0 Newbies Hacker Tutorial ( လျှို့ဝှက်ချက် ကလေးများ )

BLOG NAME || Artikel: Newbies Hacker Tutorial ( လျှို့ဝှက်ချက် ကလေးများ )
Share Gan:



လူငယ်တော်တော်များများ က အီးမေးလ် ဘယ်လို ဟက်လို့ ရမလဲ ဆိုတာကို အမြဲတမ်း စူးစမ်းနေတာ ကို

ကျနော်သိပါတယ်။ အခု စာဖတ်သူတွေ အနေနဲ့ လဲ ဒီ ပို့ စ်လေး ကို ဖတ် ကြတာ ကလည်း သူများ မေးလ်ကို

ဟက်ဖို့ စိတ်ဝင်စား တယ်ဆိုတာ ပစ်မလွဲပါဘဲ ဗျာ။ ကောင်းပြီးဗျာ .. အီးမေးလ် တစ်ခု ကို ဟက်တော့

မယ်ဆိုရင်တော့ တကယ့်ကို အလုပ်များတဲ့ အလုပ်ပါ. တစ်ချို့ သူတွေ မေးကြပါတယ် မေးလ် password

ကိုဘယ်လို ဟက်မလဲ တဲ့.. ဟက်လို့ရလား တဲ့ .. ဟက်လို့ တော့ ရပါတယ် ဒါပေမယ့် မိမိ ဟက်ချင်တဲ့ သူကို

သူက သူ့ password ကို သူ့ ဖာသာ သူ ပေးမှန်းမသိ ပေးမိအောင် လိမ်ညာပြီး ဟက်တဲ့ နည်း က တော့

ပျော်စရာအကောင်းဆုံးပါဘဲ ဗျာ .အများစု က တော့ phishing ကိုသုံးကြတာပေါ့.

အီးမေးလ် ကို ဟက်လို့ ရပါသလား ။

ဘယ်အရာမဆို ကွန်ပြူတာ နဲ့ ပတ်တာ တွေမှန်သမျှအားလုံး က ဟက်လို့ရပါတယ်။ သို့ ပေမယ့်လဲ

ဘယ်လိုဟက်မလဲ ဆိုတဲ့ တကယ့်နည်းလမ်းတွေ ကိုမသိခင်လေး မှာ အောက် ပါ အချက်လေး တွေကို တော့

သိသင့်တယ်လို့ မျှော်လင့်ပါတယ်.


၁။ ခလုတ်လေး တစ်ချက်နိုပ်ရုံ နဲ့ မိမိ ဟက်ချင်တဲ့ password ကို ဘွားခနဲ့ ပေးတဲ့ ဆော့ဝဲမရှိဘူး ဆိုတာပါဘဲ။

အကယ်၍စာဖတ်သူ က ဆိုဒ်တွေမှာ လိုက်ကြည့်ပြီးတော့ တချို့ ဆိုဒ်က ဆော့ဝဲလ်ဟက်တဲ့ ပရိုဂမ် လို့

ကြော်ငြာထားခဲ့ ရင်တော့ မယုံပါနဲ့ လို့ အကြံပေးချင်ပါတယ်။

၂။ တချို့ ဆားဗစ်တွေ ရှိပါတယ် ဒေါ်လာတစ်ရာ နှစ်ရာ ပေးရင် ဟက်ပေးပါတယ်။ လုံးဝမယုံပါနဲ့ လို့

အကြံပေးပါတယ်။ အများစု က scam ထက်မပိုပါဘူး။

အဲ့ဒါကြောင့် စာဖတ်သူ တို့ မှတ်ထားရမှာ တော့ အဲ့လိုကြော်ငြာထားတဲ့ အရာအားလုံးက တော့

အမှိုက်အရှုပ်တွေပါဘဲ။ အီးမေးလ် ဟက်ကင်း ဆားဗစ် သို့ မဟုတ် အီးမေးလ် ဟက်ကင်း အတွက် အထူး

ပရိုဂမ် ဆိုတာလဲ မရှိပါဘူး.


