0 A Brief History of Metasploit
Security လုပ်ငန်းများအတွက် Metasploit project ကို နည်းလမ်းချပြီး စတင် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာကတော့ HD Moore ပဲဖြစ်ပါတယ်။ HD ဟာ သူ့ရဲ့ exploit code တွေကို ချပြနိုင်ဖို့အတွက် ဆင်ဆာလုပ်တာတွေ၊တရားဝင် ပြုလုပ်မှရမယ်ဆိုတာကိုသဘောပေါက်နားလည်ခဲ့ပြီး အချိန်အများအပြားကို အသုံးပြုကာဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ exploit တွေ ကို တိုးတက်စေဖို့ အတွက် လွယ်ကူစွာ ပြုပြင်ပြောင်းလဲနိုင်ပြီး ထိန်းသိမ်းထားနိုင်စွမ်းရှိတဲ့ framework တစ်ခုကို စတင်ပြီးဖန်တီးပါတော့တယ်။ 2003 , Oct မှာ Perl-base နဲ့ဖန်တီးထားပြီး စုစုပေါင်း exploit ၁၁ ခုပါဝင် တဲ့ သူ့ရဲ့ ပထမဦးဆုံးဖန်တီးမှုကိုစတင်ဖြန့်ချီလိုက်ပါတယ်။
2004,April မှSpoonm ရဲ့အကူအညီနဲ့ ပြန်ပြီးေ၇းထားတဲ့ Metasploit 2.0 ကို HD မှ ထပ်မံ ဖြန့်ချီလိုက်ပါတယ်။ အဲ့ဒီ version မှာ exploit ၁၉ ခု နဲ့ payload ၂၇ ကျော်ပါဝင်ခဲ့ပါတယ်။ဒီဖြန့်ချီမှုပြီးနောက် သိပ်မကြာခင်မှာပဲ Matt Miller (Skape) ဟာ Metasploit development team ကိုလာရောက်ပူးပေါင်းခဲ့ ပြီး ဒီ project ဟာ လူသိများလာပါတော့တယ်။ Metasploit Framework ဟာ သတင်းအချက်အလက်ဆက်သွယ်မှု လုံခြုံရေးမှာ အရမ်း ကိုအရေးပါအရာရောက်လာပြီး penetration testing နဲ့ exploitation အတွက် လိုအပ်တဲ့ tool တစ်ခုဖြစ်လာပါတော့တယ်။
2007 ခုနှစ်မှာ အားလုံးကို Ruby programming language နဲ့ ပြန်လည်ရေးသားပြီးနောက်မှာ Metasploit 3.0 အဖြစ်နဲ့ Metasploit team မှ ဖြန့်ချီခဲ့ပါတယ်။ အဲ့ဒီ Perl ကနေ Ruby ကို ပြောင်းရွေ့ ရေးသားမှုဟာ အချိန် ၁၈ လ ကြာမြင့်ခဲ့ပြီး code အသစ်ပေါင်း 150,000 lines ကျော်ပါဝင်ခဲ့ပါတယ်။ဒီ Metasploit 3.0 ဖြန့်လိုက်တာနဲ့အတူ Metasploit ကို security community တွေနဲ့ သုံးဆွဲသူအရေအတွက် ကြီးမားစွားတိုးတက်လာခဲ့ ပါတော့တယ်။
2009 ခုနှစ်ကုန်မှာတော့ Rapid7 မှ Metasploit ကိုပိုင်ဆိုင်ဖို့ကြိုးစားလာပြီး HD မှ Metasploit Framework ရဲ့ တိုးတက်မှုအတွက် လက်ခံခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Rapid7 မှ Metasploit Framework ကို အခြေပြုထားတဲ့ Metasploit Express နဲ့ Metasploit Pro ဆိုတဲ့နှစ်မျိုးကို ဖြန့်ချီလိုက်ပါတယ်။ Metasploit Express ဟာ ပေါ့ပါးတဲ့ version ဖြစ်ပြီး Metasploit Framework ကို GUI အဖြစ်ပါထပ်ပေါင်းထားပါတယ်။ Metasploit Pro ကတော့ Metasploit Express ကို အကျယ်ချဲ့ထားတဲ့ version ဖြစ်ပြီး စုပေါင်းပြီး penetration testing လုပ်နိုင်ဖို့အတွက် one-click VPN tunnel နဲ့ အခြား features တွေများစွာထည့်သွင်းထားပါတယ်။
အိုးခီ... ကြားထဲကဟာတေတော့ပြောတော့ဘူးဗျာ..မလိုဘူးထင်လို့... ဟီးဟီး .. biggrin biggrin .. ကဲ ကဲ ..ဆက်ဆွဲရအောင်ဗျို့ ....... . ... .
Penetration Testing Execution Standard (PTES)
PTES ဒါကတော့ Pen-test အတွက် စံသတ်မှတ်ချက်ပါ။ဒီသတ်မှတ်ချက်တွေကို အတွေ့ကြုံ ရှိတဲ့ Pen-test သမားကြီးတွေစုပေါင်းပြီးတော့ ထုတ်ထားတာပဲဖြစ်ပါတယ်။ စုစုပေါင်း (၇) ချက် ရှိပါတယ်။ကဲဘာတွေလဲ နည်းနည်းဖော ကြည့်မယ်နော်... ဟီးဟီးး.. biggrin
1.Pre-engagement Interactions
Pre-enagement interactions ဆိုတာကတော့ ပုံမှန်အားဖြင့် ကျနော်တို့ရဲ့ client နဲ့ စမ်းသပ်ပြီး ပြန်လည်ဆွေးနွေးတဲ့အချိန်လိုမျိုးမှာဖြစ်တတ်ပါတယ်။ကျနော်တို့ ဘယ်လိုအကျိုးမြတ်တွေရမလဲ ၊တကယ့် engagement ဖြစ်ရင် ဘာ Goals တွေရရှိမလဲ၊ ဘာတွေ ကြုံတွေ့ရမလဲဆိုတာတွေကို ပြင်ဆင်ထားတာပဲဖြစ်ပါတယ်။
2.Intelligence Gathering
Intelligence gathering phase,ကျနော်တို့ တွေ attacking တစ်ခုလုပ်တော့မယ်ဆိုတာ့နဲ့ အရင်ဆုံး target ရဲ့ သတင်းအချက်အလက်တွေကို social-media networks, Google hacking, footprinting စတာတွေနဲ့ ရယူစုဆောင်းရပါတယ်။ဒီလို target ရဲ့ ဘယ်လိုပြုမူတတ်သလဲ ၊ ဘယ်လိုလည်ပတ်နေသလဲ ၊ ဘယ်လိုတိုက်ခိုက်နိုင်သလဲ စတဲ့အကြောင်းတွေကို ရနိုင်သလောက်စုစည်းတာဟာ အရေးကြီးတဲ့ အရည်အချင်းတစ်ရပ်ပဲဖြစ်ပါတယ်။ဒီလို အချက်လက်တွေရယူရင်းနဲ့ ဘယ် security အမျိုးအစားက ဘယ်လိုနေရာတွေမှာဘယ်လိုထိန်းချုပ်နေလဲဆိုတဲ့ target ရဲ့ တန်ဖိုးကြီးတဲ့ အရာတွေပါနားလည်မြင်တွေ့လာမှာဖြစ်ပါတယ်။
ဥပမာအားဖြင့်ပြောရရင်တော့ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုပေါ့ဗျာ ( web app လဲဖြစ်ချင်ဖြစ်မယ်၊ Server တစ်ခုလဲဖြစ်ချင်ဖြစ်မယ် ပေါ့) အဲ့ဒီ အဖွဲ့မှာသူတို့နဲ့ တွဲဖက်ထားတဲ့ ပြင်ပက devices တွေ အတွက် လမ်းကြောင်းကို သေချာ ports တွေနဲ့ သတ်မှတ်ထားပါတယ်။ တကယ်လို့ ကျနော်တို့ဟာ အဲ့ဒီ တရားဝင်မဟုတ်တဲ့ port တစ်ခုခုကနေ ၀င်မယ်.. query လုပ်မယ်ဆိုရင် သေချာတယ် block ခံရပြီ။ ဟီးဟီးး... ဒီလို blocking behavior ဟာ ယေဘုယျအားဖြင့် တော့ ကောင်းတဲ့ အကြံ ဖြစ်ပါတယ်။သူက အမှန်အကန် တစ်ပေါက်ပဲပေးထားတာကိုးးး ဟီးဟီးး... biggrin biggrin။ web app တွေမှာဆိုလဲ ဒီတိုင်းပါပဲ block ခံရပြီဆိုရင် နောက်ထပ် လာမယ့် request တွေပါ WAF ကဘန်းလိုက်တာပါပဲ။ အိုးးးခေ .. ဒီလိုဆိုတော့ ကျနော်တို့တွေ အဘန်းမခံရအောင် မဘလော့ခံရအောင် ဘယ်လိုလုပ်မလဲ.... ???? .. ဒီအတွက် ကျနော်တို့တွေ IP address ကို ranges တွေနဲ့ စပြီး စကန်လုပ်လိုက်ပါတယ်။အဲ့ဒီတော့ ဘလော့မယ် ဘန်းမယ်ဆိုတဲ့ ဟာကြီးက ကျနော်တို့ဆီ မလာတော့ပဲ သူဖွင့်ပေးထားတဲ့ အပေါက်လေးတွေ တွေ့ပြီပေါ့ဗျာ။ Scanner တွေ အလုပ်လုပ်တာကို ကျနော် Nmap scan မှာ ရေးခဲ့ဖူးပါတယ်။မထူးပါဘူး အကျဉ်းလေးရှင်းလိုက်ပါအုံးမယ်။ scan လုပ်တယ်ဆိုရင် ကျနော်တို့ scan လုပ်မယ့် IP ကို scanner က package လေးတွေအများကြီးကို port မျိုးစုံကနေ ပို့ပေးလိုက်ပါတယ်။ ဒီတော့ ဘလော့ခံရတဲ့ port၊ ပိတ်ထားတဲ့ port တွေကနေ packages တွေကပြန်မလာတော့ဘူးပေါ့ ( သူတို့လဲ အတော်လေး ဇွဲကြီးတဲ့ကောင်တေ နေမယ်။အပေါက်မဖွင့်မချင်းထိုင်စောင့်နေတော့ ပြန်ကိုမလာတော့ဘူး... ဟီးဟီး) .. ဒီတော့ ကျနော်တို့ဆီကို အဘန်းမခံရတဲ့ ပွင့်နေတဲ့ အပေါက်တွေကို ၀င်သွားတဲ့ packages တွေက ပြန်လာပြီး ဒီဟာတွေကတော့ ပွင့်နေတယ်ဆိုပြီးပြောကြပါတယ်။ ဟီးဟီး ( အချင်းချင်း ဘိခ်ျ တွေ ပြောပြနေတာပေါ့ tongue tongue) .. အဲ့လိုဆိုတော့ ကျတော်တို့ Scan လိုက်တာကနေ ပွင့်နေတဲ့ port တွေကို သိနိုင်ပြီးတော့ အဘန်းခံရ ဘလော့ခံရတာက နေဝေးးသွားပါတယ်။ ...
