0 Laptop ကိုမြန်​ဆန်​​အောင်​လုပ်​နည်း


လက်တော့ကို မြန်ပြီး ပိုသွက်အောင်လုပ်ချင်သောမိတ်​​ဆွေများ အတွက်ပါ။ကျနော် ဖတ်ထား တာလေးတွေကို ပြန်ပြီး ရှယ်လိုက်ခြင်းဖြစ်ပါတယ်။
၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ
RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင် လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံ ရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက် ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်း အသုံးပြုနိုင် လိမ့်မယ်လို့ သိရပါတယ်။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM ပမာဏ 1GB နှင့် zip
ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာ တွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။
၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ
သင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာ အသုံးပြုမှုအချိန်ပမာဏ ပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့် ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။
အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီ လိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှု ကို လျော့ချနိုင် ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့် သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေ ကို နေရာတကျစီပေးလိုက်ပါ။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့ စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန် လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန် ဆန် လာပါတယ် ။ နောက်ထပ် စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခု ကို Hard Disk ရဲ့ အတွင်း ကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့် အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာ ခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။
၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ
တချို့ Laptop တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။ ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်း က နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လို အပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်စေသင့် ပါတယ်။
သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk,iTune, Quicktimeplayer တို့လို ပရိုဂရမ်ဖိုင်တွေ ကို ပိတ်ထား သင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာ ဖွင့်ဖွင့်ချင်း အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထား တဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။
အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာ အကောင်း အဆုံးပါဘဲ။ မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆို ရင်တော့ အင်တာနက်ပေါ်က အခမဲ့အသုံးပြုခွင့်ပေး ထားတဲ့ PC Decrapifier (www.pcdecrapifier.com) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထား သင့် ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာတာကို တွေ့ရပါတယ်။
၎။ သင့် Laptop ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ
သင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ် တဲ့အတွက် စနစ်ပိုင်း ဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။ ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာ တွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကို အင်တာနက်ပေါ်ကတဆင့်ဝယ်ယူပြီးအသုံးပြုဖို့တိုက်တွန်းပါရစေ။
Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေး လိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါ တယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ် တဲ့နေရာ မှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။
တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်။
၅။ Search Indexing ကိုပိတ်ထားပါ
Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က “Allow Indexing Service to index this disk for fast file searching” ကို အမှန်ခြစ် ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။ စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန် လာတာတွေ့ ရပါတယ်။
၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ
Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ   တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံတိတ်တဆိတ်ပြန်လည် ပို့ဆောင်ပေးနေ ပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူတာထဲကိုဝင်ရောက် လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်ကွန်ပြူတာကို လည်းနှေးကွေးစေပါတယ်။
အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီး သတ်ဖို့အတွက် Spybot Search & Destroy ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာကွယ်ပြီး သားဖြစ် သွားသလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။
စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေး တာတွေရပါတယ်။ အဲဒီတော့သင့်ကိုလည်း Spybot Search &Destroy ဆော့ဖ်ဝဲ အသုံးပြုဖို့ ထောက်ခံပါတယ်။
၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ
သင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။
သင့် ကွန်ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက သင့်အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ဟာ ကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့ ဘေး အကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။ လက်တွေ့ စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။