အီးမေးလ် password တွေကို ဘယ်လိုဟက်မလဲ။

အီးမေးလ် တစ်ခု ကို ဟက်ဖို့ က တော့ လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုမှာ မိမိဟက်ချင်တဲ့ သူရဲ့

အီးမေးလ် အကောင့်လေး ကို ရိုက်ထည့်ပြီးတော့ ကွန်ပြူတာ မျက်နှာပြင်လေး ကို ပြူးတူးတူးလေး နဲ့ 

ကြည့်နေရုံ နဲ့ ဒီဒါ က ပါတ်စဝေါ့ ပါလို့ လုပ်လို့ မရပါဘူး။ တကယ်တော့ မိမိ ဟက်ချင်တဲ့ သူ ရဲ့

အားနည်းချက်ကို သာ အသုံးချပြီးတော့ လိမ်လည် လှည့်ယူတဲ့ နည်းက တော့ အသက်သာဆုံးပါဘဲ.. ။ ကျနော်

သိတဲ့ အဓိက အီးမေးလ် ဟက်နည်း တွေက တော့

၁။ Remote Spy system

၂။ Phishing

၃။ Brute forcing

၎။ Social engineering

၅။ USB Thief . .. တစ်ကယ်တမ်းတော့ ဟက်နည်းတွေ က တော့ ငါးမျိုးထက်မနည်းရှိပါတယ်..

အများကြီးပါ...ဒါပေမယ့် ဒီငါးမျိုး ကတော့ newbies တွေအတွက်အသုံးလွယ်မယ့်နည်း တွေပေါ့ ဗျာ.. တခြား

sub seven တို့ netbus တို့ orkut တို့လည်း ရှိပါတယ် အဲ့ဒါတွေက တော့ advance တွေပေါ့ .. ဖိုရမ်က

ဟက်ကင်းနည်း ရေးခွင်ပေးမပေး တော့ ကျနော် မသိသေးပါဘူး ကျနော် အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်တော့

ကျနော် စည်းကမ်းချက်တွေ တစ်ခါမှ ဖတ်ဖို့အချိန်မရခဲ့ပါဘူး .. :P နောက်တစ်ခါတော့

ကြိုးစားအချိန်ပေးပြီးဖတ်ပါ့မယ်..

၁။ Remote Spy system

ဒီနည်းက တော့ ကျနော်ပြောတဲ့ နည်းငါးမျိုးထဲ က အလွယ်ကူဆုံး နဲ့ အားစိုက်စရာ မလိုတဲ့ နည်းတစ်မျိုးပါဘဲ။

အများစု က တော့ key logger လို့ လဲ သိကြပါတယ်။ key logger ကတော့ ကွန်ပြူတာ လုပ်သမျှ အရာတွေ

ကိုမော်နီတာ လုပ်ပေးတဲ့ ပရိုဂမ်အသေးစား ဖြစ်ပါတယ်။ key logger ကို စသွင်းလိုက်ပြီးဆိုက တည်းက ပရိုဂမ်

မှာ auto start up နဲ့invisible mode နဲ့ စတင် run ပြီးတော့ ကွန်ပြူတာ မှာ အသုံးပြုသူရိုက်ထည့်သမျှ

keystroke အားလုံးကို မှတ်သားထားပါတယ်။ တချို့  အဆင့်မြင့် key logger က တော့ screen shots &

monitor every activity on the computer အားလုံးကို မှတ်ထားပါတယ်။ key logger ကို အင်စတော လုပ်ပြီး

တော့ အသုံးပြုဖို့က တော့ မည်သည့် ကွန်ပြူတာ ဗဟုတုတ အသိပညာမလိုအပ်ပါဘူး။ အဲ့ဒါကြောင့်မို့ 

တော်ရုံတန်ရုံ ကွန်ပြူတာ အသုံးပြုတက်သူ တွေ အတွက်လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။

ကွန်ပြူတာ စစ အသုံးပြုတဲ့ သူတွေ အတွက် တော့ အသုံးပြုရန် အလွယ်ကူဆုံး ပရိုဂမ်ဖြစ်ပါတယ်။


၂။ Phishing

Phishing ဆိုတာ က ကွန်ပြူတာ ရပ်ဝန်းနယ်ပယ်မှာ web page အတုတစ်ခုပြုလုပ်ပြီးတော့ မိမိ ဟက်ချင်တဲ့

သားကောင်း ကို သူရဲ့ အကောင့် ကို အသုံးပြုပြီးတော့ လော့အင် လုပ်ခိုင်းပြီး ခိုးယူချင်းဖြစ်ပါတယ်.. phishing

ကတော့ ယုံကြည့်မှုကို အလွဲသုံးစား ပြုပြီးတော့ ခိုးယူခြင်းတစ်မျိုးပါဘဲ။ တစ်ချို့ သူတွေ ရှိပါတယ် g mail.

Face book. Twister . တို့ အတွက် web page အတုပြုလုပ်ကြပြီး တော့ အကောင့်ကို ခိုးယူ ကြပါတယ်။

phishing ကိုအသုံးပြုပြီးတော့ မည်သည့် အရာမဆိုနည်းပါလောက်ကို ခိုးယူလို့ရပါတယ်။ စာဖတ်သူတို့တောကီ

ကောင်းရင်တော့ မိမိ phishing လုပ်ထားတဲ့ web page ကို မိမိ သားကောင်ဆီ ပို့ ကာ သူ့ဆီက အကောင့် နဲ့ 

ပတ်စ်ဝေါ့ကို အသာလေး မေးလ်ထဲ က နေထိုင်ယူယုံပါဘဲ။ ဘဏ်အကောင့်၊ ခရက်တစ်အကောင့်၊

မေးလ်အကောင့်၊ electronic communication နဲ့ ပတ်သက်တာ မှန်သမျှ အားလုံး အပါအဝင်ဖြစ်ပါတယ်။

phishing ကို စိတ်ဝင်စားတယ်ဆိုရင် တော့ ကျနော့်ကို ဆက်သွယ်ပြီးတော့ မေးမြန်းနိုင်ပါတယ်။ ကျနော်

ကျောင်းနဲ အလုပ်မသွားတဲ့ နေ့ ကျရင် ပြန်လည်ဆက်သွယ်ပါ့မယ်။ နောက်မဟုတ်ရင် လဲ ကျနော့် g mail

ကိုမေးလ် ပို့ ပြီးတော့ မေးထားလို့ရပါတယ်။ မေးလိပ်စာက တော့ ကျနော့်စာမျက်နှာမှာရှိပါတယ်.. ဒီမှာ

မကြော်ငြာ တော့ပါဘူး.။

၃။ Brute forcing

Brute forcing ဆိုတဲ့နည်းလမ်းက တော့ လူသိနည်းတဲ့ နည်းလမ်းတစ်မျိုးပါဘဲ ။ အသုံးပြုတာလဲ နည်းပါတယ်.

ကျနော် အမှန်တိုင်းပြောရမယ်ဆိုရင် ကျနော် ဒိနည်းကို တစ်ခါမှ မစမ်းဘူးသေးပါဘူး

.စာဖတ်ထားသလောက်တော့သိပါတယ်။ hot mail acc ကိုတော့ brute force လုပ်လို့ရတယ်လို့ ဖတ်ရပါတယ်။

လုပ်တဲ့ အခါကျရင်လဲ မိမိ က စာလုံးတွေအများကြီးပါတဲ့ word list ကနေပြီးတော့ multiple choice လုပ်သမျိုး

ရွေးရပါလိမ့်မယ်။ သာမန်အားဖြင့်တော့ g mail တို့ yahoo တို့ ကျတော့ log in chance ကို

လစ်မစ်လုပ်ထားကြတာများတယ်။ သူပေးထားတဲ့ word list ကိုတစ်ခေါက်သုံးပြီးရင် နောက်တစ်ခါ

ထပ်သုံးလို့မရတာများပါတယ်။ g mail နဲ့ yahoo တို့ မှာ ကျတော့ အရမ်းကောင်းတဲ့ စစ်စတမ်တွေကာထားတဲ့

အတွက်ကြောင့်မို့လို့ဟက်ဖို့မလွယ်ပါဘူး ဒီနည်းလမ်းနဲ့ ။ အခု ကျနော်တို့ ဟက်ကာအသိုင်းအဝိုင်းမှာ

