျက်နှာကို ကြည့်မယ်ဆိုရင်
အတော်လေးချိန်ဆရမှာမှာပါ။
ကျနော်တော့ ဓာတ်ပုံတွေကို မဖော်ပြစေပဲနဲ့ အသုံးပြုပါတယ် ။
အင်တာနက်စာမျက်နှာ တွေကို ကြည့်တဲ့ အခါမှာ ဓာတ်ပုံကို Block ကြည့်တဲ့ အတွက်စာသားတွေချည်းဖြစ်လို့ အသုံးလည်း ခံပါတယ်။ ပိုက်ဆံနည်းနေတဲ့ အချိန် မှာ လိုင်းကြာကြာသုံးချင်တဲ့ သူတွေအတွက်တော့ လုံးဝ အဆင်ပြေသွားမှာဖြစ်ပါတယ်။
ကျနော်တို့ ဆီမှာ အသုံးများတက်တဲ့ Browser တွေ ဖြစ်တဲ့
1)Windows မှာ Default ပါလာတဲ့ Internet Explorer
2)Mozilla Firefox
3)Google Chrome
တို့ အတွက်ကို တစ်ခုခြင်းစီခွဲပြီးတော့ ပြောပြပါမယ်
၁)Internet Explorer
Win+R=>intercpl.cpl
Internet Properties ဆိုပြီးတော့ပွင့်လာပါလိမ့်မယ်
“Advanced” tab ကို နိပ်ပါ
Show Pictures ဆိုတာလေးကို ရှာပြီးတော့
Uncheck(အမှန်ခြစ်ဖြုတ်) လုပ်ပေးပါ
၃)Google Chrome
Address Bar ဘေးမှာရှိတဲ့ Icon ကို နိတ်ပါ
Setting ကို နိတ်ပါ
ှShow advanced settings
Content settings
Do not show any images
အခုဆိုရင် ဘယ်အင်တာနက်စာမျက်နှာကို ကြည့်ကြည့်
image ကို Block ထားတဲ့ အတွက်ကြောင့် ပိုက်ဆံအများကြီး
ကိုသက်သာသွားမှာပါ
စာကိုပဲ အားပြုပြီးတော့ ဖတ်တဲ့သူတွေအတွက် အသုံးတည့်တဲ့ နည်းတစ်ခုဖြစ်မှာပါ
Screenshot တင်မပေးနိုင်တဲ့ အတွက် တောင်းပန်ပါတယ်

      Credit >>>  Aung Myo Kyaw




Di Posting Oleh ကွန်ပျူတာ, Pada 4:17:00 AM dan 0 comments

0 အလွယ်ကူဆုံး Proxy ကျော်နည်း

ဒီပိုစ့်ကို ''အလွယ်ကူဆုံး Proxy ကျော်နည်း'' လို့ပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်..။ ဘာလို့လဲဆိုတော့ တခြား Proxy ကျော်နည်းတွေလို Proxy နံပါတ်တွေနဲ့ Port နံပါတ်တွေ လိုက်ပြောင်းထည့်ပေးဖို့ မလိုပဲ ဒီအောက်ကလင့်လေးကို Notepad နဲ့ ကူးမှတ်ထားပြီး မိမိတို့ အသုံးလိုတဲ့အခါ Browser ရဲ့ Address Bar မှာ copy-paste နဲ့ ထည့်၊ Enter ခေါက်လိုက်ရင် နေ့စဉ် Proxy ကျော်ပေးနိုင်တဲ့ Websites တွေကို တွေ့ရပါလိမ့်မယ်..။ နေ့စဉ် Proxy ကျော်ပေးနိုင်တဲ့ Websites ၁၀ခုလောက်ကို ဒီအောက်ကလင့်မှာ ဖေါ်ပြပေးထားလို့ တခုမရ၊ နောက်တခုနဲ့ ပြောင်းသုံးပေးလိုက်ရင် ကျနော်တို့လို Blogspot တွေကိုပါ အလွယ်တကူ ဝင်ကြည့်လို့ ရမှာ ဖြစ်ပါတယ်..။ Proxy ကျော်တယ်ဆိုတာ ဘာကို ပြောတာလဲ..။ တချို့က မသိသေးပါဘူး..။ မိမိတို့ အသုံးပြုနေတဲ့ အင်တာနက်လိုင်းကို ထိန်းချုပ်ထားတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရပိုင်းတွေက ၎င်းတို့ မကြည့်စေချင်တဲ့ ဝဘ်ဆိုဒ်တွေကို ပိတ်ထားတတ်ကြပါတယ်..။ အရင်တုန်းက မြန်မာပြည်မှာဆို ကျနော်တို့လို Blogspot တွေနဲ့ တခြား ဖရီး ဆိုဒ်တွေကို ဝင်ကြည့်လို့ မရအောင် ပိတ်ထားတတ်ပါတယ်..။ အခုနောက်ပိုင်းတော့ သေချာမသိတော့..။ နောက်ပြီး လိုင်းကျတဲ့အခါမျိုးတွေမှာလည်း မိမိတို့ ကြည့်ချင်တဲ့ ဆိုဒ်တွေကို ဝင်လို့ မရတတ်ပါဘူး..။ အဲ့လိုအခါမျိုးတွေမှာ Proxy ကျော်မှ အဆင်ပြေပါတယ်..။ Proxy ကျော်နည်းတွေ အများကြီးရှိတဲ့ထဲက ဒီနည်းလေးက အလွယ်ဆုံးမို့ နောက်ပြီး Google ကလည်း Support လုပ်ပေးထားလို့ အားလုံးအတွက် အဆင်ပြေမယ်ထင်တဲ့အတွက် ဒီ Proxy ကျော်နည်းပိုစ့်မှာ ဒီအောက်ကလင့်လေးကို ဝင်ပြီးအသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ Blogspot တွေနဲ့ တခြား ဝဘ်ဆိုဒ်တော်တော်များများကို ဝင်လို့ မရတတ်တဲ့ သူများ အောက်မှာ ဆက်ကြည့်ပေးပါ..။
ဒီအောက်ကလင့်လေးကို မိမိတို့ရဲ့ မှတ်ရလွယ်တဲ့ နေရာလေးမှာ Notepad နဲ့ပဲ ဖြစ်ဖြစ် ၊ တခြားနည်းနဲ့ပဲ ဖြစ်ဖြစ်သေချာမှတ်ထားလိုက်ပါဗျာ..။ အခု တခါတည်း လုပ်တတ်ချင်တဲ့သူများကတော့ ဒီလင့်ကို ကလစ်ပြီး ဝင်သွားလိုက်ရင် အောက်ကပုံလေးအတိုင်း မြင်ရပါလိမ့်မယ်..။
ဒီအောက်ကပုံရဲ့ အပေါ်ဆုံးမှာ လက်ပုံလေးနဲ့ ပြထားတဲ့ လင့်က ဒီနေ့ သို့မဟုတ် မနေ့က တင်ပေးထားတဲ့ အသုံးပြုလို့ ရတဲ့ Proxy ဆိုဒ်တွေကို ဖေါ်ပြပေးထားပါတယ်..။ အပေါ်ဆုံးတခုကို ကလစ်ပြီး ဝင်သွားလိုက်ရင် အောက်က ဒုတိယပုံလေးအတိုင်း မြင်ရပါလိမ့်မယ်..။ အောက်ကလင့်တွေကတော့ အရင်နေ့တွေအတွက် အသုံးပြုလို့ ရတဲ့ Proxy ကျော်ပေးနိုင်တဲ့ ဝဘ်ဆိုဒ်လင့်တွေပါ..။ နေ့စွဲတွေနဲ့ပါ ရှာကြည့်နိုင်ပါတယ်..။