Di Posting Oleh ကွန်ပျူတာ, Pada 4:42:00 AM dan 0 comments

0 ကွန်ပျူတာ နှေးကွေးလာခြင်းပြဿနာများ နှင့် ဖြေရှင်းနည်းများ

ကွန်ပျူတာ နှေးကွေးလာခြင်းပြဿနာများ နှင့် ဖြေရှင်းနည်းများ
1.သင့်ကွန်ပျူတာစနစ်သည် အသုံးပြုသော စက်လည်းပတ်စေသော ပရိုဂရမ်းများ (Operating system) ၀င်းဒိုးမှုကွဲအလိုက် လိုအပ်သောမှတ်ဥာဏ် (RAM) ပမာဏ အနည်း ဆုံး လိုအပ်ချက်ဖြင့် အလုပ်လုပ်နေပါသလား။ အသုံးချ ပရိုဂရမ်းများ (Application so ftware) အတွက်မှတ်ဥာဏ် (RAM) ကို နှစ်ဆ အနည်းဆုံးတိုးလိုက်ပါ။ များလေ ကောင်းလေပါ။
2.သင့်ကွန်ပျူတာစနစ်တွင် တပ်ဆင်ထားသော ဓာတ်ပြားအမာ (Hard drive) သည် ဆံ့အား ပမဏ (GB) ငယ်ပြီး လည်ပတ်နှုံး (RAM) နည်းနေသော အမျိုးအစားဖြစ်နေ လျှင် ပိုမြန်သော၊ ဆံ့အားပမဏ ကြီးသောဓာတ်ပြား အမာကိုလေ့လာပါ။ ဓာတ်ပြားပမာ ဏ (Hard disk) ၏ ဆံ့အားပမာဏ ၃၀ ခန့် လွတ်နေသော အသုံးမပြုရသေးသည့် ပ မာဏ ကျန်နေသင့်ပါသည်။ လည်းကောင်းထက် နည်းလေး ကွန်ပျူတာ၏ လုပ်ဆောင် မှု ပိုးပြီး နှေးကွေးလေ ဖြစ်ပါလိမ့်မည်။ မလိုအပ်သော ဒေတာဖိုင်တို့ကို ဖျက်ပစ်ပါ။ ယာ ယီ ဖိုင်းများ (*TMP) များကို ဖျက်ပစ်လိုက်ပါ။
3.သင့်ကွန်ပျူတာစနစ်၏ ပြစက်မှန်ပြင်ပေါ်မှာ ၀င်းဒိုးဒေတာ၏ icons များနေပါက (ပရို ဂရမ်းဒေတာ) အိုင်ကွန်း (icons) တို့ကို ဖျက်ပစ်ပါ။
၎။ သင့်ကွန်ပျုတာစနစ် Star မီနှုးတွင် လုံးဝမသုံးဖြစ်သော၊ ပရိုဂရမ်းများကို control panel မှ addorRemove program Applet အသုံးပြုပြီး ဖြုတ်ပစ်ပါ။
၅။ ၀င်းဒိုးစနစ်အစပြုတိုင်း အလုပ်လုပ်စေသည့် ပရိုဂရမ်များမှ အချို့သည် Startup folder ပါ ရှိနေပါသည်။ လည်းကောင်းတို့မှ မလိုအပ်သော ပရိုဂရမ်တို့ကို ဖြုတ်ပစ်ပါ။
၆။ ၀င်းဒိုး၏ Screen Saver နှင့် Wall paper တို့ကဲ့သိုသော ကွန်ပျူတာစနစ်၏ အရင်း အမြစ်ဖြစ် သောစီပီယူ၊ မှတ်ဥာဏ် (RAM) တို့သည့် ပရိုဂရမ်းများကိုဖြုတ်ပစ်ပါ။

၇။ သင့်ကွန်ပျူတာစနစ်တွင် ထည့်သွင်းထားသော်လည်း လုံးဝ အသုံးမပြုသောစာလုံး ပုံစံ (Fonts) ဖိုင်း များကိုဖျက်ပစ်ပါ။

