0 Programming နှင့်မိတ်ဆက်ခြင်း

BLOG NAME || Artikel: Programming နှင့်မိတ်ဆက်ခြင်း
Share Gan:







လုပ်ဆောင်ချက်တစ်ခုကိုကွန်ပျူတာ အားမည်သို့မည်ပုံလုပ်ရ မည်ကို ညွှန်ကြား မှုပေးသော လမ်းညွှန်ချက်များ ကိုအစီအစဉ်တ ကျစု ဝေးထားသောအရာဖြစ်သည်။ ကွန်ပျူတာတွေက ကျွန်တော်တို့ လူသားတွေ အချင်းချင်းအပြန်အလှန် ပြောဆိုကြတဲ့ ဘာသာ စကားမျိုးကို နား မလည်ပါဘူး။ တကယ်တော့
ကွန်ပျူတာကနားလည်တဲ့တစ်ခုတည်းသောဘာသာ စကားကတော့ machine code (0s,1s) တွေပဲဖြစ်ပါတယ်။machine code တွေဟာ ကျွန်တော်တို့ အတွက်နားလည်ဖို့ ရောရေးသားဖို့ပါ လွန်စွာ ခက်ခဲပါတယ်။ ဒါကြောင့်program တွေကို ရေးသားတဲ့ အခါနားလည်ရ လွယ်ကူတဲ့high level programming language ကိုများသော အားဖြင့် အသုံးပြုကြပါတယ်။ ဥပမာ ။ C,C++,Java,VB etc… အဲဒါတွေကိုsource program တွေလို့ခေါ်ပါတယ်။ Program များကို Raw textualform (အကြမ်းပုံစံ) အဆင့်တွင် execute မလုပ်နိုင်ပါ။ ၄င်းတို့ကို computer က နားမလည် သောကြောင့် အခြားသော program တစ်ခုက processလုပ်ပေးရပါတယ်။ သို့မှသာ အကြမ်းပုံစံထဲရှိStatement များကို နားလည်နိုင်မှာဖြစ်ပါတယ်။ Program တွေကို နည်းလမ်းနှစ်မျိုးနဲ့ execute (တွက်ချက်) နိုင်ပါတယ်။ အဲဒါတွေကတော့ Compilation နဲ့ Interpretation တို့ဖြစ်ပါတယ်။


Compilation ဆိုတာ ?

Program တစ်ခုကို compile လုပ်တယ်ဆိုတာ Program ကိုcomputer ရဲ့ processorကနားလည်တဲ့ code အဖြစ်ကို ပြောင်းလဲပေးတာ ပဲဖြစ်ပါတယ်။ အဲသည်လို compile လုပ်နိုင်ရန်အတွက်compilerဆိုတဲ့ program တစ်ခုလိုအပ်ပါတယ်။ ၄င်းကဦးစွာ program ထဲရှိ syntactic errors (စာလုံးအသိုအထားအမှားများ) ကိုစစ်ဆေးပေးပါတယ်။ စစ်ဆေးပြီး အမှားကင်းစင်သော programကို object code အဖြစ်သို့ ပြောင်းလဲပေးပါတယ်။ တစ်နည်းအားဖြင့် compile လုပ်တယ်ဆိုတာ source program တွေကို input အဖြစ်ရယူပြီး object code ကို output အဖြစ်ထုတ်ပေးတာပါပဲ။ ကွန်ပျူတာရဲ့ procrssor ကsource program ကို execute လုပ်နိုင်ခြင်းမရှိပါဘူး။ object code ကိုသာ execute လုပ်နိုင်ပါတယ်။ C & C++ language တွေက ဒီ compilation process ကိုသုံးပါတယ်။

Interpretation ဆိုတာ?

Interpreter က compiler ကဲ့သို့ပင် processor က execute လုပ်နိုင်ဖို့အတွက် source program ကိုobject code အဖြစ် ပြောင်းပေးပါတယ်။ Interpreter ကsource program တွေကို စစ်ဆေးခြင်း ၊ machine နားလည်သော operation အဖြစ်သို့ ပြောင်းပေးခြင်း ၊ error ကင်းစင်တဲ့အခါ execute လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပါတယ်။ Interpreter program ကို သုံးတဲ့programming language တွေမှာ PERL လို့ခေါ်တဲ့ PatternExetraction and Reporting Language နှင့် Basic တို့ပါဝင်ပါတယ်။ PERLတစ်ခုကို interpret လုပ်တဲ့အခါ interpreterက syntactic errors တွေကိုဦးစွာ စစ်ပေးပါတယ်။ error တစ်ခုမှ မရှိတော့မှobject code ကိုမထုတ်ဘဲprogram ကို တိုက်ရိုက်execute လုပ်ပေးပါတယ်။ Compiler နဲ့ မတူတဲ့အချက်ကတော့interpreter ကကြားခံ object code ကို မထုတ်ဘဲ တိုက်ရိုက် executeလုပ်ပေးခြင်းပဲဖြစ်ပါတယ်။