အပေါ်ပုံမှာ ပြထားသလို အပေါ်ဆုံးတခုကနေ ဝင်သွားလိုက်ရင် အောက်ကပုံမျိုး URL HERE ဆိုတဲ့ နေရာတွေမှာ မိမိတို့ ဝင်ကြည့်ချင်တဲ့ ဝဘ်ဆိုဒ်လိပ်စာတွေကို ရိုက်ထည့်ပါ..။ သို့မဟုတ် Notepad လိုမျိုး မှတ်ထားတဲ့ထဲက copy-paste နဲ့ ထည့်ပါ..။ ပြီးရင်တော့ SUBMIT ဆိုတဲ့ စာသားနေရာတွေကို နှိပ်ပေးလိုက်ရင် မိမိတို့ ပုံမှန်ကြည့်လို့ မရတဲ့ ဆိုဒ်တွေကို ဒီဆိုဒ်တွေက ကျော်ပြီး ကြည့်လို့ ရအောင် ကူညီပေးပါလိမ့်မယ်..။

အောက်ကပုံလေးတွေကတော့ Proxy ကျော်ပေးနိုင်တဲ့ ဆိုဒ်တခုနဲ့တခု မတူတတ်တာကို သိရအောင် ပြပေးလိုက်တာပါ..။ အဓိက ရှာရမှာက URL HERE တို့လို Enter URL တို့လို စာသားပေါ်နေတဲ့ နေရာကို တွေ့အောင်ရှာပြီး အဲဒီထဲမှာ မိမိတို့ ကြည့်လို့မရတဲ့၊ ကြည့်ချင်တဲ့ ဆိုဒ်လိပ်စာကို ထည့်ပြီး နောက်က Go တို့ Submit တို့ စာသားကို နှိပ်ပေးလိုက်ရင် ကြည့်လို့ ရသွားပါလိမ့်မယ်..။

ေေေေ အောက်ကတော့ ကျနော့် Blog နဲ့ နမူနာ ပြပေးထားတာပါ..။ Proxy ကျော်ပေးတဲ့ဆိုဒ်တွေရဲ့ လုပ်နေကျအတိုင်း အမှန်ခြစ်လေးတွေ ပါတတ်ပါတယ်..။ ဒီလောက်ဆိုရင်တော့ Proxy ကျော်တဲ့ဆိုဒ်တွေကို အသုံးပြုပြီး ဝဘ်ဆိုဒ်တွေကို Proxy ကျော်ကြည့်လို့ ရသွားပါပြီ..။
အားလုံးပဲ အဆင်ပြေကြပါစေ..။
 
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား အေးကျော်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)





Di Posting Oleh ကွန်ပျူတာ, Pada 11:32:00 AM dan 0 comments

0 Wi-Fi လိုင်းကောင်းမွန်စွာမိစေနိုင်မယ့်နည်းများ


ဒီနေ့ခေတ်မှာ Wi-Fi ဆိုတာ ရေပန်းစား တဲ့စကားလုံးတစ်ခုဖြစ်ပါတယ်။ Wi-Fi ဆို တာ ထူးဆန်းတဲ့ အရာမဟုတ်ဘဲ Radio Waves တွေသာဖြစ်ပါတယ်။အဲဒီ Radio Waves တွေ မရောက်ရှိနိုင်တဲ့ “Dead Zone” or “Dead Spots” နေရာတွေရှိပါတယ်။အဲဒီနေရာတွေမှာသင့် ရဲ့ Wireless Device တွေဖြစ်တဲ့ Smartphones,Tablet,Windows စတာတွေကိုအသုံးပြုရင် Wi-Fi Signal မရရှိနိုင်ပါဘူး။Wireless Dead Zone တွေကို သိရှိနိင်ဖို့ သင့်အိမ်၊ရုံး တွေမှာ နေရာအနှံ့လမ်းလျှောက်သွားပြီး စမ်းသပ်သိရှိနိုင်ပါတယ်။ Wireless Dead Zone တွေကို တွေ့ရှိပြီဆိုရင်တော့ အဲဒီ Dead Zone တွေ မဖြစ်အောင် ပြုလုပ်နိုင်တဲ့ နည်းတွေ ရှိပါတယ်။

Wireless Dead Zone ဆိုတာဘာလဲ?

Wireless Dead Zone ဆိုတာ Wi-Fi လိုင်းမိရမယ့်နေရာဖြစ်ပေမယ့် အဲဒီနေရာမှာ Wi-Fi ကိုအသုံးပြုလို့မရတဲ့ နေရာတွေ ဖြစ်ပါတယ်။ Dead Zone ဖြစ်နေတဲ့ အခန်းတစ်ခုထဲဝင်သွားတဲ့ အခြေအနေမှာ Wi-Fi လိုင်းရုတ်တရက်ပြတ်တောက်သွားပါလိမ့်မယ်။ အဲလို နေရာမျိုးကို Dead Zone လို့ခေါ်ပါတယ်။

Wireless Dead Zone တွေဘာလို့ဖြစ်ရတာလဲ?

Wi-Fi Radio Waves တွေကို ဟန့်တားနှောင့်ယှက်တဲ့ အရာဝတ္ထုတွေ ကြောင့် Wireless Dead Zone တွေဖြစ်ပေါ်လာရတာပါ။Wireless Router ကို အိမ်ရဲ့ထောင့်တစ်နေရာမှာထားရှိခြင်းဟာ ဆန့်ကျင်ဘက် ထောင့် မှာ Dead Zone ကိုဖြစ်ပေါ်စေပါတယ်။

တစ်ချို့အိမ်တွေမှာ သံဇကာတွေထည့်သွင်းတည်ဆောက်ထားတဲ့ ထူထဲတဲ့ Plaster Wall တွေ နဲ့တည်ဆောက်ထားကြပါတယ်။ အဲဒီ ကြီးမားတဲ့သံဇကာတွေက Wi-Fi Signals ကို Block လုပ်ကြပါတယ်။သတ္တုနဲ့ ပြုလုပ်ထားတဲ့ ဖိုင်တွေသိမ်းတဲ့ Cabinets လို ပစ္စည်းတွေ ကလည်း Wi-Fi Signals ကို ဟန့်တားကြပါတယ်။
 

Cordless Phones တစ်ချို့ကလည်းအသုံးပြုနေတဲ့အချိန်မှာ Wi-Fi Signals ကိုဟန့်တားကြပါတယ်။ Microwave Oven,Baby Monitors,Wireless Security Systems,Wireless Sound Systems စတဲ့ Devices တွေကလည်း ပြဿနာဖြစ်စေတဲ့ အကြောင်းအရာတွေပါပဲ။

Wireless Networks များစွာရှိတဲ့ Apartment လို နေရာမျိုးတွေမှာလည်း Wi-Fi Signals ပျောက်တတ်ပါတယ်။ အခန်းတိုင်းမှာကိုယ်ပိုင် Wireless Router အသုံးပြုနေတဲ့အခြေအနေမျိုးမှာဖြစ်တတ်တာပါ။ အိမ်နီးနားချင်းတွေကသူတို့ရဲ့ Wireless Networks တွေကို သင့်ရဲ့ Wireless Channel နဲ့တူညီစွာ Configure လုပ်ထားရင်လည်း Wi-Fi Signals ပျောက်ဆုံးတတ်ပါတယ်။ သင့် Networks ရဲ့ Signal Strength ကိုကျဆင်းစေပြီး Dead Zones တွေကိုဖြစ်ပေါ်စေလို့ ဖြစ်ပါတယ်။

Wireless Dead Zone တွေကို ဘယ်လို သိနိုင်မလဲ?