3.Threat Modeling
Threat modeling ကိုတော့ အပေါ် phase မှာတုန်း က info တွေ ရယူပြီး target system ရဲ့ ရှိနှင့်နေပြီးသား ယိုပေါက် ( Vul ) ကိုရယူဖို့ကြိုစားတဲ့အချိန်မှာအသုံးပြုတာပဲဖြစ်ပါတယ်။ဒီလို threat modeling လုပ်နိုင်ပြီဆိုရင်တော့ ကျနောတို့တွေဟာ ပိုမိုထိရောက်တဲ့ ဘယ်နည်းတွေကိုသုံးရမလဲ ဒီအဖွဲ့ကြီးကို ဘယ်လို သေချာပေါက် တိုက်ခိုက်နိုင်သလဲဆိုတဲ့ အချက်လက်တွေကို ရရှိမှာဖြစ်ပါတယ်။
4.Vulnerability Analysis
Target ကို ဘယ်လိုချဉ်းကပ်ပြီး တော့ Attack methods တွေကို ဘယ်လို ပြောင်းလဲပြီးအသုံးပြုလို့ရမလဲဆိုတာအတွက်ဆာင်ရွက်တာပဲဖြစ်ပါတယ်။ ဒီ Vul Analysis လုပ်တာဟာ ကျနော်တို့ အပေါ်မှာ တုန်းက ရရှိခဲ့တဲ့ account port တွေ၊ Vul scan လုပ်တာတွေ စတဲ့ အချက်အလက်တွေအကုန်လုံးကို စုပေါင်းလိုက်ပြီး ဘယ်လိုသေချာပေါက်အောင်မြင်မလဲဆိုတာကို တွက်ထုတ်ခြင်းဖြစ်ပါတယ်။
5.Exploition
Exploiton ဆိုတာကတော့ penetration test တစ်ခုအတွက် အဆွဲဆောင်နိုင်ဆုံး အပိုင်းပဲဖြစ်ပါတယ်။အတိကျဆုံး တစ်ခုပြောရရင်တော့ brute force အမျိုးအစားပေါ့နော်။ဒီအပိုင်းကိုတော့ ကျနော်တို့တွေရဲ့ မသေချာ မှုတွေ မေးခွန်းတွေ သံသယတွေလုံးဝမရှိသလောက်ကို သေချာနေတဲ့အချိန်မှ အသုံးပြုသင့်ပါတယ်။တကယ်တမ်းမှာလဲ target ပေါ်မှာရှိနေတဲ့ ကျနော်တို့ မသိနိုင်တဲ့ အကာကွယ်တွေက ဒီ exploit တွေကို အလုပ်မလုပ်အောင် ကာကွယ်ပေးပါတယ်။ဒါ့ကြောင့် ကျနော်တို့တွေ target system ရဲ့ vul ကို သေချာသိရှိပြီးမှ အဲ့ဒီ vul ကနေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
6.Post Exploitation
Post exploitation phase, ဒီ phase ကတော့ ကျနော်တို့တွေ အနည်းဆုံး system တစ်ခုကို သေချာချိတ်ဆက်မိပြီ၊ အပိုင်ချိတ်မိပြီ ဆိုတဲ့နောက်မှာ စပါတယ်။ အဲအဲ အားလုံးအိုခေပြီ ပြီးပြီလို့တော့ မတွက်လိုက်နဲ့အုံးနော့ ..လိုသေးတယ် ပြီးဖို့..ဟီးဟီး။ ဟောဒီ post exploitation ဆိုတာ အားလုံးတော့ penetration တွေအတွက် တကယ့်ကို အရေးကြီးတဲ့ အပိုင်းပဲဖြစ်ပါတယ်။ ဥပမာ ကျနော်တို့ system တစ်ခုကို exploit လုပ်ပြီးလို့ နောက်ထပ် ဆက်ပြီး ဆွဲတော့မယ်ဆိုရင် စပြီးအလုပ်ရှုပ်ပါပြီ။ကျန်တဲ့ အမျိုးမျိုး သော system တွေက ဘာတွေလုပ်ကြသလဲ သူတို့ဆီမှာရှိတဲ့ user roles တွေက ဘယ်လိုကွာခြားလဲ စတာတွေကို ပါစဉ်းစားရတော့မှာဖြစ်ပါတယ်။ ပြောရရင်တော့ ကျနော်တို့ domain infrastructure system တစ်ခုကို ရထားပြီဆိုပါစို့... ဒါဆိုရင် ကျနော်တို့ဟာ enterprise administrator အနေနဲ့ ဒါမှမဟုတ် domain administrative-level rights နဲ့ တူညီတဲ့ လုပ်ပိုင်ခွင့်ရှိနေမှာပဲဖြစ်ပါတယ်။
ကျနော်တို့ ရဲ့ နောက်ပစ်မှတ် client ဟာ software development shop ကြီးဖြစ်နေပြီး code တွေနဲ့ ရေးထားတဲ့ app ထုတ်ကုန်တွေဖြစ်နေမယ်ဆိုရင်ရော ကျနော်တို့တွေ ဒီ source code တွေမှာ backdoor ထည့်နိုင်မလားဆိုတာ သေချာပေါက်ကို စဉ်းစားရတော့မှာဖြစ်ပါတယ်။ tongue tongue....
