0 PlayStation2 Game Server တစ်ခုတည်ဆောက်ခြင်း ( ၁ )

BLOG NAME || Artikel: PlayStation2 Game Server တစ်ခုတည်ဆောက်ခြင်း ( ၁ )
Share Gan:

  PS2 sever တစ်ခုပြုလုပ်ခြင်းသည် သာမန် LAN Network တစ်ခုချိတ်ဆက်ခြင်းနှင့် အလွန်အမင်းကွာခြားမှုမရှိပါ လိုအပ်သည်မှာ ကွန်ပျူတာ တစ်လုံးနှင့် LAN Network တစ်ခုပင်ဖြစ်သည်
PS2 Sever တစ်ခုတည်ဆောက်ရာတွင် အပိုင်းသုံး ( သုံး ) ပိုင်း ခွဲပြီး ပြုလုပ်ရမည်ဖြစ်ပါသည်
ပထမအပိုင်းတွင် ကျွန်ပျူတာတွင်လိုအပ်သော Setting များကို ချိန်ညိုခြင်းကိုပြသပါမည်  PS2 Sever တစ်ခုတည်ဆောက်ရန်အတွက် Windows xp, 7 , 8 တို့ကိုအသုံးပြုနိုင်ပါသည်/
ဒုတိယပိုင်းတွင် PS2 စက်ပေါ်တွင်လိုအပ်သော Setting များကိုချိန်ညှိရန်ဖြစ်သည်
တတိယအပိုင်းတွင် ကွန်ပျူတာပေါ်သို့ PS2 ဂိမ်းခွေထည့်သွင်းခြင်းများ/ PS2 ဂိမ်းစက်များကို ချိတ်ဆက်ဆော့ကစားခြင်းများကို ဖော်ပြပေးသွားမည်

ပထမ ကွန်ပျူတာ တွင်ချိန်ညှိရမည့် Settingများကို လေ့လာကြည့်ကြပါမည်

၁: : ရှေးဦးစွာ Server တည်ဆောက်ရန် ကွန်ပျူတာနှင့် PS2 စက်များကို Network ကြိုးများဖြင့်  Switch ကိုအသုံးပြုပြီး ချိတ်ဆက်ရမည်

၂: : ထို့နောက် ကွန်ပျူတာတွင် Start>Control Panel> Network and Sharing > Change Adapter Setting သို့အဆင့်ဆင့်ဝင်ရောက်ရပါမည်

PS2 စက်များမှ Switch မှတစ်ဆင့်ချိတ်ဆက်ထားသော ကွန်ပျူတာမှ Ethernet Icon ပေါ်တွင် Right click နှိပ်ပြီး Properties ကိုရွေးချယ်ပေးရမည်

Internet Protocol Version 4 (TCP/IPv4) ကိုရွေးချယ်ပြီး Properties Button ကို Click တစ်ချက်နှိပ်ပေးရမည်
User the Following IP Address ကိုရွေးချယ်ပြီး IP Address နေရာတွင် 192.168.0.2 ဟုရိုက်ထည့်ပေးရပါမည်
ကျွန်တော်ဆီမှာကတော့ အများကြီးဖြစ်နေလို့ ပုံအတိုင်းမလုပ်ပါနှင့်
ထို့နောက် Keyboard မှ TAB တစ်ချက်ပုတ်လိုက်သောအခါ Subnet Mask တွင် 255.255.255.0 ဟုပေါ်လာပါမည် ထို့နောက် OK ကို click နှိပ်ပါ ထိုအခါ PS2 Sever ပြုလုပ်ရန်အတွက် Network Configuration အစီစဉ်ပြီးဆုံးမည်ဖြစ်သည်
 ထို့နောက် ပြုလုပ်ရမည့်နောက်တစ်ဆင့်မှာ PS2 Game များထားရန်နေရာကို Share ပြုလုပ်ပေးရန်ဖြစ်သည် ထို့သို့မပြုလုပ်မီတွင် PS2 Game ထားရန်နေရာကို Drive တစ်ခုအဖြစ်သတ်မှတ် ခွဲပေးထားရန် လိုအပ်သည် ထို့သို့ပြုလုပ်ရန် EASEUS Partition Master v9.1.1 Professional Edition Full Software ကိုအသုံးပြုရမည်ဖြစ်သည်
အခုချိန်မှာတော့ Version အသစ်တွေများစွာ တခြား Partition ပိုင်းတဲ့ ဆော့ဖ်ဝဲလ်များစွာလည်းရှိပါသည်
ဆော့ဝဲလ်သွင်းတဲ့နည်းကိုတော့ မဖော်ပြပေးတော့ပါဘူး ဆာဗာလှမ်းနေပြီဆိုမှတော့ ဆော့ဝဲလ်သွင်းတာလောက်တော့ သိနေမည်ဟု မှတ်ယူပါသည်
Easeus Partition Master
ကိုဖွင့်လှစ်ရပါမည်
 သတိပြုရန်အချက်မှာ PS2 Sever အတွက် Hard Disk တစ်လုံး သီးသန့်ထားလျှင် ပိုမိုကောင်းမွန်သော်လည်း တစ်လုံးသီးသန့်မထားနိုင်လျှင် Partition ခွဲရပါမည် ထိုသို့ပြုလုပ်ရန်  Easeus Partition Master တွင်ပြုလုပ်ရပါမည် PS2 Sever ပြုလုပ်ရန် Hard Disk ပမာဏများလေလေ ဂိမ်းများပိုမိုထည့်သွင်းနိုင်လေလေ ဖြစ်သောကြောင့် 300GB ထက်ပိုမိုများပြားသော Space ကို အသုံးပြုနိုင်ပါက ပိုမိုကောင်းမွန်ပါသည်/



Judul: PlayStation2 Game Server တစ်ခုတည်ဆောက်ခြင်း ( ၁ )
Rating: 100% based on 99998 ratings. 5 user reviews.
Ditulis Oleh ကွန်ပျူတာ




Di Posting Oleh ကွန်ပျူတာ, Pada 8:46:00 AM dan 0 comments

Ditulis Oleh : YOUR NAME | YOUR DESCRIPTION

Anda sedang membaca sebuah artikel yang berjudul PlayStation2 Game Server တစ်ခုတည်ဆောက်ခြင်း ( ၁ ). Dengan url https://computerknowledgeitshare.blogspot.com/2017/02/playstation2-game-server.html. Jika anda suka dengan artikel ini silahkan ambil dengan syarat Term of Use. Jika anda ingin meng copy-paste tolong berikan sumbernya dan baca terlebih dahulu Term of Use.

:: Thank's for visiting ! ::