Wireless Dead Zone တွေကို သိနိင်ဖို့အတွက်သင့် Smartphone ဒါမှမဟုတ် Wireless Device တစ်ခုကို သင့် Wi-Fi Network နဲ့ချိတ်ဆက်ပါ။ သင့်အိမ်၊ ရုံး၊ အဆောက်အဦး နေရာအနှံ့ကို ဖြည်းဖြည်းလျှောက်သွားကြည့်ပါ။ Smartphone က Wi-Fi Signal Indicator ကို ဂရုတစိုက်စောင့်ကြည့်ပါ။ Signal Strength က Zero ကိုကျသွားရင် သင် Dead Zone ကိုတွေ့ပါပြီ။ Signal Strength က တော်တော်ကျသွားတဲ့ နေရာတွေကလည်း Dead Zone တွေ ဖြစ်တတ်ပါတယ်။ Devices တစ်ခုနဲ့တစ်ခု Wi-Fi ဆွဲအားတွေကတော့ ကွဲပြားခြားနားကြပါတယ်။

တစ်ခုသတိထားရမှာက Wi-Fi Indicator က ချက်ချင်း Update မလုပ်ပေးနိင်ပါဘူး။ အဲဒီအတွက် သင့်ဖုန်းကို ကိုင်ပြီး ဖြည်းဖြည်းချင်းလမ်းလျှောက်လိုက်၊ နေရာတစ်ခုမှာရပ်လိုက်လုပ်ပေးမှသာ Dead Zone တွေကို ခြေရာခံသိရှိနိင်မှာပါ။
 

Wireless Dead Zone တွေကို သိနိုင်ဖို့ အတွက် Application တွေကိုလည်းသုံးနိင်ပါတယ်။ Android Phone မှာ Wifi Analyzer app ကိုသုံးနိုင်ပါတယ်။ Wifi Analyzer app က Wi-Fi Signal ရဲ့Strength ကို အသေးစိတ်ပြပေးနိင်ပါတယ်။ App ကိုဖွင့်ပြီး Signal Meter Screen ကိုဖွင့်ပါ။ သင့် Wi-Fi Network ကိုရွေးချယ်ပြီးနေရာအနှံ့ ဖြည်းဖြည်းချင်းသွားပါ။ နေရာအလိုက် Signal Strength တွေအတက်အကျ ဖြစ်တာကိုတွေ့မြင်နိုင်ပါတယ်။

Apple ကတော့ ဒီလို သတင်းအချက်အလက်တွေကို third-party apps တွေကိုရယူခွင့်မပြုပါဘူး။ အဲဒီအတွက် iOS,iPhone,iPod,iPod Touch အသုံးပြုသူတွေကတော့ App သုံးပြီး အဲဒီသတင်းအချက်အလက်တွေ မရရှိနိင်ပါ။ iOS Device တွေမှာပါရှိတဲ့ Wi-Fi Indicator ကိုပဲအသုံးပြုလို့ရမှာပါ။ Windows , Mac အသုံးပြုသူတွေကတော့ inSSIDer ဆိုတဲ့ Program ကိုသုံးနိုင်ပါတယ်။

Wireless Dead Zones တွေ မဖြစ်အောင်ဘယ်လို လုပ်မလဲ?

အခုဆိုရင် Wireless Dead Zone တွေရှိတဲ့နေရာတွေကိုသင်စမ်းသပ်သိနိင်ပါပြီ။ အဲဒီ Wireless Dead Zone တွေမဖြစ်အောင်ပြုလုပ် နိုင်တဲ့ နည်းတွေရှိပါတယ်။

• Router ကိုအိမ်ရဲ့ ထောင့်နေရာတွေမှာမထားသင့်ဘဲ အလယ်ကျတဲ့ နေရာတွေကို ပြောင်းရွှေ့ထားပါ။

• Wireless Router ရဲ့ Antenna ကို ဒေါင်လိုက်အပေါ်တည့်တည့်ထောင်ပြီးအသုံးပြုပါ။ ရေပြင်ညီ ထားပြီးအသုံးပြုရင် Wi-Fi Signal ကိုအားနည်းစေပါတယ်။

• သတ္တုနဲ့ပြုလုပ်ထားတဲ့ ဖိုင်တွေသိမ်းတဲ့ Cabinets,Microwave Oven , Aquarium တွေနားမှာ Router ကိုမထားသင့်ပါ။

• Wifi Analyzer , inSSIDer လို Tools တွေသုံးပြီး သင့်ပတ်ဝန်းကျင်မှာလူသုံးနည်းတဲ့ Wirless Channel တွေကိုရွေးချယ်သုံးပါ။ ပြီးရင်တစ်ခြား Wireless Networks တွေက ဟန့်တားနှောင့်ယှက်မှုနည်းအေင် Router ရဲ့ Settings ကိုပြောင်းလဲပါ။

• အပေါ်ကနည်းတွေက အလုပ်မဖြစ်ဖူးဆိုရင် Wireless Repeater သုံးပါ။ Wireless Repeater က Device တစ်ခုဖြစ်ပြီးမူလ Wi-Fi လိုင်းကိုရယူပြီး တစ်ဆင့် ပြန်လွှင့်ပေးနိုင်ပါတယ်။ ကျယ်ဝန်းတဲ့အိမ်တွေ၊ရုံးတွေမှာဆိုရင် အဲဒီ Device ကိုအသုံးပြု ပြီး နေရာအနှံ့ Wi-Fi Signal ကိုကောင်းစွာသုံးနိုင်ပါတယ်။

• Wired Connection တပ်ဆင်အသုံးပြုပါ။ ဥပမာအားဖြင့် သင့်အိပ်ခန်းကလွဲလို့ သင့်အိမ်တစ်ခုလုံးမှာ Wi-Fi လိုင်းကောင်းစွာရရှိတယ်ဆိုပါစို့။ ဒီလို အခြေအနေမှာ Router ကနေ သင့်အိပ်ခန်းကို Ethernet Cable တပ်ဆင်အသုံးပြုနိုင်ပါတယ်။
 

Wireless Dead Zones တွေရှိခြင်းမရှိခြင်းဟာ Router နဲ့ သူ့ရဲ့တည်နေရာ၊ အိမ်းနီးနားချင်းတွေ၊ သင့်အိမ်က နံရံတွေကို ပြုလုပ်ထားတဲ့အရာတွေ၊ သင့်မှာရှိတဲ့ Eletronic Devices တွေနဲ့သူတို့ရဲ့နေရာချထားမှုတွေ ပေါ်မူတည်ပါတယ်။ ဒါ့အပြင်တစ်ခြား အကြောင်းအရာတွေလည်း ရှိနိုင်ပါတယ်။ စာဖတ်သူရော Wireless Dead Zones လို ပြဿနာတွေကြုံတွေ့ဖူးလား? အပေါ်ကနည်းတွေ အပြင်နည်းတွေအပြင်တစ်ခြားကောင်းတဲ့ နည်းတွေရှိရင် Comments ရေးပေးခဲ့ပါအုံး။


  Myanmar ICT





Di Posting Oleh ကွန်ပျူတာ, Pada 11:28:00 AM dan 0 comments

0 IP Address သိရင် ဘယ်လိုဟက်လို့ရနိုင်သလဲ


ဒီဟာကတော့ ရိုးရှင်းတဲ့ အခြေခံ NETBIOS Post တစ်ခုဖြစ်ပြီး ဒီ post မှာတင်ထားတဲ့ အချက်အလက်တွေကို aCId_rAIn ကဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီ post ကနေပြီး သင့်ကို NETBIOS အကြောင်း ကို ဖော်ပြပေးမှာဖြစ်ပြီး ၄င်းက ဘာလဲ ၊ ၄င်းကို ဘယ်လိုအသုံးပြုနိုင်သလဲ ၊ ၄င်းနဲ့ ဘယ်လို hack နိုင်သလဲ ဒါ့အပြင် သင့်အတွက် နောင်တချိန်မှာ အသုံးဝင်လာနိုင်တဲ့ ရိုးရှင်းတဲ့ DOS comment များအကြောင်းပါဝင်ပါတယ်။ အခုဖော်ပြပေးမယ့် အချက်တွေဟာ hacking ကို စတင်လေ့လာသူများအတွက်သာ ဖြစ်ပါတယ်။