၈။ သင့်ကွန်ပျူတာစံနစ်သည် ကွန်ယက်ဖွဲ့စနစ် (Network system) ဖြစ်ပါက၊ ကွန် ယက်ဖွဲ့စနစ် အသွင်းအပြင် အထားအသို (Network setting) နှင့် IP Address တို့ကို စစ်ဆေးပါ။
၉။ သင့်ကွန်ပျူတာစနစ်တွင် ဗိုင်းရပ်(စ်)၀င်နေလျှင် နှေးကွေးတတ်ပါတယ်။ သင့်တော် ရာ Antivirus ပရိုဂရမ်းများဖြင့် ဗိုင်းရပ်(စ်) ကို ရှင်းပစ်ပါ။
၁၀။ သင့်ကွန်ပျူတာစနစ်၏ ဓါတ်ပြားအမာ (Hard disk) တွင်နေရာလွတ်များစွာ ရှိပြီး၊ ဖိုင်းများ၏ တည်ရှိမှုသည် ပျံ့ကျဲနေလျှင် နှေးကွေးတတ်ပါသည်။ Start မီးနှုး၏ Acces sory မီးနှုးထဲမှ system Tools အောက်တွင်ပါရှိသော Defrag ပရိုဂရမ်ကို အသုံးပြုပါ။
၁၁။ သင့်ကွန်ပျူတာစနစ်တွင် နောက်ဆုံးပေါ် အသုံးချပရိုဂရမ်များ (Software) တစ်ခု ခုကိုသုံးမိပါက လိုအပ်သောစက်ကရိယာပိုင်း လိုအပ်ချက် လက်ရှိပရိုဂရမ်များဖြင့် ဆီ လျှော်ညီညွှတ်မှု မကိုက် ညီပါ က နှေးနေတတ်ပါသည်။ လည်းကောင်းအသုံး ချပရိုဂရမ် များ (Software) ကို ဖြုတ်ကြည့်ပါ။
၁၂။ သင့်ကွန်ပျူတာစနစ်တွင် အလုပ်လုပ်နေသော Dirve (ကရိယာမောင်းပရိုဂရမ် များ) အချို့ သည်မှန်ကန်ကိုက်ညီ ရန်လိုအပ်သလို၊ နောက်ဆုံးမှုကွဲ ဖြစ်သည်အထိ အဆင့်မြှင့်ရန် လိုအပ်ပါသည်။
၁၃။ ၀င်းဒိုး၏ ၀န်ဆောင်မှု ပရိုဂရမ်များ (Services) အနက်အချို့မှာ အလုပ်လုပ်နေ (Running) သော်လည်း၊ မလိုအပ်ဘဲ အပိုဖြစ်နေပါသည်။ စံနစ်တကျ နားလည်ခဲ့သော် ဖြုတ်ပစ်သင့်ပါသည်။
၁၄။ ၀င်းဒိုးစနစ်၏ ဒက်စ်တော့ပေါ်မှာ Systemtray အတွင်းမှ (icons) ပရိုဂရမ်များကို လည်းမလို အပ်လျှင်ဖြုတ်ထားပါ။
၁၅။ ၀င်းဒိုးစနစ်ပရိုဂရမ်သည် Virtual memory ကိုအသုံးပြုသည်။ Virtual memory သည် paging system ကို အသုံးပြုသည်။ လည်းကောင်း paging system မှ page size (minimum/ maximum) ပမာဏ တို့ကို တိုးမြှင့်ခြင်းဖြင့် ပိုမိုမြန်ဆန်လာပါသည်။

၁၆။ Windows ၏ System Restore လုပ်ဆောင်ချက်မှာ ဓာတ်ပြားအမာ (Hard disk) ၏ နေရာလွတ်ပမာဏ (အမြင့်ဆုံး ၁၂) ခန့်ကို ရယူပါသည်။ လည်းကောင်းကို ပိတ် ထားလျှင်ပိုမို မြန်ဆန်လာနိုင်ပါသည်။
၁၇။ Themes ပရိုဂရမ်စနစ်၏ ရုပ်ပုံများသည် လှုပ်ရှားရုပ်ပုံများဖြစ်ပြီး နေရာယူသလိုး စ နစ်၏ မှတ်ဥာဏ်၊ စီပီယူ၏ အမြန်နှုံးတို့ကို စားသုံးပစ်သဖြင့် စနစ်ကို နှေးကွေးစေပါ သည်။ လည်းကောင်းကို ဖြုတ်ခြင်းဖြင့် ပိုမိုမြန်ဆန်လာနိုင်ပါသည်။
၁၈။ သင့်ကွန်ပျူတာ စနစ်ကို အခုမဖွင့်မှီ ယခင်အကြိမ် ပိတ်ခဲ့စဉ်က စနစ်တကျ ပိတ် ခြင်းမဟုတ်ခဲ့လျှင်၊ ယခုစတင်ဖွင့်သော အချိန်တွင် စစ်ဆေးခြင်း အမျိုးမျိုး ပြုလုပ်နေသ ဖြင့်လည်း နှေးကွေးတတ်ပါသည်။
၁၉။ သင့်ကွန်ပျူတာစနစ်ကို System Property ၏ Advanced Tab ရှိ Performance Frame မှ Setting သို့ဝင်ပြီး စိတ်ကြိုက်ရွေးချယ်ပါ။
၂၀။ Run/msconfig ဖြင့် systemfiguration utility ၀င်းဒိုးပြကွက်ကို အောက်ပါ အ တိုင်း တွေ့မြင် နိုင်ပါသည်။ General Tab မှ selective startup ကို ရွေးချယ်ပြီး ok ကို နှိပ်ပါ။ စနစ်ကို ပြန်လည် အစ ပြုပါ။
PDF လေး လိုချင်တဲ့သူများ..အောက်မှာဒေါင်းယူနိုင်ပါတယ်။
လေးစားစွာဖြင့်