ရေပန်းအစားဆုံး ငြင်းခုံစရာ တော့ပစ်တစ်ခုလည်း ဖြစ်နေတာပေါ့ ဗျာ ။ ဒီနည်းလမ်းနဲ့ ဟော့မေးလ် ကို

ပတ်စဝေါ့ကို ဟက်လို့ရပြီးလို့တော့ ပြောနေကြပါပြီး။ ကျနော်က တော့ multiple choice လို မျိုး လုပ်ရတာ

ကျနော် က တော့ စိတ်သိပ်မဝင်စားပါဘူး။ သူငယ်ချင်း တို့ အဲ့အကြောင်း ပိုသိချင်ရင်တော့ ကျနော်

နောက်ပို့စ်တစ်ခုမှာ ထပ်ရေးပေးပါ့မယ်။

brute forcing မှာ မှ BRUTUS ဆိုတဲ့ ဆော့ဝဲလ် ကတော့ နာမည်အကြီးဆုံးနဲ့ နီးစပ်တဲ့ word list ကိုပေးပါတယ်။

ဒါပေမယ့် တစ်ခုတော့ အကြံကြိုပေးထားပါ့မယ်.. ဒီနည်းလမ်းကို စမ်းမယ်ဆိုရင် တော့ အနည်းဆုံးတော့

စာဖတ်သူမှာ word list ကို multiple choice ရွေးတဲ့ အရည်ချင်းကောင်းကောင်းမွန်မွန် ရှိဖို့လိုပါလိမ့်မယ်။


၎။ Social engineering

Social engineering ဆိုလို့ သိပ်နည်းလမ်းမဝင်ဘူး.. အသုံးမဝင်ဘူးလို့မမှတ်လိုက်ပါနဲ့  စာဖတ်သူတို့ က

ဟက်ချင်တဲ့ သူ ကို တောကီကောင်းကောင်း ပစ်နိုင်ရင် ရပါတယ်။ ကျနော်လည်း အရင်တုန်းက ဒီနည်းလမ်းကို

အသုံးမဝင်လောက်ဘူး လို့ထင်နေတာ.. ဒီနည်းလမ်းကတော့ ဘာပညာသားမှ တော့မပါဘူး။ ကျနော်

အရင်တုန်းက စမ်းဖူးပါတယ် ကျနော့် ဆရာမ အကောင့်ကို ပါ. ပထမတော့ orkut

သုံးမလို့စဉ်းစားထားလိုက်တယ်.. နောက်ဆုံးတော့ ဆရာမလည်း ကျနော် နဲ့ တောကီပွားလို့တည့်သွားတာ နဲ့ 

ကျနော် သူ့ရဲ့ အကောင့်ကို အသာလေး ဟက်လို့ရသွားပါတယ်။ အော်ဒါနဲ့ social engineering ဆိုတာဘာလဲ

ဆိုတာတောင်မပြောရသေးဘူး .. ဟက်ကင်းကို လေ့လာဖူးတဲ့ သူတွေက တော့ သိပါတယ် ဒါပေမယ့် newbies

တွေ အတွက်ကတော့ မသိဖို့များပါတယ်.. ကျနော်လမ်းကြုံတုန်းလေး ပြောလိုက်ပါ့မယ်.. ဆိုရှယ်

အင်ဂျင်နီယားရင်း ဆိုတာ က မိမိ ရဲ့သားကောင်ကို စကားဝင်ရောက် အရောဝင်ပြောပြီး သူ့ ရဲ့ ယုံကြည်မှုကို

ရယူပြီးတော့ သူ့ ရဲ့ personal သတင်းအချက်လေး တွေကို မေးရမှာဖြစ်ပါတယ်။ အဲ့လိုမေးပြီးတော့

အလွယ်တကူဘဲ forget password ကိုသွားပြိး recovery လုပ်တဲ့ နေရာမှာ မိမိ သိထားတဲ့ သူ့ personal