Hardware & Firmware

၁။ BIOS

BIOS ( short for Basic Input/Output Services) - ၄င်းဟာ PC မှာရှိတဲ့ control program ဖြစ်ပါတယ်။ ၄င်းဟာ သင့်computer ကို starting up ဖြစ်ဖို့အတွက် systemရဲ့ ထိန်းချုပ်မှုတွေကို သင့်ရဲ့ operation system ဆီသို့ ရွှေ့ပြောင်းပေးပါတယ်။ ဒါ့အပြင် disk access ကဲ့သို့သော အခြား low-level funciton များကို ထိန်းကျောင်းကိုင်တွယ်ပါတယ်။ တခုမှတ်ထားရမှာက BIOS ဆိုတာ software program တစ်ခုမဟုတ်ပါဘူး။ သင့် computer ကို turn off လုပ်လိုက်သည့်တိုင်အောင် memory ထဲကနေ ဖယ်ရှားလိုက်ခြင်းမရှိပါဘူး။ ၄င်းဟာ firmware ဖြစ်ပြီး အခြေခံအားဖြင့်တော့ chip တစ်ခုထဲမှာ ရှိနေတာဖြစ်ပါတယ်။
အဆင်ပြေတဲ့ feature လေးတစ်ခုကတော့ BIOS ထုတ်လုပ်သူအများစုထည့်သွင်းထားတဲ့ startup password ပဲဖြစ်ပါတယ်။ ၄င်းက သင် မှန်ကန်တဲ့ password နဲ့ မ၀င်မချင်း ၄င်းက system ထဲသို့ဝင်တဲ့ ၀င်လမ်းကို တားဆီးပေးထားပါတယ်။ သင့် local H/P/A/V site တွေမှာ ရရှိနိုင်တဲ့ တော်တော်များများ software တွေကို အခြေခံထားတဲ့ BIOS password extractorတွေကိုအသုံးပြုပြီး password တစ်ခုနဲ့ system ထဲကို ၀င်ရောက်နိုင်ပါတယ်။


၂။ NETBIOS/NBTSTAT - ၄င်းက ဘာတွေကိုလုပ်ဆောင်ပါသလဲ

NETBIOS ကို NBTSTAT လို့လည်း ခေါ်ပါတယ်။ ၄င်းဟာ Windows system ပေါ်မှာ run တဲ့ software တစ်ခုဖြစ်ပြီး remote network တစ်ခုကိုခွဲခြားသတ်မှတ်ခြင်း (သို့) computer ရဲ့ file sharing တွေ enable လုပ်ဖို့အတွက် အသုံးပြုပါတယ်။ systemတွေ အသုံးပြုနေတဲ့ ဒီနည်းလမ်းကို ကျနော်တို့ အသုံးချနိုင်ပါတယ်။ ၄င်းက နည်းလမ်းဟောင်းတစ်ခုဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် home pc တွေမှာတော့ တစ်ခါတရံ ၄င်းဟာ ကောင်းကောင်း အလုပ်လုပ်နေဆဲပါ။ NBTSTAT ကို ဘယ်လိုရယူနိုင်သလဲဆိုရင် ၄င်းကို ရယူဖို့ နည်းလမ်းနှစ်ခုရှိပါတယ်။ ဒါပေမယ့် အဲဒီနှစ်ခုထဲက တစ်ခုက ပိုပြီးမြန်ဆန်ပါတယ်။
နည်းလမ်း ၁ ။ Programs>MSDOS PROMPT>Type NBTSTAT
နည်းလမ်း ၂ ။ Run>Type Command>Type NBTSTAT

အခုဆိုရင် သင်ဟာ NBTSTAT အောက်မှာရှိတဲ့ DOS command ထဲကို ရောက်ရှိသွားပါပြီ။ ဒီနေရာမှာ သင် command တွေကို သုံးချင် သုံးနိုင်ပါတယ်။ ခွင့်ပြုချက်ရဖို့အတွက် ကြိုးပမ်းနေတဲ့ သင့်အတွက် သင်သိဖို့လိုအပ်တာတွေကိုသာ ဖော်ပြပေးသွားပါမယ်။ သင့်ရဲ့ screen မှာ အောက်မှာဖော်ပြထားတဲ့ အတိုင်းဖြစ်သင့်ပါတယ်။
NBTSTAT [ [-a RemoteName] [-A IP address] [-c] [-n]
[-r] [-R] [-RR] [-s] [-S] [interval] ]
-a (adapter status) Lists the remote machine's name table given its name
-A (Adapter status) Lists the remote machine's name table given its IP address.
-c (cache) Lists NBT's cache of remote [machine] names and their IP addresses
-n (names) Lists local NetBIOS names.
-r (resolved) Lists names resolved by broadcast and via WINS
-R (Reload) Purges and reloads the remote cache name table
-S (Sessions) Lists sessions table with the destination IP addresses
-s (sessions) Lists sessions table converting destination IP addresses to computer NETBIOS names.
-RR (ReleaseRefresh) Sends Name Release packets to WINS and then, starts Refresh
RemoteName Remote host machine name.
IP address Dotted decimal representation of the IP address.
interval Redisplays selected statistics, pausing interval seconds between each display . Press Ctrl+C to stop redisplaying statistics.

C:\WINDOWS\DESKTOP>
command နှစ်ခုသာလျှင် အသုံးပြုနိုင်ပါလိမ့်မယ်။ ၄င်းတို့ကတော့ :
-a (adapter status) Lists the remote machine's name table given its name
-A (Adapter status) Lists the remote machine's name table given its IP address.

၃။ Host Names

အခု -a အဓိပ္ပာယ်ကတော့ သင် ၀င်ဖို့ကြိုးစားနေတဲ့ သူရဲ့ computer ရဲ့ HOST NAME ထဲမှာ ရိုက်ရပါလိမ့်မယ်။ ဒီဖြစ်ရပ်မှာ သင် ဘာidea မှာမရှိဘူးဆိုရင်တော့ အောက်မှာပြထားတာနဲ့ တူညီတဲ့ Host Name ဖြစ်သင့်ပါတယ်။

123-fgh-ppp.internet.com

ဒီ addressတွေမှာ များစွာသော မူကွဲတွေရှိပါတယ်။ ကွဲပြားခြားနားတဲ့ address အသီးသီးအတွက် အဲဒီcomputer ဆီသို့ ISP assigned အသစ်တခု ရှိတယ်ဆိုတာ သင်နားလည်ထားရပါမယ်။ အောက်မှာ ကွဲပြားချက်တွေကို ဖော်ပြထားပါတယ်။

abc-123.internet.com
ghj-789.newnet.com
သင်မြင်ခဲ့ရသလိုပဲ မတူညီတဲ့ host nameတွေ ရှိကြပြီး နောက်ဆုံးစာလုံးတွဲတွေကို ခွဲခြားသတ်မှတ်ခြင်း အားဖြင့် ဒီ computer နှစ်လုံးဟာ မတူညီတဲ့ ISP တွေပေါ်မှာရှိတယ်ဆိုတာကို သင်ပြောနိုင်ပါလိမ့်မယ်။

အခုအောက်မှာဖော်ပြပေးထားတာကတော့ တူညီတဲ့ ISP ပေါ်မှာ ရှိတဲ့ host name နှစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကွဲပြားတဲ့ server မှာ တည်ရှိပါတယ်။
123-fgh-ppp.internet.com
567-cde-ppp.internet.com

၎။ IP Addresses
သင် IP address ( Internet Protocol ) ကို လိုချင်တယ်ဆိုရင်တော့ ဖော်ပြခဲ့တဲ့ host name တွေကို သင် ခွဲခြားနိုင်ရပါမယ်။ IP addressများကို အမျိုးမျိုးခြားနားတဲ့ နံပါတ်တွေနဲ့ စီစဉ်ထားပါတယ်။ IP address ဟာ အောက်မှဖော်ပြထားတဲ့အတိုင်းဖြစ်ပါတယ်... 201.123.101.123

အများအားဖြင့် computer တစ်လုံးဟာ cable connection တစ်ခုပေါ်မှာ runနေတာလား ဆိုတာကို IP address ကို ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။ ဒီ မြန်ဆန်လှတဲ့ connection တွေဟာ အများအားဖြင့် ပထမဆုံး ကိန်းဂဏန်း နှစ်လုံးဟာ နိမ့်ကြပါတယ်။ cable connection တစ်ခုရဲ့ IP ကတော့ အောက်ပါပုံစံအတိုင်းဖြစ်ပါတယ်... 24.18.18.10

dialup connectionတွေကတော့ အောက်ပါအတိုင်း ကိန်းဂဏန်း မြင့်မားကြပါတယ်... 208.148.225.225