Post exploitation ဟာ တကယ့်ကို သတိထားရမယ့် ဇာတ်ညွှန်းအပိုင်းပဲဖြစ်ပြီး အချက်လက်တွေထပ်မံရရှိပြီး အဲ့ဒီအချက်လက်တွေကနေမှ အကျိုးမြတ်ရှိအောင် သေချာအချိန်ပေးပြီး လေ့လာရမှာဖြစ်ပါတယ်။ဒီတော့ ကျနော်တို့တွေ တကယ့်ကို အနရာယ် ပေးနိုင်တဲ့ attacker ကြီးလို ကိုယ့်ဟာကိုယ် စဉ်းစားလိုက်ပါ။ပြီးရင် တကယ့် attacker ကြီးလို ဖန်တီးမှုတွေလုပ်ပါ၊ auto-mated tools တွေအစား ကိုယ်ပိုင်နည်းလမ်းနဲ့ ရအောင် စဉ်းစားပြီးဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။
7.Reporting
Reporting ဆိုတာကတော့ penetration တစ်ခုအတွက် အရေးကြီးတဲ့ အပိုင်းနဲ့ ခပ်ဝေးဝေးမှာပဲရှိနေတဲ့ဟာဖြစ်ပါတယ်။ကျနော်တို့တွေ ဒါကိုဘယ်အချိန်မှာသုံးလဲဆိုရင်တော့ ကိုယ်ဘာလုပ်တယ်၊ ဘယ်လိုလုပ်လိုက်တယ်၊ ဘာတွေအရေးကြီးတယ်၊ ဘာတွေပြုပြင်သင့်တယ်ဆိုပြီး သင်တွေ့တာကို ပြောတဲ့အချိန်ပဲသုံးပါတယ်။ White တွေပဲ လုပ်လေ့လုပ်ထရှိတဲ့ အပြုမူပေါ့ဗျာ..ပြောရရင် .. Grey တွေလဲ စိတ်ကောင်းဝင်ရင်တော့ ပြောပါတယ်။ ဟီးးးဟီးး biggrin biggrin...။
ကဲကျနော်တို့တွေ PTES ရဲ့ (၇) ချက်ကိုတော့ဖောပြီးသွားပါဘီ.. ဟီးဟီး။ ဒါဆိုကျန်တာဆက်ဖောအုံးမယ်ဗျာ.... biggrin
Types of Penetration Tests
Penteration tests အမျိုးအစား နှစ်မျိုးရှိပါတယ်။ Overt နဲ့ Covert လို့ခေါ်ပါတယ်။
1.Overt Pen-testing >> ဒါကတော့ အဖွဲ့လိုက်အလုပ်လုပ်ရပြီးတော့ security threats တွေကို ရှာဖွေပြီးသတ်မှတ်ပေးရပါတယ်။တရားဝင်လုပ်တာဖြစ်ပြီး ဘာမှ ကြောက်နေဖို့မလိုပဲ ခပ်တည်တည်ပဲဝင်ဖောက်ပြီး လုပ်တာဖြစ်ပါတယ်။ ဟီးဟီး.. ရဲဖမ်းးဘူးလဲ့.. စိတ်အေးလက်အေး အနားယူလဲ့.. အဲလေ ဖောက်ပါတဲ့ အပေါက်ကို tongue...
2.Covert Pen-testing >> ဒီတစ်ခုကတော့ attacker မှ တိုက်ခိုက်လာရင် ဘယ်လိုပြန်ပြီး တုန့်ပြန်ရမလဲဆိုတဲ့ ပုံစံ ကို အဓိကထား ထားတာဖြစ်ပါတယ်။ Overt test တွေထက်ပိုပြီး skill မြင့်မားဖို့လိုပါတယ်။
Vulnerability Scanners
Vul Scanners ဒါကတော့ ကျနော်တို့အားလုံး သိကြပြီးဖြစ်ပါတယ်။ System သို့မဟုတ် application ရဲ့ ယိုပေါက်တွေကို auto စစ်ထုတ်ပေးတဲ့ tools တွေပဲဖြစ်ပါတယ်။ဒီ vul scanners တွေဟာ ပုံမှန်အားဖြင့်တော့ target system ကို fingerprinting လုပ်ပါတယ်။အဲ့ဒီနောက်တော့ ဘယ်နားမှာ vul တစ်ခုသီးခြားစီရှိနေမလဲဆိုတာကို လိုက်ပြီး စစ်ဆေးလိုက်တာပဲဖြစ်ပါတယ်။ဒီ vul scanners တွေကတော့ ဘယ်လောက်ကောင်းကောင်း အမြဲတမ်းတော့ မကောင်းနေပါဘူး။တချို့နေရာလေးတွေကို လွတ်သွားတာမျိုးတွေ အများကြီး၇ှိပါတယ်။ခုနောက်ပိုင်းထွက်လာတဲ့ Vul Scanner တွေကတော့ အိုအောင်းနေတဲ့ system တွေ ဆိုရင် ကောင်းကောင်း အလုပ်လုပ်ပေးနိုင်ပါတယ်။
Vul scanner တွေဟာ အရေးပါပါတယ်။ ကျနော်တို့တွေ အတွက် vul မြောက်များစွာကို ရှာပေးနိုင်ပြီး exploit ပေါင်းများစွာကိုသုံးခွင့်ပေးပါတယ်။ တကယ်ကိုသုံးသင့်ပါတယ်။ ဒါပေမယ့် အရမ်းကြီး အားမကိုးမိစေဖို့တော့ ကိုယ့်ဟာကို သတိထားနေရမှာပဲဖြစ်ပါတယ်။
... မောလိုက်တာမာမီတို့ရယ် .
Di Posting Oleh ကွန်ပျူတာ, Pada 7:29:00 AM dan 0 comments
0 Mobile sim card အကြောင်း
  မိုဘိုင်း ဆင်းမ်ကဒ်အကြောင်း သိကောင်းစရာ.......... SIM Card ဆိုတာ subscriber identity module သို့မဟုတ် subscriber identification module လို အရှည်ခေါ်ပါတယ်။ မြန်မာလို တိတိကျကျကြီး ဘာသာပြန်ရရင် လစဉ်/ နှစ်စဉ်ကြေး ပေးသွင်းသူ၏ အထင်အရှားလက္ခဏာ များအား သိမ်းဆည်းထားရာ အစိတ်အပိုင်းတစ်ခု လို့ အဓိပ္ပါယ် ရပါတယ်။ တစ်ခါတစ်လေကျရင် တိတိကျကျကြီး
ဘာသာပြန်လိုက်တာထက် အင်္ဂလိပ်လို မှတ်သားတာ အကောင်းဆုံးပါပဲ။ သူက Portable Memory Chip လိုမျိုးပါပဲ။ ကြိုးမဲ့ ဆက်သွယ်ရေး နည်းပညာအတွက် အထောက်အပံ့ ပေးတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့အတွက် စကားပြောလိုလို့ ရမယ်၊ စကား အသံ
အဖြစ်သို့ ပြောင်းလဲပေးမယ့် Transmitter, Receiver ပါရှိ တယ်လီဖုန်းနဲ့ တွဲဆက်အသုံးပြုလိုက်တဲ့အခါ မိုဘိုင်းဖုန်း ဆိုပြီး ဖြစ်လာပါတယ်။ ပါဝင်တဲ့အစိတ်အပိုင်းများက ပုံမှာ ပြထားတဲ့အတိုင်းပါပဲ။ SIM card မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ ပမာဏလည်း အသင့်တင့် ရှိပါတယ်။ ယင်းကလည်း ထုတ်လုပ်သူအပေါ်မှာ မူတည်ပါတယ်။ ကျနော် တို့ မြန်မာပြည်က SIM Card မှာဆိုရင် Phone Address ဘယ်နှစ်ခု ထည့်သွင်း သိမ်းဆည်းနိုင်တယ်ဆိုပြီး သူ့အကန့်အသတ်နဲ့ သူရှိပါတယ်။ အလုပ်လုပ်တဲ့ Network အပေါ်မှာမူတည်ပြီးတော့ GSM, CDMA, WCDMA အစရှိသဖြင့် ကွဲပြားသွားပါတယ်။ GSM ဆိုရင်တော့ Global System for Mobile Communications (GSM) network ပါ။ ဒီအတွက် SIM Card မှာ ကတည်းက တစ်ခါတည်း Program သွင်းထားတဲ့အတွက် CDMA ပဲ Support လုပ်တဲ့ စမတ်ဖုန်းတွေမှာ ထည့်ပြီး အသုံးပြုလို့ မရပါဘူး။ CDMA တို့ဆိုရင်လည်း ဒီတိုင်းပဲ ဖြစ်ပါတယ်။ SIM ကဒ်ကို အကြမ်းအားဖြင့် အမျိုးအစား လေးမျိုး ထပ်ခွဲပါသေးတယ်။ H1 - သာမန်ကွန်ရက်ကို အသုံးပြုသော ဆင်းမ်ကဒ် H2 - သာမန်ထက်ပိုကောင်းသော ကွန်ရက်ကို အသုံးပြုသော ဆင်းကဒ် H3 - ပိုမိုကောင်းမွန်သော ကွန်ရက် H4 - အကောင်းဆုံး ကွန်ရက် ကို အသုံးပြုသော ဆင်းကဒ် Normal, Better, Better Better, Best ဆိုပြီး အင်္ဂလိပ်လို အလွယ်ပြော လိုက်ပေမယ့် သူ့မှာ Specification ထပ်ကွဲပါသေးတယ်။ ဧရိယာ အကျယ် အဝန်း၊ အပိတ်အဆို့ (Barrier) ဖြတ်သန်းနိုင်စွမ်း၊ မီတာ အကွာအဝေး အစရှိသဖြင့် ထည့်သွင်းတွက်ချက်ပြီး အဆင့်ကို ခွဲခြားထားခြင်း ဖြစ်ပါတယ်။ H4 အဆင့်ကတော့ သာမန်အရပ်သားတို့ အသုံးပြုဖို့ ထုတ်လေ့ထုတ်ထ မရှိပါဘူး။ စစ်တပ်နဲ့ အရေးကြီးပုဂ္ဂိုလ်များ၊ လုံခြုံရေးဝန်ဆောင်မှုနဲ့ စီးပွားရေး လုပ်ငန်းကြီးတွေမှာသာ H4 အဆင့်ရှိ SIM Card ကို နိုင်ငံတကာမှာ ပေးသုံးလေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ H4 ကဒ် အမျိုးအစားက Bandwidth ပိုစားတဲ့အတွက် အခြား ဖုန်းများရဲ့  လိုင်းဆွဲ အားကို သိသိသာသာ ကျဆင်းစေလို့ ဖြစ်ပါတယ်။ SIM အရွယ်အစားမှာဆိုရင်လည်း Normal SIM, Mini SIM, Micro SIM, Nano SIM အစရှိသဖြင့် အရွယ်အစား အမျိုးမျိုး ထပ်ကွဲပြား ပါသေးတယ်။ ယနေ့ စမတ်ဖုန်းတွေမှာ အများဆုံး အသုံးပြုတာက Mini နဲ့ Micro ဖြစ်ပေမယ့် နောက်ပိုင်း စမတ်ဖုန်းတွေက Nano SIM ကို အသုံးပြုတာကို ဦးတည်လာကြပါတယ်။ SIM ထုတ်သူများက နိုင်ငံတကာ နဲ့ တန်းတူဖြစ်အောင် SIM အရွယ်တစ်ခုကို သတ်မှတ်ပြီး ထုတ်ထား ခြင်းပါ။ Clearance အနေနဲ့ အပြင်အသားက သိသိသာသာ ပိုပါတယ်။ ယင်းအသားက မပါလည်း ဖုန်းကွန်ရက်ကို မထိခိုက်စေပါဘူး။ ရွယ်ရွယ်ချက်က စမတ်ဖုန်းတွေထဲ ထည့်တဲ့အခါ အဆင်မပြေရင် ဖြပ်ညှပ် လိုက်လို့ရအောင်ပဲ ဖြစ်ပါတယ်။ ယင်းတစ်ချက်တည်းတော့ မဟုတ်ပါဘူး။ SIM ကဒ်ထုတ်သူ Company ရဲ့  အချက်အချက်ကို ထည့်သွင်းရေးသားဖို့ အတွက်လည်း နေရာ ဖြစ်ပါတယ်။ အခြားအကြောင်းပြချက်လည်း ရှိပါ သေးတယ်။ ထားလိုက်ပါ။ ကဒ်ရဲ့  အထူကတော့ အားလုံး ၀.၇၆ မီလီမီတာ ဖြစ်ပါတယ်။ Service Provider များက သက်ဆိုင်ရာ SIM Card များရဲ့  Data Security နဲ့ Phone call များအား လုံခြုံမှုရှိအောင် ထိန်းသိမ်းပေးရ ပါတယ်။ ဖုန်း အဝင်အထွက်၊ ကြာချိန်၊ နာရီစက္ကန့်အားလုံး Service Provider တို့ Data Center မှာ ရှိပါတယ်။ အကယ်၍ SIM Card ရဲ့  Data နဲ့ ပက်သက်လို့ သို့မဟုတ် အသုံးပြုမှု အမှားအယွင်း တစ်ခုခုဖြစ်ပေါ်ရင် Lock ကျစေမ့ယ် စနစ်လည်း ပါဝင်တာကို လူတိုင်း သိမှာပါ။ GSM Network မှာတောင်မှ 1G, 2G,3G,3.5G, 4G အစရှိသဖြင့် ထပ်ကွဲ ပါသေးတယ်။ ယနေ့ အများစု အသုံးပြုမှုက 3G ဖြစ်ပြီး ဗီဒီယိုနဲ့ Data ပါ Transfer လုပ်လို့ ရပါတယ်။ 4G ကတော့ နောက်ဆုံးပေါ် နည်းပညာပါ။ ဥရောပမှာဆိုရင် LTE လို့ ခေါ်ပါတယ်။ 4G လည်း Voice, Video, Data Tranfer ပါပဲ။ သို့ပေမယ့် Speed ကျတော့ 3G ထက်သိသိ သာသာ ကောင်းသွား ပါတယ်။ 2G က မလုံခြုံပါဘူး။ 2G ကွန်ရက်သုံးတဲ့ ဖုန်းဖြစ်ရင် လုံခြုံရေးနဲ့ ပက်သက် လို့ အရေးကြုံတဲ့အခါ ကဒ်ကိုဖုန်းထဲက ထုတ်ထားတာ အကောင်း ဆုံးပဲလို့ လေ့လာဖူးပါတယ်။ ယင်း Module က Device ထဲ ထည့်ထားတဲ့ အခါ ဖုန်းကို Power out ထားလည်း ကွန်ရက် Center ကနေ ထောက်လှမ်းလို့ လွယ်ကူလို့ ဖြစ်ပါတယ်
Di Posting Oleh ကွန်ပျူတာ, Pada 7:38:00 AM dan 0 comments
0 ကွန်ပျူတာ ဆာဗာ ဆိုသည်မှာ
ကွန်ပျူတာ ဆာဗာ ဆိုပြီး ပြောနေကြတယ် ဘာရယ် လို့ တိတိ ကျကျ သိလှတဲ့သူ နည်းမယ် ထင်ပါတယ်။ ကွန်ပျူတာ ကတော့ ပြောစရာ သိပ်လိုမယ် မထင်ပါဘူး အားလုံး သိကြတယ်။ ဆာဗာ (Server) ဆိုတာ က ခုခေတ်မှာ ကျောင်း၊ ရုံး၊ တက္ကသိုလ်၊ ဆေးရုံက အစ အားလုံး သုံးလာကြပါပြီ။ 
ဘာကြောင့်လဲ ဆိုတော့ ကွန်ပျူတာ သုံးတယ် ဆိုတာ တစ်လုံးတည်း မဟုတ်တော့ဘူး။ နေရာတိုင်း မှာ ကွန်ပျူတာတွေ အများကြီး သုံးလာကြတာ ဆိုတော့ အဲဒီ ကွန်ပျူတာ အချင်းချင်း ချိတ်ဆက်နိုင်ဖို့ လိုလာ တယ်။ 
ဒါကြောင့် ဆာဗာ ဆိုတာလည်း ပေါ်ပေါက်လာရတယ်။ ဆာဗာ ကို ဘယ်လို ရည်ရွယ်ချက် နဲ့ သုံးရတယ် ဆိုတာ သိဖို့လိုတယ်။
လူတွေက “ဆာဗာ ကတော့ ကျနေပြီ” “ဆာဗာ ကို ချိတ်လို့ မရဘူး” စသဖြင့် ပြောဆို သံတွေ ဌာနဆိုင် ရာတွေ နဲ့ လုပ်ငန်းတွေ မှာ ကြားလာရတယ်။ 
အလားတူ ပဲ ကွန်ပျူတာ အင်တာနက် ဆိုင်ရာ ပစ္စည်းတွေကို သုံးနေရင်လည်း The server is down ဆိုတာ နဲ့ Cannot establish connection to server ဆိုတဲ့ စာတန်းတွေနဲ့ လည်း မကြာကြာ ရင်ဆိုင် ဖူးကြမယ် ထင်ပါတယ်။