Di Posting Oleh ကွန်ပျူတာ, Pada 11:42:00 AM dan 0 comments

0 Programming နှင့်မိတ်ဆက်ခြင်း







လုပ်ဆောင်ချက်တစ်ခုကိုကွန်ပျူတာ အားမည်သို့မည်ပုံလုပ်ရ မည်ကို ညွှန်ကြား မှုပေးသော လမ်းညွှန်ချက်များ ကိုအစီအစဉ်တ ကျစု ဝေးထားသောအရာဖြစ်သည်။ ကွန်ပျူတာတွေက ကျွန်တော်တို့ လူသားတွေ အချင်းချင်းအပြန်အလှန် ပြောဆိုကြတဲ့ ဘာသာ စကားမျိုးကို နား မလည်ပါဘူး။ တကယ်တော့
ကွန်ပျူတာကနားလည်တဲ့တစ်ခုတည်းသောဘာသာ စကားကတော့ machine code (0s,1s) တွေပဲဖြစ်ပါတယ်။machine code တွေဟာ ကျွန်တော်တို့ အတွက်နားလည်ဖို့ ရောရေးသားဖို့ပါ လွန်စွာ ခက်ခဲပါတယ်။ ဒါကြောင့်program တွေကို ရေးသားတဲ့ အခါနားလည်ရ လွယ်ကူတဲ့high level programming language ကိုများသော အားဖြင့် အသုံးပြုကြပါတယ်။ ဥပမာ ။ C,C++,Java,VB etc… အဲဒါတွေကိုsource program တွေလို့ခေါ်ပါတယ်။ Program များကို Raw textualform (အကြမ်းပုံစံ) အဆင့်တွင် execute မလုပ်နိုင်ပါ။ ၄င်းတို့ကို computer က နားမလည် သောကြောင့် အခြားသော program တစ်ခုက processလုပ်ပေးရပါတယ်။ သို့မှသာ အကြမ်းပုံစံထဲရှိStatement များကို နားလည်နိုင်မှာဖြစ်ပါတယ်။ Program တွေကို နည်းလမ်းနှစ်မျိုးနဲ့ execute (တွက်ချက်) နိုင်ပါတယ်။ အဲဒါတွေကတော့ Compilation နဲ့ Interpretation တို့ဖြစ်ပါတယ်။


Compilation ဆိုတာ ?

Program တစ်ခုကို compile လုပ်တယ်ဆိုတာ Program ကိုcomputer ရဲ့ processorကနားလည်တဲ့ code အဖြစ်ကို ပြောင်းလဲပေးတာ ပဲဖြစ်ပါတယ်။ အဲသည်လို compile လုပ်နိုင်ရန်အတွက်compilerဆိုတဲ့ program တစ်ခုလိုအပ်ပါတယ်။ ၄င်းကဦးစွာ program ထဲရှိ syntactic errors (စာလုံးအသိုအထားအမှားများ) ကိုစစ်ဆေးပေးပါတယ်။ စစ်ဆေးပြီး အမှားကင်းစင်သော programကို object code အဖြစ်သို့ ပြောင်းလဲပေးပါတယ်။ တစ်နည်းအားဖြင့် compile လုပ်တယ်ဆိုတာ source program တွေကို input အဖြစ်ရယူပြီး object code ကို output အဖြစ်ထုတ်ပေးတာပါပဲ။ ကွန်ပျူတာရဲ့ procrssor ကsource program ကို execute လုပ်နိုင်ခြင်းမရှိပါဘူး။ object code ကိုသာ execute လုပ်နိုင်ပါတယ်။ C & C++ language တွေက ဒီ compilation process ကိုသုံးပါတယ်။

Interpretation ဆိုတာ?

Interpreter က compiler ကဲ့သို့ပင် processor က execute လုပ်နိုင်ဖို့အတွက် source program ကိုobject code အဖြစ် ပြောင်းပေးပါတယ်။ Interpreter ကsource program တွေကို စစ်ဆေးခြင်း ၊ machine နားလည်သော operation အဖြစ်သို့ ပြောင်းပေးခြင်း ၊ error ကင်းစင်တဲ့အခါ execute လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပါတယ်။ Interpreter program ကို သုံးတဲ့programming language တွေမှာ PERL လို့ခေါ်တဲ့ PatternExetraction and Reporting Language နှင့် Basic တို့ပါဝင်ပါတယ်။ PERLတစ်ခုကို interpret လုပ်တဲ့အခါ interpreterက syntactic errors တွေကိုဦးစွာ စစ်ပေးပါတယ်။ error တစ်ခုမှ မရှိတော့မှobject code ကိုမထုတ်ဘဲprogram ကို တိုက်ရိုက်execute လုပ်ပေးပါတယ်။ Compiler နဲ့ မတူတဲ့အချက်ကတော့interpreter ကကြားခံ object code ကို မထုတ်ဘဲ တိုက်ရိုက် executeလုပ်ပေးခြင်းပဲဖြစ်ပါတယ်။