208 ဟာ cable connection ဖြစ်တဲ့ 24 ထက်မြင့်မားတယ်ဆိုတာ ဂရုပြုမိဖို့ လိုက်ပါတယ်။
နောက်တစ်ခုမှတ်ထားရမှာက IP address တွေအားလုံးဟာ ဒီပုံစံအတိုင်း မဖြစ်နိုင်ဘူးဆိုတာပါပဲ။
အချို့ ကုမ္ပဏီတွေက hacker တွေကို ထင်ယောင်ထင်မှားဖြစ်စေဖို့ cable connection ကို dialup ပုံစံမျိုး IP address တွေလုပ်ထားတတ်ကြပါတယ်။ ဒီအတွက် hacker တွေက T3 (သို့) OC-18 ကဲ့သို့ ထင်သွားစေပါတယ်။ ဒါကတော့ သင် nbstat command အသုံးပြုမှာဖြစ်တဲ့ IP address အပေါ်မှာ သင့်ကို အတွေးအခေါ်တခု ပေးတာဖြစ်ပါတယ်။


၅။ DC (Direct Connection) ကိုဖြတ်ကျော်၍ IP ရယူခြင်း

ပထမဆုံးအနေနဲ့ သင်ဟာ hack ချင်သူရဲ့ IP (သို့) host name ကို ရှာဖွေဖို့လိုအပ်လာမှဖြစ်ပါတယ်။ ဒါကြောင့် အခုဖော်ပြမယ့် နည်းတွေထဲက တစ်ခုခုကတော့ သင့်အတွက် အဆင်ပြေပါလိမ့်မယ်။ အကယ်၍ သင့်မှာ mIRC ရှိရင် whois (nick)...where (nick) တစ်စုံတစ်ယောက်ရဲ့ nickname (လက်သဲကွင်းများ မပါပဲ) ရိုက်ခြင်းအားဖြင့် ၄င်းကို ရယူနိုင်ပါတယ်။ သင်ဟာ host name ကိုဖြစ်စေ IP address ကိုဖြစ်စေ ရရှိမှာဖြစ်ပြီး ၄င်းကို copy ကူးထားပါ။ အကယ်၍ သင် ၄င်းတို့ကို မရရှိဘူးဆိုရင်ဖြစ်စေ၊ mIRC ကို အသုံးမပြုရင်ပဲ ဖြစ်စေ သင်ဟာ သင်hackချင်သူတွေရဲ့ computer တွေနဲ့ direct connection ရဖို့ကြိုးစားရပါတယ် (သို့) sniffer တစ်ခုကို အသုံးပြုပြီး ၄င်းတို့ရဲ့ IP (သို့) host name တွေကို ပုံပေါ်လာအောင် ပြုလုပ်ချင် ပြုလုပ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ sniffer မသုံးပဲလုပ်တာအကောင်းဆုံးဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ယနေ့အချိန်မှာ snifferတွေက အလုပ်မလုပ်တော့လို့ပါ။ ဒါကြောင့် သင်ဟာ သူတို့တွေရဲ့ computer တွေဆီကို direct connection တစ်ခု ထူထောင်ဖို့လိုအပ်လာပါပြီ။ ဟုတ်ပါပြီ...... direct connection ဆိုတာဘာလဲ ? သင် သူတို့ဆီကို file တစ်ခု ပေးပို့နေခြင်းဟာ direct connection ယူပြီးသွားတာပါပဲ။
AOL Instant Messager ဟာ Direct Connection ကို ခွင့်ပြုပါတယ် အကယ်၍ user က accept ပေးမယ်ဆိုရင်ပေါ့။
ICQ ကလည်း file တစ်ခုကို ပို့တဲ့အခါ (သို့) chat request ကိုလက်ခံနေတဲ့အချိန်မှာ direct connection ကိုခွင့်ပြုပါတယ်။
ဘယ်အချိန်မဆို သင် file တစ်ခုကို ပေးပို့နေတဲ့အချိန်တိုင်းမှာ directly connected ဖြစ်ပါတယ်။ ( သင်hackချင်တဲ့သူက proxy server ကိုမသုံးမပြုဘူးလို့ ယူဆရင် ဖြစ်ပါတယ်။)
Yahoo မှာ voice နဲ့ chatting လုပ်တဲ့အခါ direct connection ကိုထူထောင်နိုင်ပါတယ်။
အကယ်၍ သင့်ဆီမှာ အဲဒီ programတွေ တစ်ခုမှ မရှိဘူးဆိုရင်တော့ တစ်ခုခုကို ရယူလိုက်ပါ။ ဒါမှမဟုတ်ဘူး sniffer တစ်ခုကိုသုံးပါ။ (သို့) အောက်မှဖော်ပြထားတာတွေကို ဆက်လက်ဖတ်ရှုပါ။
အကယ်၍ သင်က သူတို့ဆီကို သင့် site ( သင့်ရဲ့ site ဟာ site traffic statistics ကို enables လုပ်ထားရပါမယ်၊ နောက်ပြီး သင် log in လုပ်နိုင်ရပါမယ်။) ဆီသို့ရောက်နိုင်တဲ့link ကို တနည်းနည်းနဲ့ပေးနိုင်မယ်ဆိုရင် အဲဒီ link တစ်ခုကိုပေးပို့လိုက်ပါ။ ပြီးရင် stat ကိုစစ်ဆေးပြီး နောက်ဆုံး ရောက်လာသူရဲ့ IP ကိုရယူပါ။ ဒီနည်းဟာ ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းလမ်းတစ်ခုပါ။ ဒီနည်းလမ်းဟာ အရမ်းပါးနပ်ပါတယ်ဆိုတဲ့ hackerတွေကိုတောင် အရူးလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ဒီနည်းလမ်းဟာ ၄င်းတို့ကို အကာအကွယ်မဲ့စွာ ရယူနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်နေလို့ပါ။ ဘာပဲဖြစ်ဖြစ် သင်ဟာ ဒီနည်းလမ်းတွေထဲက တစ်ခုခုနဲ့ direct connection တစ်ကြိမ်ရယူနိုင်ခဲ့ပြီးဆိုရင်တော့ DOS ထဲကိုသွားဖို့အချိန်တန်ပါပြီ။ အဲဒီထဲမှာ NETSTAT -n လို့ ရိုက်လိုက်ပါ။ NETSTAT ဆိုတာကတော့ program တစ်ခုဖြစ်တဲ့ NET STATISTICS ရဲ့ နာမည်အတိုကောက်ဖြစ်ပါတယ်။ ၄င်းက သင့်ဆီကို လာရောက် ချိတ်ဆက်တဲ့ computerများ အားလုံးကိုပြသပါလိမ့်မယ်။( အကယ်၍ သင်ကို Sub Seven: 27374 ကဲ့သို့သော သင်သိနေတဲ့ port တစ်ခုပေါ်မှာ trojan horse တစ်ခုနဲ့ hack ခံနေရတယ်လို့ သင် ထင်နေရင်လည်းပဲ ဒီဟာက သင့်ကို အကူအညီပေးပါလိမ့်အုံးမယ်။) သင့်ရဲ့ screen မှာ အောက်မှာဖော်ပြထားတဲ့အတိုင်း သင့် computer ကို ချိတ်ဆက်နေတဲ့ connectionတွေကို သင်တွေ့ရပါလိမ့်မယ်။
C:\WINDOWS\DESKTOP>netstat -n
Active Connections
Proto Local Address Foreign Address State
TCP 172.255.255.82:1027 205.188.68.46:13784 ESTABLISHED
TCP 172.255.255.82:1036 205.188.44.3:5190 ESTABLISHED
TCP 172.255.255.82:1621 24.131.30.75:66 CLOSE_WAIT
TCP 172.255.255.82:1413 205.188.8.7:26778 ESTABLISHED
TCP 172.255.255.82:1483 64.4.13.209:1863 ESTABLISHED
C:\WINDOWS\DESKTOP>