ဒီလိုဖြစ်ရတာ အကြောင်းနှစ်ချက် ရှိပါတယ်။
-         ကွန်ပျူတာကြောင့် လည်း ဖြစ်နိုင်တယ်။ ကွန်ပျူတာတွေ အများကြီး ချိတ်ဆက် ထားမယ်၊ လိုအပ်တဲ့ ပမာဏထက် ပိုပြီး ချိတ်ဆက် သုံးနေမယ် ဆိုရင်လည်းဖြစ်တတ်တယ်။
-         Client/ Server ဆိုတဲ့ programming model တွေကြောင့်လည်း ဖြစ်နိုင်တယ်။
ကွန်ပျူတာ ဆာဗာ တစ်ခုတွင် ရှိရမည့် အင်္ဂါရပ်များ
 စွမ်းအားမြင့် တဲ့ RAM သို့မဟုတ် Memory ထည့်ထား ရမယ်
ဆာဗာထောင်လိုက်ပြီ ဆိုတာ နဲ့ ကွန်ပျူတာ အသီးသီးရဲ့ ဆက်သွယ်မှု ကို ခံရတော့ မှာဖြစ်တာကြောင့် အမြန်နှုန်းမြင့်မြင့် ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ဒါကြောင့် RAM များများ ထည့်နိုင်စွမ်း ရှိဖို့လိုတယ်။
ပရိုဆက်ဆာ Speed ကလည်း လုံလောက်တဲ့ ပမာဏဖြစ်ရမယ်
ပရိုဆက်ဆာ (processor) နိမ့်ရင် လုပ်ငန်း လုပ်ဆောင်နိုင်စွမ်းနှေးပြီး အခြား ချိတ်ဆက် လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေ မှာ အားနည်း တတ်တယ်။ ဒါကြောင့် ကိုယ့် ဆာဗာ အဖြစ်သုံးမယ့် ကွန်ပျူတာ မှ ပရိုဆက်ဆာ ကလည်း အားကောင်းဖို့လိုတယ်။
ဟာ့ဒ်ဒစ် ကလည်း သိုလှောင်နိုင်စွမ်း ပမာဏ မြင့်မားရမယ်
ဆာဗာ ဆိုတဲ့ အတွက် ဒေတာတွေ ကို လာပြီး ထည့်ကြလိမ့်မယ်။ ကွန်ပျူတာ များများ နဲ့ ချိတ်ဆက် ထားလေ ဒေတာ များများ သိုလှောင်ဖို့ နေရာလွတ် များများ လိုလေပဲ။ ဒါကြောင့် သိုလှောင် (storage) ပမာဏများများ ထည့်နိုင်အောင် စီစဉ် ပေးထားသင့်တယ်။
အအေးပေး ပန်ကာ စနစ်ကောင်းရမယ်
တစ်နေ့လုံး တစ်ညလုံး ဖွင့်သုံး မှာဖြစ်တဲ့ အပြင်၊ ကွန်ပျူတာ အများကြီး နဲ့ ချိတ်သုံးနေရတာ ဆိုတော့ အပူချိန် ကလည်း အနည်း နဲ့ အများ ဆိုသလို တက်နေမှာပဲ။ ဒါကြောင့် ဆာဗာ ထဲမှာပဲ အအေးပေး စနစ်ကောင်းနေ ဖို့ လိုသလို လေဝင်လေထွက် လည်း ကောင်းတဲ့နေရာ မှာ ထားဖို့လိုတယ်။ 
များသော အားဖြင့်တော့ ဆာဗာထဲ ထည့်တဲ့ ဟာ့ဒ်ဝဲတွေ က အဆင့်အတန်းမြင့်တာတွေ နဲ့ အာမခံချက်ရှိတဲ့ ပစ္စည်းတွေဖြစ်ဖို့ လိုတယ်။ ဟာ့ဒ်ဝဲကောင်းကောင်း ဆိုရင် စွမ်းဆောင်ရည်ကောင်းတာကြောင့် အပူရှိန် တက်တာကို ထိန်းနိုင်တဲ့ အပြင် ပျက်စီးနှုန်း လည်း နည်းနိုင်တယ်။
စက်လည်ပတ်ရေး စနစ် OS (Operating System) ကို ထိရောက်တာမျိုး သုံးရမယ်
ဆာဗာ မှာ သုံးတဲ့ OS က အရေးကြီးတယ်။ ဌာန တစ်ခုလုံး နဲ့ အဆင်ပြေစွာ သုံးနိုင်တဲ့ OS ဖြစ်ရန် လို သလို OS တိုင်း လိုလို နဲ့ အဆင်ပြေစွာ သုံးနိုင်တာမျိုး လည်း ဖြစ်ရမယ်။ ဆာဗာ အတွက် အကောင်းဆုံး သုံးနိုင် တဲ့ OS အဖြစ် နိုင်ငံတကာ မှာတော့ Linux ကို အမှတ်ပေးကြတယ်။
ဆာဗာမှာ သုံးတဲ့ ဟာ့ဒ်ဝဲတွေ အာမခံချက် ရှိရမယ်
ဆာဗာ ဆိုတာ ရပ်သွားလို့၊ ပိတ်ထားလိုက် လို့ မရဘူး။ စက်ပစ္စည်း ဟာ့ဒ်ဝဲ အပိုင်း မကောင်းလို့ ထိုးရပ် သွားရင် အားလုံး ဒုက္ခ တွေ့နိုင်တယ်။ လုပ်ငန်းတွေ အားလုံး သူ့ကို မှီခို လုပ်ကိုင်နေရတာဖြစ်လို့ ပိုပြီး အရေးကြီးတယ်။ ဒါကြောင့် ဟာ့ဒ်ဝဲလည်းကောင်း ရမယ်၊ သတ်မှတ်ထားတာထက် လည်း ပို မသုံးမိအောင် ဂရုစိုက်ရမယ်။
Power Supply ကောင်းကောင်းထားရမယ်
UPS (uninterrupted power supply) လို့ခေါ်တဲ့ မီးပျက်ရင် ဆက်ပြီး အလုပ်လုပ်နိုင် တဲ့ ပစ္စည်း ကို ခံထား ရမယ်။ UPS ကို အင်ဗာတာ (inverter) နဲ့ လည်း တွဲထားကောင်း တွဲထား ရမယ်။ လျှပ်စစ် ဓာတ် အား အဖြတ် အတောက်၊ အပြတ် အတောက်ကောင်းစွာ ခံနိုင်စွမ်း ရှိရမယ်။
ဆာဗာ အမျိုးအစားများ
Application servers, 
Database server, 
File server, 
FTP servers, 
Game server, 
Mail server, 
Network server, 
Home server, 
Fax server, 
Name server, 
Print server, 
Proxy server, 
Stand-alone server, 
Virtual servers, 
Sound server, 
Web server, 
Real-time communication servers (chat servers)
Di Posting Oleh ကွန်ပျူတာ, Pada 5:35:00 AM dan 0 comments
0 စမတ်ဖုန်းတစ်လုံးရဲ့ အသေးစိတ်အချက်အလက်များကိုနားလည်ခြင်း
စမတ်ဖုန်းတစ်လုံးကိုဝယ်တော့ မယ်ဆိုရင်ဘာကိုရွေးရမလဲဆိုတာကို စဉ်းစားရတာတော် တော် တော့ ခေါင်းစားပါတယ်brand ပေါင်းများစွာထဲကနေရွေးရမယ်ဆိုရင်တချို့ဖုန်းမော်ဒယ်လ်တွေက အတွင်းပိုင်းမှာ နည်းပညာပိုင်းတော် တော် ကောင်းမွန်ပြီး specs စာရင်းမှာလည်း အခေါ်အဝေါ်တွေတော် တော် ရှုပ်ထွေးတာကို တွေ့ရမှာပါ။ ဖုန်းကုမ္ပဏီတွေကတော့ ၄င်းတို့ရဲ့စ
မတ်ဖုန်းတွေမှာသုံးမယ့် ဆော့ဖ်ဝဲတွေအပြင်နာမည်တွေကိုလည်း အမိုက်စားဖြစ်အောင်အာရုံစိုက်ကြပါတယ်။ အခုအောက်မှာဖော်ပြမှာကတော့ သင့်ရဲ့စမတ်ဖုန်းကိုတကယ်စမတ်ကျ စေနိုင်တာက ဘယ်အချက်တွေလဲဆိုတာနဲ့SoC အကြောင်းကိုလည်း နည်းနည်းနားလည်အောင်ရှင်းပြပေးမှာဖြစ်ပါတယ်
SoC (System on a Chip) or Chipset ဆိုတာဘာလဲ?