Execution process ကprogram ထဲမှာရှိတဲ့statement တွေအားလုံး ကိုမပြီးမချင်းလုပ်ဆောင်ပါတယ်။ statement အားလုံးပြီးသွား ပြီဆိုရင်တော့ program ကို terminate အဆုံးသတ် တယ် လို့ခေါ်ပါတယ်။ program မှာ input & output ဆိုပြီးနှစ် မျိုးရှိပါတယ်။ input ဆိုတာ အသုံးပြုသူuser ထံက ရရှိတဲ့အချက် အလက်ဖြစ်ပါတယ်။ ရရှိတဲ့ အချက်အလက် တွေကို computer ကexecuteလုပ်ပြီးထုတ်ပေးတဲ့အရာကို output လို့ခေါ်ပါတယ်။ Statement တစ်ခုရဲ့ outputဟာ တစ်ခြားstatementတစ်ခုရဲ့ input လဲဖြစ်နိုင်ပါတယ်။

Introduction to Java ( ဂျာဗားနှင့်တွေ့ဆုံခြင်း)

Java programming language ကSun Microsystems က၁၉၉၀ ပြည့်နှစ်လောက် ကမိတ်ဆက်ပေးပြီး ၊ ယခုအချိန်မှာတော့ အလွန်ကို အသုံးများတဲ့  language တစ်ခုဖြစ်နေပါပြီ ။ Java program ၏ တည်ဆောက်ပုံဟာ object နှင့် class အပေါ် တွင် မူတည် နေသောကြောင့်Java သည်object oriented programming language တစ်ခုဖြစ်ပါတယ်။ တစ်ခြား language တွေထက် java ရဲ့ အားသာချက်ကတော့မည်သည့် OS မှာ မဆို execute လုပ်နိုင်ခြင်း ပင်ဖြစ်ပါတယ်။

Compiling Java programJava ကို compile လုပ်ရာတွင် အခြားသော language များနှင့် ကွဲပြားခြားနားပါတယ်။ objectcode ထုတ်မည့်အစား java သည် byte code ဟုခေါ်သော ကြားခံ code တစ်ခုကို ထုတ်ပေးပါတယ်။၎င်းbyte code ကို processor က နားလည်မည်မဟုတ်ပါ။Bytecode များကိုmachine က နားလည်စေနိုင်ရန်အတွက် JVM (java virtual machine) ခေါ်သော softwareတစ်ခုလိုအပ်ပါသည်။ Java byte code များက JVM software က execute လုပ်ပြီး output အဖြစ် machinecode နားလည်သော code အဖြစ်ပြောင်းပေးပါတယ်။JVM ရှိမည်ဆိုပါက မည်သည့် OS တွင် မဆိုjavaကို execute လုပ်နိုင်ပါသည်။ထို့ကြောင့် java သည်(Write once,run any where) တစ်ကြိမ်သာရေးပါ။ကြိုက်သည့်OS ပေါ်တွင် run နိုင်သည် ဟူသော ဂုဏ်ပုဒ်ကိုရရှိခဲ့ပါသည်။နည်းပညာအားဖြင့်ပြောရမည်ဆို လျှင် byte code ထက် object code က ပို ၍လျှင်မြန်စွာexecuteလုပ်နိုင်ပါသည် ။ ထို့ကြောင့် byte code သုံးခြင်းသည် translation layer များကို လိုအပ်စေပါသည်။ဒါပေမယ့် ယခုခေတ်မှာတော့ hardware များ၏ လုပ်ဆောင်မှုများက အမြန်နှုန်း ကွာခြားချက်များကိုမမှုတော့ပါဘူး။

Judul: Programming နှင့်မိတ်ဆက်ခြင်း
Rating: 100% based on 99998 ratings. 5 user reviews.
Ditulis Oleh ကွန်ပျူတာ




Di Posting Oleh ကွန်ပျူတာ, Pada 11:35:00 PM dan 0 comments

Ditulis Oleh : YOUR NAME | YOUR DESCRIPTION

Anda sedang membaca sebuah artikel yang berjudul Programming နှင့်မိတ်ဆက်ခြင်း. Dengan url https://computerknowledgeitshare.blogspot.com/2016/08/programming.html. Jika anda suka dengan artikel ini silahkan ambil dengan syarat Term of Use. Jika anda ingin meng copy-paste tolong berikan sumbernya dan baca terlebih dahulu Term of Use.

:: Thank's for visiting ! ::