ပထမစာကြောင်းကတော့ computer နှစ်လုံးအသုံးပြုနေကြတဲ့ Protocol (language) ကို ညွှန်ပြတာဖြစ်ပါတယ်။
TCP(Transfer Control Protocol) ကတော့ ဒီထဲမှာအသုံးပြုနေတာဖြစ်ပြီး အများဆုံးကျယ်ကျယ်ပြန့်ပြန့်အသုံးနေတာဖြစ်ပါတယ်။
Local Address ကတော့ သင့်ရဲ့ IP address ကိုပြပါတယ် (သို့) သင်အသုံးပြုနေတဲ့ system ရဲ့ IP address ဖြစ်ပါတယ်။
Foreign Address ကတော့ သင့်ကို လာရောက်ချိတ်ဆက်ခဲ့တဲ့ computer တွေရဲ့ address ကိုပြပါတယ်။
State ကတော့ သင်ဟာ ဘယ် connection အမျိုးအစားကိုပြုလုပ်နေတယ်ဆိုတာကိုပြောတာဖြစ်ပါတယ်။ ESTABLISHED ရဲ့ အဓိပ္ပာယ်ကတော့ သင် program ပေါ်မှာရှိနေသမျှကာလပတ်လုံး(သို့) computer က ခွင့်ပြုနေသမျှ ကာလပတ်လုံး (သို့) ၄င်းကို အခြား computer တစ်ခုက လိုအပ်နေသမျှ သင်နဲ့ connect ဖြစ်နေလိမ့်မယ် ဆိုတဲ့အဓိပ္ပာယ်ပါ။ CLOSE_WAIT ဆိုတာကတော့ ဒီအချိန်မှာ connection ကို ပိတ်ထားပြီး ၄င်းကို လိုအပ်သည့်တိုင်အောင် စောင့်ဆိုင်းနေတယ် (သို့) သင် နောက်ထပ် connection ကိုပြန်စသည့်တိုင်အောင် စောင့်ဆိုင်းနေတယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အပေါ်မှာပြခဲ့တဲ့ အထဲမှာ မပါတဲ့ TIME_WAIT ဖြစ်ပါတယ်။ ၄င်းရဲ့ အဓိပ္ပာယ်ကတော့ အချိန်ကို ဆုံးဖြတ်နေတာဖြစ်ပါတယ်။ အများအားဖြင့် AOL ပေါ်မှာ ကြော်ငြာတွေ run နေတဲ့ အချိန်မှာ ၄င်းဟာ TIME_WAIT state ကိုအသုံးပြုနေပါတယ်။
အောက်ပါ အချက်တွေကို ကြည့်ခြင်းအားဖြင့် သင့် computer သို့ တစ်စုံတစ်ယောက် တိုက်ရိုက် ဆက်သွယ်နေတယ်ဆိုတာကို သိနိုင်ပါတယ်...
C:\WINDOWS\DESKTOP>netstat -n
Active Connections
Proto Local Address Foreign Address State
TCP 172.255.255.82:1027 205.188.68.46:13784 ESTABLISHED
TCP 172.255.255.82:1036 205.188.44.3:5190 ESTABLISHED
TCP 172.255.255.82:1621 24.131.30.75:66 CLOSE_WAIT
TCP 172.255.255.82:1413 abc-123-ppp.webnet.com ESTABLISHED
TCP 172.255.255.82:1483 64.4.13.209:1863 ESTABLISHED
C:\WINDOWS\DESKTOP>
ဖော်ပြထားတဲ့အထဲက လေးကြောင်းမြောက်မှာ IP address တွေအစား host name တစ်ခုပါဝင်နေတယ် ဆိုတာကို သတိပြုမိပါလိမ့်မယ်။ ဒီလိုတွေက အမြဲလိုလိုပဲ ဖြစ်တတ်ပါတယ်။ အခြားcomputer က သင့်ကို connect လုပ်ပါပြီး။ ဒါကြောင့် သင့်မှာ အခု host name တစ်ခုရရှိခဲ့ပါပြီ...
abc-123-ppp.webnet.com

host name ပဲဖြစ်ဖြစ် IP address ပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အလုပ်လုပ်ပုံက အတိအကျကို တထပ်တည်း တူညီနေလို့ပါ။ ဥပမာအနေနဲ့ ကျနော်က abc-123-ppp.webnet.com ဆိုတဲ့ host name ကိုသုံးပါမယ်။ သင်က သင်connect လုပ်ချင်တဲ့ remote system ရဲ့ IP (နဲ့ /သို့ )host name တစ်ခုကို သင်ရပြီဆိုပါတော့...... hack ဖို့အချိန်ရောက်ပါပြီ!
သင့်ရဲ့ DOS command ကို ဖွင့်လိုက်ပါ။ ပြီးရင် NBTSTAT လို့ရိုက်ပြီး NBTSTAT ကိုဖွင့်ပါ။
-a (adapter status) Lists the remote machine's name table given its name
-A (Adapter status) Lists the remote machine's name table given its IP address.
ဒါကိုတော့ သတိရကြအုံးမယ်ထင်ပါတယ်။ အခု ဒီဟာကို အသုံးချဖို့ အချိန်ရောက်ပါပြီ။
-a က host name ဖြစ်ပါလိမ့်မယ်။
-A က IP address ဖြစ်ပါလိမ့်မယ်။
ဒါကို ဘယ်လို သိခဲ့တာလည်း ဆိုတော့ -a -A commandတွေနောက်မှာ ရေးထားတဲ့ ဖော်ပြချက်တွေကို ဖတ်လိုက်လို့ပါ။ command တိုင်းမှာလည်း ဖော်ပြပေးထားပါတယ်။


၆။ ၄င်းတို့ကို ကောင်းစွာအသုံးချခြင်း
အကယ်၍သင့်မှာ host name ပဲရှိတယ်ဆိုရင် အောက်ပါအတိုင်း ရိုက်ပါ။
NBTSTAT -a (ဒီနေရာ host name ကို လက်သဲဂွင်းများမပါပဲ ရိုက်ထည့်ပါ။)
သင့်မှာ IP address ပဲရှိတယ်ဆိုရင်တော့ အောက်ပါအတိုင်း ရိုက်ပါ။
NBTSTAT -A (ဒီနေရာ IP address ကို လက်သဲဂွင်းများမပါပဲ ရိုက်ထည့်ပါ။)
ပြီးရင် Enter ခေါက်ပြီး ခဏစောင့်ပါ။ အောက်မှာ ဖော်ပြထားတဲ့ နှစ်ခုထဲက တစ်ခု ပေါ်လာပါလိမ့်မယ်...
၁။ Host not found
၂။ အောက်မှာတွေ့ရတဲ့ အတိုင်း...
--------------------------------------------
NetBIOS Local Name Table
Name Type Status
---------------------------------------------
GMVPS01 UNIQUE Registered
WORKGROUP GROUP Registered
GMVPS01 UNIQUE Registered
GMVPS01 UNIQUE Registered
WORKGROUP GROUP Registered