ဆဲလ်ဖုန်းတစ်လုံးကနေ စွမ်းဆောင်ရည်ပြည့်ကွန်
ပျူတာတွေထွက်လာခဲ့တဲ့ တစ်လျှောက်ကို ကြည့်လိုက်ရင်စမတ်ဖုန်းထုတ်လုပ်သူတွေဟာ တစ်ကိုယ်ရည်သုံးကွန်ပျူတာတစ်လုံး(PC) တစ်လုံးမှာပါဝင်တဲ့ အရေးကြီးအစိတ်အပိုင်းတွေကို သေးငယ်တဲ့ နေ
ရာလေးမှာ တတ်နိုင်သလောက် ပြွှတ်သိပ်ထည့်ဖို့နည်းလမ်းတစ်ခုကို စဉ်းစားခဲ့ရပါတယ်
။ ဒါကြောင့်ပဲ SoC ဆိုတဲ့  Systemon a Chip ဆိုတာလေးပေါ်ပေါက်လာခဲ့တာပါ။ ဒီchip ပြားလေးက သင့်ဖုန်း(သို့မဟုတ်) tablet စတာတွေရဲ့ စွမ်းဆောင်ရည်ကို အဆုံးအဖြတ်ပေးနိုင်မှာဖြစ်ပြီး ဘယ်လိုhardware အမျိုးအစား(ဥပမာ­ကင်မရာ၊ display resolution၊ USB3.0 or 2.0, Bluetooth ဗားရှင်းအစရှိတာတွေ)ကို ထောက်ပံ့ပေး လက်ခံပေးမှာလဲဆိုတာကိုလည်း သူကပဲဆုံးဖြတ်မှာပါ။မတူညီတဲ့  ထုတ်လုပ်သူတွေကြားမှာ SoC တွေကွာသွားပေမယ့် အကုန်လုံးမှာတော့ အနည်းဆုံးဒီအစိတ်အပိုင်းတွေပါဝင်ပါတယ်
CPU
CPU လို့ခေါ်ကြတဲ့  Central Processing Unit ဟာ စမတ်ဖုန်းတစ်လုံးကို အဓိကအလုပ်လုပ်ပေးနိုင်တဲ့  “ဦးနှောက်” လို့ဆိုရမှာပါ။ အခုနောက်ဆုံးပေါ် ပရိုဆက်ဆာတွေမှာတော့ core တွေအများကြီးရှိပြီး အများဆုံးဆိုတဲ့  ပရိုဆက်ဆာမှာတော့ coreစုစုပေါင်း ၁၀ ခုကျော်ရှိပါတယ်။
GPU
GPU လို့ခေါ်တဲ့  The Graphics Processing Unit တွေဟာ 3D ဂိမ်းတွေအတွက်သာအရေးပါတယ်လို့ပြောခဲ့တဲ့ ခေတ်က ကျ န်နေခဲ့ပါပြီ။ ဖုန်းတစ်လုံးမှာ CPU ဆိုတာအရေးကြီးသလိုမျိုး GPU ကလည်း အရေးကြီးပါတယ်။ GPU က သင့်ဖုန်းရဲ့operating system (OS) ကိုလှပတဲ့  animation တွေနဲ့ဆွဲဆောင်မှုရှိစေမှာဖြစ်ပြီး ရုပ်သံပိုင်းကိုလည်း ထောက်ပံ့ပေးထားတဲ့  အဓိကအပိုင်းတစ်ပိုင်းဖြစ်ပါတယ်
Memory
RAM လို့ခေါ်တဲ့  Random Access Memory ကတော့ မကြာသေးခင်ကသုံးထားတဲ့  instruction တွေ လုပ်ဆောင်ချက်တွေကို နောက်တစ်ခါပြန်ဝင်သုံးတဲ့ အခါမှာ ပိုမြန်အောင်ခေတ္တသိမ်းပေးထားတဲ့ နေရာပဲဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့RAM ပိုများလေလေ သုံးရတဲ့  speed ကလည်း ပိုမြန်လေလေဖြစ်ပါတယ်
Northbridge
သူကတော့ CPU နဲ့ chip ပြားရဲ့ကျ န်တဲ့ အပိုင်းတွေကို ကြားထဲကဆက်ပေးထားတဲ့ အရာတစ်ခုပါပဲ။
Southbridge
အသံတွေ USB အစရှိတာတွေအပါအဝင်input/ output (အသွင်း၊အထုတ်) function တွေကိုတော့ southbridge ကထိန်းချုပ်ပေးထားတာဖြစ်ပါတယ်။
ထုတ်လုပ်သူတချို့က သူတို့ရဲ့ SoC တွေမှာ အပေါ်မှာဖော်ပြထားတာတွေအပြင်နောက်ထပ်အပိုအစိတ်အပိုင်းအနည်းငယ်ကိုလည်း ထပ်ထည့်ထားကြပါသေးတယ်။ ဥပမာ­ Qualcomm ဆိုရင်သူတို့ရဲ့ SoC တချို့မှာ modems တွေ(cellular radios တွေ၊ Bluetooth နဲ့ Wi­Fi) တွေကိုပါ ထပ်ထည့်လာခဲ့ပါပြီ။
……အခုCPU နဲ့GPU တို့အကြောင်းကို အသေးစိတ်သွားကြည့်ရအောင်။…….
CPU
ပရိုဆက်ဆာတစ်လုံးတည်းနဲ့ဆိုရင်အားလုံးကို ရိုးရိုးရှင်းရှင်းနဲ့ကောင်းကောင်းလုပ်ဆောင်ပါတယ်။ ဒါပေမယ့် clock speed3 GHz ရှိတဲ့  ပရိုဆက်ဆာတစ်လုံးကတော့ 2.5 GHz သာရှိတဲ့  ပရိုဆက်ဆာထက်ပိုမြန်မြန်လုပ်ဆောင်နိုင်မယ်ဆိုတာ ကျိန်းသေပါပဲ။ အခုလက်ရှိCPU တွေထဲမှာတော့ သေချာနေရာတကျ ပုံစံချထားတဲ့  processing unit တွေများများပါဝင်လာပြီးတစ်ခုချင်းစီကိုcore လို့ခေါ်ပါတယ်။ core တွေများတဲ့ အတွက် ပရိုဆက်ဆာဟာ အလုပ်တွေအများကြီးကိုတစ်ခုပြီးမှတစ်ခုစောင့်စရာမလိုဘဲ တပြိုင်တည်းအလုပ်လုပ်လာနိုင်ပါတယ်။ core တစ်ခုချင်းစီကလည်း CPU တစ်ခုအနေနဲ့အဓိကလုပ်ဆောင်
ချက်တွေကိုလုပ်ဆောင်ပါတယ်။ ဒီနေရာမှာ clock speed 2.5 GHz နဲ့core ၄ခုပါတဲ့  quad­core ပရိုဆက်ဆာကclock speed 3GHz နဲ့core ၂ခုပါတဲ့  dual­core ပရိုဆက်ဆာထက် ပိုကောင်းကောင်းလုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။ဒါပေမယ့် core တွေအများကြီးပါတဲ့  ပရိုဆက်ဆာမှာ အဓိကမကောင်းတဲ့ အချက်၂ချက်ရှိပါတယ်။ တစ်ချက်က “အပူလွန်ကဲခြင်း”ဖြစ်ပြီး နောက်တစ်ချက်ကတော့ “ဘက်ထရီအားအရမ်းပိုကုန်ခြင်း” ဖြစ်ပါတယ်။ ဒါ အခုလတ်တလောဖုန်းတွေ ပစ္စည်းတွေမှာဖြစ်နေတဲ့  စိုးရိမ်စရာတစ်ခုပါပဲ။ ဒါကြောင့်နောက်ပိုင်းမှာဖြစ်လာတဲ့ ပြဿနာတွေကို core ၂မျိုးသုံးပြီးဖြေရှင်းလိုက်ကြပါတယ်။
တစ်ခုကတော့ စွမ်းဆောင်ရည်သိပ်အပြည့်ကြီးမဟုတ်ဘဲ ဘက်ထရီကိုချွေတာတဲ့  core တွေဖြစ်ပြီး နောက်တစ်ခုကတော့ စွမ်းဆောင်ရည်အပြည့်နဲ့ဘက်ထရီအားသိပ်ဦးစားမပေးထားတဲ့  core ဆိုပြီး ၂မျိုးဖြစ်သွားပါတယ်။တစ်ခုမှတ်သားထိုက်တာကတော့ core ၂ ခုပါတဲ့  dual­core ပရိုဆက်ဆာက core ၁ခုတည်းပါတဲ့  single­core ပရိုဆက်ဆာထက် ၂ဆပိုမြန်အောင်လုပ်ဆောင်နိုင်တယ်ဆိုတဲ့  အချက်ပါပဲ။ chipset ရဲ့ကျ န်တွေအပိုင်းတွေကတော့ instructionတွေကို အဲ့ လောက်အမြန်နှုန်းပိုမလုပ်ဆောင်နိုင်ပါဘူး။ ဒါက အတားအဆီးတစ်ခုဖြစ်လာပြီး လုပ်ဆောင်ချက်တွေကိုပိုမြန်အောင်သေချာလုပ်ဆောင်နိုင်မှုကလည်း ၃၀%လောက်ထိရောက်အောင်ကိုကျ သွားတာဖြစ်ပါတယ်။
Instruction Set Architecture
instruction set architecture လို့ဆိုလိုက်တာနဲ့CPU တည်ဆောက်ပုံကြီးနဲ့သွားမရောမိလိုက်ပါနဲ့။ instruction setတည်ဆောက်ပုံဆိုတာကတော့ ကွန်ပျူတာတစ်လုံးရဲ့ ဆော့ ဖ်ဝဲတွေက hardware နဲ့ဘယ်လိုအပြန်အလှန်လုပ်ဆောင်နိုင်လဲဆိုတာကိုဆုံးဖြတ်ပေးမယ့် command အစုတစ်ခုပါပဲ။ လက်ရှိမှာတော့ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီအများစုက အောက်မှာဖော်ပြထားတဲ့  ၂မ် ိဳးထဲက တစ္မ် ိဳးကိုသံုးေနၾကတာပါ။
ARM:
ထုတ္လုပ္သူအမ် ားစုက လုပ်ဆောင်ချက်ကိုလည်း မလျော့ကျ ရအောင်ဘက်ထရီစားလည်းသက်သာအောင်ARM ကို ပိုအသားပေးအသုံးပြုကြပါတယ်။ ARM တွေကတော့ 32bit (Cortex­A7, Cortex­A17,Cortex­A32) နဲ့64bit coreတွေ(Cortex­A57, Cortex­A72, Cortex­A73) နှစ်မျိုးလုံးရှိပါတယ်။ ဒါ့ပြင်ထုတ်လုပ်သူတွေက ARMarchitecture တွေကိုအခြေခံပြီး ၄င်းတို့ရဲ့ ကိုယ်ပိုင်chip ပြားတွေကိုထုတ်လုပ်နိုင်ဖို့လိုင်စင်ယူပြီးထုတ်လို့ရပါတယ်။ဥပမာ­ Qualcomm ဆိုရင်သူတို့ရဲ့ကိုယ်ပိုင်Krait architecture နဲ့သိပ်မကြာသေးခင်ကမှရထားတဲ့  Taipanarchitecture တွေကိုသူတို့ရဲ့ ပရိုဆက်ဆာတွေမှာသုံးနေကြပါပြီ။
×8
×86: ဒီarchitecture ကိုတော့ Intel က သူတို့ရဲ့ SoC တွေအတွက်သုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆဲလ်ဖုန်းထုတ်လုပ်သူတွေထဲမှာတော့ အဲ့ လောက်ခေတ်မစား နာမည်မကြီးခဲ့ပါဘူး။ အဓိကကတော့ ဘက်ထရီပါဝါအရမ်းကုန်တာပါပဲ။ Intel Atom ဟာဆိုရင်၂၀၁၆ ခုနှစ်မှာ ရပ်ဆိုင်းလိုက်ရတာဖြစ်ပါတယ်။
GPU
GPU ပိုင်းမှာထိပ်ဆုံးကရပ်တည်နိုင်ခဲ့တဲ့  ထုတ်လုပ်သူပေါင်းများစွာရှိနေပါတယ်။ ထိပ်သီးပိုင်းက ပြိုင်ပွဲဝင်တွေကတော့
*ARM Mali