Execution process ကprogram ထဲမှာရှိတဲ့statement တွေအားလုံး ကိုမပြီးမချင်းလုပ်ဆောင်ပါတယ်။ statement အားလုံးပြီးသွား ပြီဆိုရင်တော့ program ကို terminate အဆုံးသတ် တယ် လို့ခေါ်ပါတယ်။ program မှာ input & output ဆိုပြီးနှစ် မျိုးရှိပါတယ်။ input ဆိုတာ အသုံးပြုသူuser ထံက ရရှိတဲ့အချက် အလက်ဖြစ်ပါတယ်။ ရရှိတဲ့ အချက်အလက် တွေကို computer ကexecuteလုပ်ပြီးထုတ်ပေးတဲ့အရာကို output လို့ခေါ်ပါတယ်။ Statement တစ်ခုရဲ့ outputဟာ တစ်ခြားstatementတစ်ခုရဲ့ input လဲဖြစ်နိုင်ပါတယ်။

Introduction to Java ( ဂျာဗားနှင့်တွေ့ဆုံခြင်း)

Java programming language ကSun Microsystems က၁၉၉၀ ပြည့်နှစ်လောက် ကမိတ်ဆက်ပေးပြီး ၊ ယခုအချိန်မှာတော့ အလွန်ကို အသုံးများတဲ့  language တစ်ခုဖြစ်နေပါပြီ ။ Java program ၏ တည်ဆောက်ပုံဟာ object နှင့် class အပေါ် တွင် မူတည် နေသောကြောင့်Java သည်object oriented programming language တစ်ခုဖြစ်ပါတယ်။ တစ်ခြား language တွေထက် java ရဲ့ အားသာချက်ကတော့မည်သည့် OS မှာ မဆို execute လုပ်နိုင်ခြင်း ပင်ဖြစ်ပါတယ်။

Compiling Java programJava ကို compile လုပ်ရာတွင် အခြားသော language များနှင့် ကွဲပြားခြားနားပါတယ်။ objectcode ထုတ်မည့်အစား java သည် byte code ဟုခေါ်သော ကြားခံ code တစ်ခုကို ထုတ်ပေးပါတယ်။၎င်းbyte code ကို processor က နားလည်မည်မဟုတ်ပါ။Bytecode များကိုmachine က နားလည်စေနိုင်ရန်အတွက် JVM (java virtual machine) ခေါ်သော softwareတစ်ခုလိုအပ်ပါသည်။ Java byte code များက JVM software က execute လုပ်ပြီး output အဖြစ် machinecode နားလည်သော code အဖြစ်ပြောင်းပေးပါတယ်။JVM ရှိမည်ဆိုပါက မည်သည့် OS တွင် မဆိုjavaကို execute လုပ်နိုင်ပါသည်။ထို့ကြောင့် java သည်(Write once,run any where) တစ်ကြိမ်သာရေးပါ။ကြိုက်သည့်OS ပေါ်တွင် run နိုင်သည် ဟူသော ဂုဏ်ပုဒ်ကိုရရှိခဲ့ပါသည်။နည်းပညာအားဖြင့်ပြောရမည်ဆို လျှင် byte code ထက် object code က ပို ၍လျှင်မြန်စွာexecuteလုပ်နိုင်ပါသည် ။ ထို့ကြောင့် byte code သုံးခြင်းသည် translation layer များကို လိုအပ်စေပါသည်။ဒါပေမယ့် ယခုခေတ်မှာတော့ hardware များ၏ လုပ်ဆောင်မှုများက အမြန်နှုန်း ကွာခြားချက်များကိုမမှုတော့ပါဘူး။