အကယ်၍ computer က "Host not found" ဆိုပြီး တုန့်ပြန်ခဲ့တယ်ဆိုရင်တော့ ဒီဖြစ်ရပ်နှစ်ခုထဲက တစ်ခု ဖြစ်နိုင်ပါတယ်...
၁။ သင် ရိုက်လိုက်တဲ့ host name လွဲချော်သွားတာ၊
၂။ ဒီ host ကို hack လို့မရနိုင်တာပဲ ဖြစ်ပါတယ်။
နံပါတ်တစ် ဖြစ်ရပ်ဆိုရင်တော့ သင် ကံကောင်းထဲမှာပါ ပါတယ်။ နံပါတ်နှစ်ဖြစ်ရပ်ဆိုရင်တော့ ဒီ system ဟာ NBTSTAT ကို အသုံးပြုပြီး hack လို့မရနိုင်ပါဘူး... ဒါကြောင့် အခြားsystemတစ်ခုနဲ့ ကြိုးစားရပါလိမ့်မယ်။
အကယ်၍ အထက်မှာဖော်ပြခဲ့သလိုမျိုး table တစ်ခုကို ရရှိခဲ့မယ်ဆိုရင်တော့ ၄င်း ကို သေချာစွာ ဂရုတစိုက်ကြည့်ပါ။ ပြီးတော့ ကျနော်ဖော်ပြထားတဲ့ အချက်တွေနဲ့ ၄င်းတို့ရဲ့ ရည်ရွယ်ချက်တွေကို ဆက်လက်ဖတ်ရှုပါ။
Name - computer မှာပါဝင်တဲ့ အပိုင်းတွေရဲ့ share name အနေအထား
,,, - အဲဒီ share name ပေါ်မှာ services available ဖြစ်နေတဲ့ Hexidecimal codeတွေ ဖြစ်ပါတယ်။
Type - ၄င်းတို့ကတော့ self-explanatory ဖြစ်ပါတယ်။ ၄င်းတို့ဟာ turn on သော်လည်းကောင်း (သို့) သင့်ကြောင့် active ဖြစ်ခဲ့တာသော်လည်းကောင်း (သို့) အမြဲတမ်း on နေတာတွေ ဖြစ်ပါတယ်။
Status - share name များ အလုပ်လုပ်နေပြီး activate ဖြစ်နေကြတဲ့ ရိုးရှင်းတဲ့အခြေအနေ ဖြစ်ပါတယ်။
ဖော်ပြပေးခဲ့တဲ့ table ကိုကြည့်ပြီး အောက်ပါလင့်ကို ရှာဖွေပါ...
GMVPS01 UNIQUE Registered
တွေ့ပြီလား ...?
OK... အခုအရေးကြီးတဲ့ အပိုင်းကို ရောက်ပါပြီ ... သေချာဖတ်ရှုပါ...။ ရဲ့ Hexidecimal code ရဲ့ အဓိပ္ပာယ်ကတော့ hex number တွေနဲ့ ရှိနေတဲ့ line ပေါ်မှာဖြစ်တဲ့ share name မှာ file sharing ဟာ enable ဖြစ်နေပြီ ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဆိုလိုတာကတော့ GMVPS01 မှာ file sharing ဟာ enable ဖြစ်နေတယ် လို့ဆိုလိုပါတယ်။ ကဲ...အခုသင် ဒီဟာကို hack ချင်နေပြီလား ... ဒါဆိုရင်တော့ ဒီမှာ ဘယ်လို လုပ်ရမယ်ဆိုတာကို ကြည့်ပါ။ ( ဒီအပိုင်းက အနည်းငယ်ခက်ခဲ့ပါတယ်။)


၇။ LMHOST File

Windows system တွေအားလုံးမှာ LMHOST.sam ဆိုတဲ့ file တစ်ခုရှိပါတယ်။ ကျနော်တို့က ရိုးရိုးရှင်းရှင်းပဲ ဒီ LMHOST file ထဲကို IP address ပေါင်းထည့်ပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ LMHOST ဟာ အခြေခံအားဖြင့် network တစ်ခုကဲ့ သို့ ပြုမှုပြီး သင်ကို ၄င်း ဆီသို့ အလိုအလျှောက် logging လုပ်ပါတယ်။ ဒါကြောင့် Start,Find, Files (သို့) Folders သို့သွားပါ။ LMHOST ထဲမှာ ရိုက်ပြီး Enter ခေါက်ပါ။ ၄င်းဟာ wordpad ကဲ့သို့သော text program တစ်ခုကို အသုံးပြုပြီး ပွင့်လာပါလိမ့်မယ်။ ဒါပေမယ့် ထိုဟာတွေပေါ်မှာရှိတဲ့ "always open files with this extension" ဆီသို့ checkmark မထားခဲ့ဖို့တော့ သင်သေချာသတိထားရပါမယ်။ ရှင်းရှင်းလေးပါပဲ အောက်မှာမြင်တွေ့နေရတဲ့ အပိုင်းတွေရောက်တဲ့ အထိ LMHOST file ကိုဖြတ်ကျော်သွားရမှာဖြစ်ပါတယ်...
# This file is compatible with Microsoft LAN Manager 2.x TCP/IP lmhosts
# files and offers the following extensions:
#
# #PRE
# #DOM:
# #INCLUDE
# #BEGIN_ALTERNATE
# #END_ALTERNATE
# \0xnn (non-printing character support)
#
# Following any entry in the file with the characters "#PRE" will cause
# the entry to be preloaded into the name cache. By default, entries are
# not preloaded, but are parsed only after dynamic name resolution fails.
#
# Following an entry with the "#DOM:" tag will associate the
# entry with the domain specified by . This affects how the
# browser and logon services behave in TCP/IP environments. To preload
# the host name associated with #DOM entry, it is necessary to also add a
# #PRE to the line. The is always preloaded although it will not
# be shown when the name cache is viewed.
#
# Specifying "#INCLUDE " will force the RFC NetBIOS (NBT)
# software to seek the specified and parse it as if it were
# local. is generally a UNC-based name, allowing a

# centralized lmhosts file to be maintained on a server.
# It is ALWAYS necessary to provide a mapping for the IP address of the
# server prior to the #INCLUDE. This mapping must use the #PRE directive.
# In addtion the share "public" in the example below must be in the
# LanManServer list of "NullSessionShares" in order for client machines to
# be able to read the lmhosts file successfully. This key is under
# \machine\system\currentcontrolset\services\lanmans erver\parameters\nullsessionshares
# in the registry. Simply add "public" to the list found there.
#
# The #BEGIN_ and #END_ALTERNATE keywords allow multiple #INCLUDE
# statements to be grouped together. Any single successful include
# will cause the group to succeed.
#
# Finally, non-printing characters can be embedded in mappings by
# first surrounding the NetBIOS name in quotations, then using the
# \0xnn notation to specify a hex value for a non-printing character.
သင်လိုချင်တဲ့ လမ်းကြောင်းအတိုင်း သင့်ရဲ့ connection ကို set လုပ်နိုင်ဖို့အတွက် ဒီအပေါ်မှာ ဖော်ပြထားတာတွေကို နားလည်သည့် တိုင်အောင် ဖတ်ပါ။အောက်မှာ IP address ကို ဘယ်လို ပေါင်းထည့်နိုင်တယ်ဆိုတာကို ဥပမာ ပြထားပါတယ်...
#PRE #DOM:255.102.255.102 #INCLUDE
Pre ဟာ သင် net သို့ log on ဖြစ်တာနဲ့ connection ကို preload လုပ်ပါလိမ့်မယ်။DOM ကတော့ သင် connection ယူနေတဲ့ domain (သို့) host ရဲ့ IP address ဖြစ်ပါတယ်။INCLUDE ကတော့ သင့်ကို file လမ်းကြောင်းတွေဆီသို့ အလိုအလျှောက် set လုပ်ပါလိမ့်မယ်။ ဒီဖြစ်ရပ်မှာတော့ သင် net သို့ log on ဖြစ်တာနဲ့ တပြိုင်နက် သင်ဟာ C:/drive ပေါ်မှ 225.102.255.102 သို့ access ရရှိပါလိမ့်မယ်။ ဒီနေရာပြဿနာရှိနေတာလေး တစ်ခုက သင် connect လုပ်နေစဉ်အတွင်းမှာ NETSTAT command နဲ့ပြုနေရမှာဖြစ်ပြီး သင့်စက်ရဲ့ IP ကိုလည်း ယူပါတယ်။ ၄င်းဟာ ရိုးရှင်းတဲ့ PC တွေမှာပဲ အလုပ်လုပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့ခေတ်မှာ လူတော်တော်များများဟာ computer illiterate တွေကို မသိတော့ပါဘူး ဒါကြောင့် ဒီ command တွေက ဘာတွေလုပ်နိုင်တယ်ဆိုတာကို သဘောမပေါက်နိုင်တော့ပါဘူး။ သူတို့ဟာ NETSTAT နဲ့ပတ်သတ်ပြီးတော့လည်း သဘောမပေါက်ကြတော့ပါဘူး ။ ဒါကြောင့် သင်က သူတို့ရဲ့ အားနည်ချက်တွေကို ကောင်းကောင်း အသုံးချ အသာစီးရယူရမှာဖြစ်ပါတယ်။ PC system အများစုဟာ ယခုဆိုရင် ဒီနည်းလမ်းနဲ့ hack ဖို့ခက်ခဲလာပါပြီ... ဘာကြောင့်လဲဆိုတော့ ၄င်းတို့ဟာ ပိုပြီးလုံခြုံစိတ်ချလာရပါပြီ။ ဒါ့အပြင် ၄င်းတို့ကို အခြားsystem တစ်ခု access ရယူဖို့ ကြိုးစားနေတဲ့အခါ တွေမှာ ဖော်ပြပေးနိုင်ကြပါတယ်။ သင်ဟာ ဘယ်နည်းနဲ့မဆို သူက firewall တစ်ခု run နေသလား၊ သူတို့ computer ဆီသို့ရောက်ရှိလာတဲ့ connection တွေကို block လုပ်မှာလား ဆိုတာကို တနည်းနည်းနဲ့ သိထားဖို့လိုပါတယ်။ home system အများစုကတော့ firewall ကို run နေခြင်းမရှိပါဘူး။ ဒါဟာသင့်အတွက် အခွင့်အရေးပါပဲ...သူတို့တွေဟာ firewall ကို ဘယ်လို လည်ပတ်စေရမယ်ဆိုတာကို မသိကြပါဘူး။ ဒါကြောင့် system ထဲမှာ hole ရှိနေပါတယ်။ သင့်ကိုအထောက်အကူပြုစေမယ့် အချို့ programming languageတွေကို ပြဖို့အတွက် computer က information တွေကို ဘယ်လို ဖတ်သလဲဆိုတာကို သိရှိထားခြင်းဟာလဲ ကောင်းတဲ့ အတွေးအမြင်တစ်ခုဖြစ်ပြီး TCP/IP(Transfer Control Protocol/Internet Protocol) ပေါ်မှာ အချို့အရာများကိုလည်း လေ့လာထားရမှာဖြစ်ပါတယ်။ အကယ်၍ သင်က သူတို့ဟာ firewall တစ်ခုကို run နေသလား ဆိုတာကို ရှာဖြေဖို့အတွက်ကတော့ ရိုးရိုးရှင်းရှင်းအနေနဲ့ Proxy တစ်ခုပေါ်မှာ ကျော်ဝင်ခြင်း နဲ့ သူတို့ IP ပေါ်မှာ port scan ဖတ်ခြင်းတို့ဖြင့် သိနိုင်ပါတယ်။ သင်တစ်ခုမှတ်ထားရမှာကတော့ သူတို့ဆီမှာ firewall တစ်ခု run နေတယ်ဆိုရင် portအများစုဟာ close ဖြစ်နေပါလိမ့်မယ်။ Microsoft ကို hack ခြင်းထက် home system တစ်ခုကို hack ခြင်းမှာ ပိုကောင်းတွေ အခွင့်အရေးတွေ သင့်မှာရှိနေပါသေးတယ်။