အချက်လေး တွေကို ဖြည့်ပြီးတော့ recovery လုပ်ယူရတဲ့ နည်းပါဘဲ.။ . မြန်မာပြည်မှာ အသုံးဝင်မဝင်တော့

မသိပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာပြည်က သူ တွေအများစု က မိမိ ရဲ့ personal အချက်အလက်တွေကို

အမှန်တိုင်းမဖြည့်ကြတာများလို့ပါ.. ဒါပေမယ့် ကျနော်တို့ဆီမှာတော့ .. အသုံးဝင်ပါတယ်။ .. စာဖတ်သူတို့

ဗဟုတုတ ရစေလိုတဲ့ စိတ်ကူးနဲ့ ထည့်ရေးပေးလိုက်ဖြစ်ပါတယ်။

၅။ USB Thief

အားလုံးသိထားကြ သလိုမျိုး ကွန်ပြူတာ အများစု က နေ့တိုင်းသုံးတဲ့ ပေါ်မှာ မူတည်ပြီးတော့ instant

messenger passwords တွေကို မှတ်ထားကြပါတယ်.. MSN, Yahoo, AOL , Windows messenger

တို့လိုမျိုးပေါ့ဗျာ။. တချို့တွေဆိုရင် outlook express, SMTP, POP, FTP accounts တွေဆို ရင်

တစ်ခါတစ်လေကျရင် IE တို့ Firefox တို့မှာ အော်တိုမှတ်ထားတဲ့ အခါလည်း ရှိပါတယ်။ အဲ့လိုကျန်တဲ့

အခါမျိုးတွေကျရင် စာဖတ်သူတို့ က အလွယ်တကူလေးဘဲ tools လေးတွေ သုံးပြိးတော့ stored လုပ်ထားတဲ့

နေရာက နေပြီးတော့ ယူလိုက်ရုံပါဘဲ။ အသုံးပြုဖို့လိုအပ်တဲ့ tools တွေက တော့ Messengers, Mail

Pass View, IE Pass view, Protected Storage Pass View, Password Fox ဆိုတဲ့ tools ငါးမျိုးကို ကျနော်

ပြောတဲ့နည်းတဲ့နည်း အတိုင်း သုံးမယ်ဆိုရင် အလွယ်တစ်ကူအသုံးပြုလို့ရပါတယ်။ ကျနော် နောက်ပို့စ်လေး မှာ

USB Thief နည်းလေးကို ဘယ်လိုသုံးမလဲ ဆိုတာကို ဆက်လက်ဖော်ပြပေးပါ့မယ်။ အခုတော့

အိပ်ငိုက်ပြီးဗျို့..... အခုပို့စ်မှာတော့ စာတွေချည်းပါဘဲ . ဆော့ဝဲလ်တွေကို ကျနော် နောက်ပို့စ်တစ်ခုမှာ

ထပ်တင်ပေးဖို့ မျှော်မှန်းပါတယ်.. ကျနော် အချိန်ပေးပြီးရေးထားတာကို အချိန်ပေးပြီး ဖတ်သွားတဲ့ ..

ဟက်ကင်းစိတ်ဝင်စားတဲ့ စာဖတ်ပရိတ်သတ်ကြီး ကိုလည်းအများကြီး ကျေးဇူးတင်ပါတယ်။
Judul: Newbies Hacker Tutorial ( လျှို့ဝှက်ချက် ကလေးများ )
Rating: 100% based on 99998 ratings. 5 user reviews.
Ditulis Oleh ကွန်ပျူတာ




Di Posting Oleh ကွန်ပျူတာ, Pada 11:07:00 AM dan 0 comments

Ditulis Oleh : YOUR NAME | YOUR DESCRIPTION

Anda sedang membaca sebuah artikel yang berjudul Newbies Hacker Tutorial ( လျှို့ဝှက်ချက် ကလေးများ ). Dengan url https://computerknowledgeitshare.blogspot.com/2016/08/newbies-hacker-tutorial.html. Jika anda suka dengan artikel ini silahkan ambil dengan syarat Term of Use. Jika anda ingin meng copy-paste tolong berikan sumbernya dan baca terlebih dahulu Term of Use.

:: Thank's for visiting ! ::