Di Posting Oleh ကွန်ပျူတာ, Pada 11:35:00 PM dan 0 comments

0 Windows 32 bit နဲ့ 64 bit ကွာခြားချက်


32-bit-vs-64-bit
Windows, Macintosh, Linux စတဲ့ Computer OS (operating system) တွေမှာ 32 bit နဲ့ 64 bit ဆိုပြီး အမျိုးအစား နှစ်မျိုး ရှိပါတယ်။ တစ်ကယ်တော့ 32 bit တို့ 64 bit တို့ဆိုတာ computer ရဲ့ CPU (central processing unit) က အချက်အလက်တွေကို ဘယ်လို ကိုင်တွယ်သလဲဆိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ 64 bit OS တွေက RAM (Random Access Memory) များများကို ကိုင်တွယ် ဖြေရှင်းနိုင်ပြီးတော့ 32 bit ထက်ပို စွမ်းဆောင်ရည် မြင့်ပါတယ်။

ဒါဆိုရင် ရှိသမျှ computer တွေအားလုံး 64 bit တင်လိုက်ရတော့မလား?

အဲလိုလည်း မဟုတ်ပါဘူး။ စွမ်းဆောင်ရည် ပိုမြင်တဲ့ 64 bit ကို တင်မယ်ဆိုရင် 64 bit ကို မောင်းနှင်ပေးနိုင်တဲ့ CPU နဲ့မှ ဖြစ်ပါမယ်။ မရှားပေမယ့် စက်တိုင်းမှာ 64 bit run လို့မရပါဘူး။ ဒါကြောင့် 64 bit မမောင်းနှင်နိုင်တဲ့ computer မှာ 64 bit မတင်သင့်ပါဘူး။

ဒါဆို 64 bit မောင်းနှင်နိုင်တဲ့စက် ဟုတ်/မဟုတ် ဘယ်လိုစစ်မလဲ?

၁။ ဘာနည်းပညာမှ မလိုဘဲ စစ်ဆေးနည်းကတော့ ဆိုင်တွေမှာ စဝယ်ဝယ်ချင်း တင်ထားတဲ့ OS version ကိုအသုံးပြုတာ အကောင်းဆုံးပါပဲ။ ဝယ်တုန်းက 32 bit တင်ထားတယ်ဆိုရင် ပြန်တင်တဲ့အခါမှာလည်း 32 bit တင်ပါ။ ဝယ်တုန်းက 64 bit တင်ထားရင် ပြန်တင်တဲ့အခါ 64 bit ပဲတင်ပါ။
၂။ “မဟုတ်သေးပါဘူး၊ နည်းပညာကျကျ သိချင်တာ” ဆိုရင်တော့ အလွယ်နည်း တစ်ခုကတော့ ကိုယ့်ရဲ့ Windows မှာ (Mac, Linux မရပါ) SecurAble ဆိုတဲ့ software လေးတစ်ခုတင်ပြီး စစ်ကြည့်လို့ရပါတယ်။ Download လုပ်ရတာလည်း file size မကြီးပါဘူး။ Download လုပ်ပြီး run လိုက်တဲ့အခါ
32 Maximum Bit Length
32 Maximum Bit Length
ဒီလိုပေါ်ရင် 32 bit အထိပဲ တင်လို့ရပါမယ်။
64 Maximum Bit Length
64 Maximum Bit Length
ဒီလိုပေါ်ရင်တော့ 64 bit windows တင်လို့ရပါတယ်။
၃။ ဒီ tool download လုပ်ဖို့ အဆင်မပြေဘူးဆိုရင်တော့ Control panel ကိုသွားပါ။ View by မှာ Small icons ကို ရွေးပြီး Performance Information and Tools ကို နှိပ်ပါ။ အောက်ကပုံမှာကြည့်ပါ။
Windows control panel
Windows control panel
ပေါ်လာတဲ့ထဲမှာမှ View and print detailed performance and system information ဆိုတာကို နှိပ်ပါ။
performance-and-system-information
64bit-capable
ပုံမှာပြထားတဲ့အတိုင်း 64-bit capable မှာ Yes လို့ ပေါ်ရင် 64 bit တင်လို့ရပါတယ်။ 64 bit တင်ထားပြီးသားဆိုရင် 64bit capable နေရာမှာ ဘာမှပေါ်မှာ မဟုတ်ပါဘူး။ ဒီလောက်ဆိုရင် 32 bit နဲ့ 64 bit ကွာခြားချက်လေးတွေ အကြမ်းဖျင်းတော့ သိသွားပါပြီ။





Di Posting Oleh ကွန်ပျူတာ, Pada 9:49:00 AM dan 0 comments