၈။ Access ရယူခြင်း
ဒီတစ်ကြိမ် သင့်LMHOST file ထဲကို ဒီဟာတွေ ပေါင်းထည့်ရမယ်။ ဒါတွေပြီးရင်တော့ သင် အခြေခံအားဖြင့်တော့ ပြီးဆုံးပြီလို့ပြောလို့ရပါတယ်။ သင် လိုအပ်တာတွေအားလုံးကို လုပ်ဖို့အတွက် Start>Find>Computer ကိုသွားပါတယ်။
သင်ရရှိလာတဲ့အထဲကို IP address (သို့) system ရဲ့ host name ကို ရိုးရိုးလေးပဲရိုက်ထည့်လိုက်ပါ။ ၄င်း ဖွင့်လာတဲ့အခါမှာ double click ပေးလိုက်ပါ။ အဲဒီထဲမှာ သင့်အတွက် GUI တစ်ခုရှိပါတယ်၊ ဒါကြောင့် သင် DOS တွေကို ထက်သုံးဖို့ စရာမလိုတော့ပါဘူး။ သုံးချင်တယ်ဆိုရင်လည်း DOS တွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီလမ်းကြောင်းဟာ ရိုးရှင်းပြီး လွယ်ကူတဲ့ ပါတယ်။ သင် system ကိုဖွင့်ပြီးသွားပြီဆိုရင်တော့ သင့်စိတ်ကြိုက် edit , delete, rename လုပ်နိုင်ပါပြီး ကြိုက်တဲ့ file ကို ကြိုက်သလို လုပ်လို့ရပါပြီ။ C:/ ထဲမှာရှိတဲ့ command file ကို delete လုပ်ဖို့လည်း လိုပါတယ်... ဘာကြောင့်လဲဆိုတော့ အကယ်၍ သူတို့ က သူတို့ computer ထဲမှာ တစ်စုံတစ်ယောက်ရှိနေတယ်လို့ ထင်ရင် ၄င်းကို အသုံးပြုချင် အသုံးပြုနိုင်နေတဲ့ အတွက်ပါ။ ဒါမှမဟုတ် ၄င်း command file ကိုသွားတဲ့ shortcut ကို delete လိုက်ပါ။
ပြီးရင်တော့ ဒီနေရာ programming ရဲ့ သုံးဝင်မှုအပိုင်းတွေ ရောက်လာပါပြီ။ NBTSTAT နည်းလမ်းကို အချိန်တိုင်းသုံးနေမယ့်အစား သင့်ရဲ့ ကိုယ်ပိုင်port number ပေါ်မှ သင့်ရဲ့ ကိုယ်ပိုင် trojan ကိုအသုံးပြုခြင်းနဲ့ ၄င်းကို system ထဲသို့ upload ပြုလုပ်ခြင်း လုပ်နိုင်ပါတယ်။ အဲလိုဆိုရင်တော့ သင် ပိုပြီးတော့ လွယ်ကူတဲ့ access ရှိပါလိမ့်မယ် ပြီးတော့ သင့်အတွက် ပိုကောင်းတဲ့ GUI တစ်ခုလည်း ရှိသွားပါလိမ့်မယ် ပြီးရင် အခြား ပိုကောင်းတဲ့ feature တွေလည်း ရှိနေပါလိမ့်မယ်။ သင် hack မယ်သူတွေဟာ မြန်ဆန်တဲ့ connection တစ်ခုပေါ်မှာ ရှိမနေဘူးဆိုရင် system သို့ connection တစ်ခုထက်ပိုပြီး connect လုပ်တာကို ခွင့်ပြုမှမဟုတ်ပါဘူး။အကယ်၍ သင်က သူတို့ computer ထဲမှာရှိတဲ့ အရာတစ်ခုခုကို download လုပ်နေခဲ့မယ်ဆိုရင် သူတို့ connection တွေတဖြေးဖြေးနှေးလာပါလိမ့်မယ်။ ဒီအတွက် သူတို့က သူတို့ရဲ့ NETSTAT ကို စစ်ဆေးကြည့်ခြင်း အားဖြင့် သူတို့ကို ဘယ်သူတွေ connect လုပ်နေတာဆိုတာကို ကြည့်လို့ရပါတယ်။ အဲဒီထဲမှာ သင့်ရဲ့ IP ကိုလည်း ပြနေမှာဖြစ်တဲ့အတွက် သူတို့ မသင်္ကာဖြစ်သွားနိုင်ပါတယ်။ဒါကြောင့် အဲလိုဖြစ်ခဲ့မယ်ဆိုရင် ထွက်လိုက်ပါပြီးရင် network (သို့) တစ်ခုခုကို scan ဖတ်ပါပြီးရင် port 21 (သို့) portတစ်ခုခုနဲ့ computer တစ်လုံးကို ရှာပြီး ဖွင့်လိုက်ပါ။

copy from Myanmar & India Cyber Army
(Educational Purposes Only)





Di Posting Oleh ကွန်ပျူတာ, Pada 11:13:00 AM dan 0 comments