*Qualcomm Adreno
*Imagination PowerVR
*NVidia GeForce
SoC ထုတ်လုပ်သူတွေထဲမှာထိပ်ကဦးဆောင်နေတဲ့ သူကိုကြည့်လိုက်ရအောင်……
Qualcomm Snapdragon
အခုဆိုရင်brand တွေအများကြီးထဲကမှာ နာမည်အကြီးဆုံးဖြစ်နေပြီး ဆွဲဆောင်နိုင်အားကောင်းလွန်းတဲ့  chip တွေကိုလည်းနှစ်စဉ်နှစ်တိုင်းထွက်ရှိလာတာဖြစ်ပါတယ်။ နောက်ဆုံးထုတ်ပြီးထားတာကတော့ Snapdragon 835 ပါ။ သူကတော့ Kyro 280 octa­core CPU ဖြစ်ပြီး core ၄ခုက clock speed 2.5 GHz ဖြစ်ပြီးကျ န်တာကိုတော့ clock­speed 1.8GHzထားထားတာဖြစ်ပါတယ်။ ထွက်ခဲ့သမျှထဲမှာတော့ အသးဆုံးနဲ့စွမ်းဆောင်ရည်အမြင့်ဆုံး Snapdragon ပါပဲ။ Qualcommကနေ စွမ်းရည်ပိုကောင်းတဲ့  Adreno GPU, 32 MP ကင်မရာကို support ပေးနိုင်တာနဲ့ပိုကောင်းလာတဲ့  4G LTE modem တို့ကိုထွက်ရှိခဲ့ပြီးပါပြီ။ ၂၀၁၇ မှာတော့ LG G6, OnePlus 4 နဲ့Galaxy S8 တို့မှာ juggernauts ကို run နိုင်မယ်လို့မှန်းထားပါတယ်။ ဈေးကွက်မှာရှိနေတဲ့ တခြားနာမည်ကြီး chipset တွေကတော့ Snapdragon 820,Snapdragon 652, 650 နဲ့615 တို့ဖြစ်ပါတယ်။ Nokia 6 အသစ်မှာတော့ Snapdragon 430 chipset ကိုသုံးထား
တာဖြစ်ပါတယ်။
MediaTek
သူကတော့ ဈေးသက်သာစွာရနိုင်တဲ့ စမတ်ဖုန်းတွေအတွက် ဈေးသက်သက်သာသာထုတ်ပေးနေတဲ့  ထိုင်ဝမ်ကုမ္ပဏီတစ်ခုပါပဲ။သူထုတ်လိုက်တဲ့ ထဲမှာ တချို့ဟာတွေက ဈေးနှုန်းချင်းတူတဲ့  Snapdragon ပရိုဆက်ဆာတွေထက်ကိုအမှတ်ပိုကောင်းနေတာကိုတွေ့ရပါတယ်။ Meditek ကနေ နောက်ဆုံးပေါ် chip­set တွေကို Helio ဆိုတဲ့  brand အမည်နဲ့ထုတ်လုပ်နေတာဖြစ်ပါတယ်။ Mediatek ကတော့ သူတို့ရဲ့ GPU တွေကိုကိုယ်တိုင်ဒီဇိုင်းမဆွဲပါဘူး ။ အဲဒီအစား ARM Mali ဒါမှမဟုတ်PowerVR တွေကိုပဲသုံးကြပါတယ်
။ Mediatek ကိုသုံးနေတဲ့  နာမည်ကြီးစမတ်ဖုန်းတွေကတော့ HTC One M9+ (HelioX10), Sony Xperia C4 နဲ့Vivo X5 Max Platinum edition( 6752 chipset ) တို့ပဲဖြစ်ပါတယ်။
Samsung Exynos
သူ့ကိုတော့ Samsung ဖုန်း ပစ္စည်းတွေမှာသုံးပါတယ်။ဒါပေမယ့် တချို့နောက်ဆုံးထွက်ဖုန်းတွေကတော့ Snapdragon
NVidia Tera
NVidia ဆိုတာကလည်း စွမ်းဆောင်ရည်ပြည့်ဝတဲ့  SoC တွေကိုကိုယ်တိုင်ထုတ်လုပ်နေတာဖြစ်ပေမယ့် သူတို့ကိုကန့်သတ်ထားတဲ့ ပစ္စည်းအနည်းငယ်မှာပဲ ရနိုင်ပါတယ်။ Tegra X1 ကိုတော့ ၂၀၁၅ မှာထွက်ရှိခဲ့ပြီး big.LITTLE တည်ဆောက်ပုံနဲ့Maxwell GPU တို့နဲ့အတူocta­core CPU ဖြစ်ပါတယ်။ Tegra ကိုတော့ Shield tablet တွေ, Nintendo Switch console နဲ့တချို့သောစမတ်ကားတွေမှာ သုံးထားပါတယ်။
နောက်ဆုံးထုတ်ကုန်ဒီအကြောင်းတွေအကုန်လုံးက ဖုန်းတစ်လုံးရဲ့စွမ်းဆောင်နိုင်ရည်ကို အကြမ်းဖျင်းပြောပြသွားပေမယ့်လည်း ထုတ်လုပ်သူတွေက သူတိုရဲ့ပစ္စည်းတွေကိုတစ်ခုတည်းမှာကောင်းကောင်းအလုပ်လုပ်နိုင်အောင်ဘယ်လိုလုပ်မလဲဆိုတာပေါ်မှာ အများကြီးမူတည်နေပါတယ်။ ဒီထဲမှာ hardware ကောင်းကောင်းကိုရွေးချယ်နိုင်တာတွေ၊ အတားအဆီးတွေကို ဖယ်ရှားနိုင်တာတွေprogramming ပိုကောင်းတာတွေအစရှိသဖြင့်အားလုံးအကျုံးဝင်နေတာဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုထောက်ပြချင်တာက
Apple iPhone တွေပါပဲ။ သူတို့ရဲ့ spec တွေကတော့ ပြိုင်ဘက် Android တွေရဲ့အောက်မှာရှိပေမယ့် အရည်အသွေးစမ်းသပ်မှုတိုင်းမှာ နှစ်စဉ်ထိပ်ကနေ ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။ Android မှာဆိုရင်လည်း Qualcomm နာမည်ကြီးရေပန်းစားနေရတဲ့ အကြောင်းရင်းတစ်ချက်ရှိပါတယ်။ အဲ့ တာကတော့ တခြားကုမ္ပဏီတွေကထုတ်လုပ်ပြီးသား အစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့  SoC တစ်ခုထက် စွမ်းဆောင်ရည်ပိုကောင်းအောင်လုပ်ဆောင်နိုင်ဖို့ရည်ရွယ်ပြီး အကြမ်းထည်ကနေဖန်တီးလိုက်
တဲ့ တစ်ခုကို SoC တစ်ခုအနေနဲ့အရင်ထုတ်လိုက်တာဖြစ်ပါတယ်
Aung Phyo Oo (Myanmar Mobile App)
Di Posting Oleh ကွန်ပျူတာ, Pada 4:19:00 AM dan 0 comments
0 Laptop ကိုမြန်​ဆန်​​အောင်​လုပ်​နည်း
လက်တော့ကို မြန်ပြီး ပိုသွက်အောင်လုပ်ချင်သောမိတ်​​ဆွေများ အတွက်ပါ။ကျနော် ဖတ်ထား တာလေးတွေကို ပြန်ပြီး ရှယ်လိုက်ခြင်းဖြစ်ပါတယ်။
၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ
RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင် လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံ ရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက် ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်း အသုံးပြုနိုင် လိမ့်မယ်လို့ သိရပါတယ်။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM ပမာဏ 1GB နှင့် zip
ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာ တွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။
၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ
သင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာ အသုံးပြုမှုအချိန်ပမာဏ ပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့် ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။
အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီ လိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှု ကို လျော့ချနိုင် ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့် သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေ ကို နေရာတကျစီပေးလိုက်ပါ။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့ စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန် လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန် ဆန် လာပါတယ် ။ နောက်ထပ် စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခု ကို Hard Disk ရဲ့ အတွင်း ကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့် အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာ ခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။
၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ
တချို့ Laptop တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။ ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်း က နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လို အပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်စေသင့် ပါတယ်။
သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk,iTune, Quicktimeplayer တို့လို ပရိုဂရမ်ဖိုင်တွေ ကို ပိတ်ထား သင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာ ဖွင့်ဖွင့်ချင်း အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထား တဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။
အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာ အကောင်း အဆုံးပါဘဲ။ မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆို ရင်တော့ အင်တာနက်ပေါ်က အခမဲ့အသုံးပြုခွင့်ပေး ထားတဲ့ PC Decrapifier (www.pcdecrapifier.com) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထား သင့် ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာတာကို တွေ့ရပါတယ်။
၎။ သင့် Laptop ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ
သင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ် တဲ့အတွက် စနစ်ပိုင်း ဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။ ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာ တွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကို အင်တာနက်ပေါ်ကတဆင့်ဝယ်ယူပြီးအသုံးပြုဖို့တိုက်တွန်းပါရစေ။
Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေး လိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါ တယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ် တဲ့နေရာ မှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။
တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်။
၅။ Search Indexing ကိုပိတ်ထားပါ
Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က “Allow Indexing Service to index this disk for fast file searching” ကို အမှန်ခြစ် ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။ စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန် လာတာတွေ့ ရပါတယ်။
၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ
Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ   တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံတိတ်တဆိတ်ပြန်လည် ပို့ဆောင်ပေးနေ ပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူတာထဲကိုဝင်ရောက် လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်ကွန်ပြူတာကို လည်းနှေးကွေးစေပါတယ်။
အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီး သတ်ဖို့အတွက် Spybot Search & Destroy ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာကွယ်ပြီး သားဖြစ် သွားသလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။
စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေး တာတွေရပါတယ်။ အဲဒီတော့သင့်ကိုလည်း Spybot Search &Destroy ဆော့ဖ်ဝဲ အသုံးပြုဖို့ ထောက်ခံပါတယ်။
၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ
သင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။
သင့် ကွန်ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက သင့်အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ဟာ ကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့ ဘေး အကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။ လက်တွေ့ စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။
Di Posting Oleh ကွန်ပျူတာ, Pada 4:42:00 AM dan 0 comments
0 ကွန်ပျူတာ အဖွင့်..အပိတ်... မြန်ဆန်စေဖို့ နည်းလမ်း
မင်္ဂလာပါနော် သည်တစ်ခါ ရေးမဲ့နည်းပညာလေးကတော့   မထင်မှတ်တဲ့ နည်းလေးလည်းဖြစ်နိုင်ပါတယ်..
ဆရာ့  ဆရာကြီးတွေအတွက်တော့  ရီစရာ ဖြစ်ခြင်ဖြစ်နေပေမယ့်  ကွန်ပျူတာ ကိုင်စ ၀ါသနာရှင် မိတ်ဆွေ များအတွက်တော့ နည်းလမ်း တစ်ခုလို့ ဆိုရပါမယ်... ဒါကတော့  မိမိတို့ကွန်ပျူတာ အတက်...အပိတ်
အရမ်းလေးလံနေတယ်ဆိုတဲ့  သူတွေအတွက်  နည်းလမ်းများစွာထဲက  နည်းလမ်းလေးတစ်ခုကို ကျနော်
ရေးသားမှာ ဖြစ်ပါတယ်.. ကျွန်တော် ကိုယ်တိုင်လည်း ကွန်ပျူတာ အခြေခံနည်းပညာတွေကို အရမ်းအားနည်းသူတစ်ယောက်ဖြစ်တဲ့အတွက်  ခုလို အောက်ခြေ နည်းလမ်းလေးတွေကနေ  စပြီး မတောက်တခေါက် သိတာ တတ်တာလေးကို ပြန်လည် ဆင့်ပွါးမျှဝေလိုက်ခြင်းဖြစ်ပါတယ်... ကွန်ပျူတာ ဆားဗစ်ဆရာတွေကတော့ ကျော်ခွ ဖြတ်သွားလိုက်ပါနော်..ကဲ ပုံလေးတွေနဲ့ စိတ်ရှည်စွာ  ရှင်းပြပါ့မယ်..
အဆင့်   (၁)...........မိမိတို့ ကွန်ပျူတာ start ကနေ search box မှာ view advance system ဆိုတဲ့စာသားလေးကို ရေးလိုက်ပါ....အောက်ကပုံလေးအတိုင်း လိုက်လုပ်ကြည့်နော်....
ပုံမှာ ပြထားတဲ့  နံပါတ် စဉ်တိုင်းကလစ်သွားလိုက်ပါနော်... အရမ်းလွယ်ကူပါတယ်.... နံပါတ် (၅) မှာဘဲ
စက္ကန့်  ဆိုတာကို  1 second လို့ပေးလိုက်ယုံပါဘဲနော်...ပြီးတာနဲ့ အောက်က Ok ပေါ့...။
အဆင့်    (၂)    .............. ကတော့ အပေါ်ကလိုပါဘဲ start search box ကနေပါဘဲ  regedit  ဆိုတာလေးကို ရေးထည့် ရှာလိုက်ပါ အောက်မှာ သူနဲ့ပါတ်သက်တဲ့ပုံကိုပြထားပါတယ်......
သူ့ကိုလည်းပုံမှာ ပြထားသလို နံပါတ် စဉ်တိုင်း ကလစ်ပေးသွာလိုက်ပါနော်...
regedit  ကိုကလစ်တာနဲ့  ဘောက်လေးကျလာမှဖြစ်ပါတယ်.... အဲမှာဘဲ  နံပါတ်စဉ်.... 3,4,5,6, တိုင်းကလစ်ပေးလိုက်တာနဲ့  ဘေးမှာ ရှိတဲ့ စာတန်းတွေထဲက နံပါတ်  7 မှာပြထားတဲ့ စာတန်းကို  နှစ်ချက် ကလစ်ပေးလိုက်ပါ... ဒါဆို ဘောက်သေးသေးလေးတစ်ခုကျလာပါမယ်.... ကျလာတဲ့ ဘောက်ထဲမှာ နံပါတ် 12000 လို့ပါလိမ့်မယ်....ဘယ်နံပါတ်ဘဲ ပါခဲ့ပါစေ အဲနေရာကို.. 1000 လို့ ပြောင်းထည့်ပေးပြီး   Ok ပေးလိုက်ပါတော့...ဒါဆိုရင် သင့်ရဲ့ လုပ်ဆောင်ချက် ပြီးခဲ့ပါပြီ...
သင့်ရဲ့ ကွန်ပျူတာ အတက်  အပိတ်  အရင်ကထက်တော့ မြန်ဆန်လာတာ တွေ့ရပါလိမ့်မယ်...နော် အဆင်ပြေပါစေ...
Di Posting Oleh ကွန်ပျူတာ, Pada 4:39:00 AM dan 0 comments
0 ဖုန်းအင်တာနက်ကို ကုန်ကျစရိတ် သက်သာအောင်ဘယ်လိုသုံးမလဲ ?
ဒီပိုစ့်ကို telenor,ooredoo ဒါမှမဟုတ် အခြား Data နဲ့ကောက်ခံ တဲ့ အင်တာနက်လိုင်း အသုံးပြုသူတွေ အတွက်ရည်ရွယ်ပါတယ်။ Data နဲ့ကောက်ခံတဲ့ အတွက် ကောင်းကွတ် တစ်ခုကတော့ အချိန်ကို လှည့် ကြည့်စရာ မလိုတော့ သလို ဆိုးကွက်ကတော့ Web Page တစ်ခုကို ဖွင့်မယ်ဆိုရင် ဖွင့်သင့် မဖွင့်သင့် ၊ဖိုင်တစ်ခုကို Download ရယူချင်ရင် ဒေါင်းသင့်မဒေါင်းသင့် ချိန်ဆရတာပါပဲ။ အကယ်၍သာ ကိုယ့် အတွက်အသုံးမကျတဲ့ အင်တာနက် စာမျက်နှာ ကိုယ့် အတွက် အသုံးမလိုတဲ့ ဖိုင်တစ်ခုကို သာရယူမိမယ် ဆိုရင် အလဟတ်သက် ပိုက်ဆံဖြုန်းတီးလိုက်သလို ဖြစ်သွားတဲ့ အတွက်ပါ။
ကုန်ကျ စရိတ်ကို Data နဲ့ ကောက်ခံ တဲ့ အတွက် ရုပ်ပုံတွေအများကြီးပါတဲ့ အင်တာနက်စာမျက်နှာကို ကြည့်မယ်ဆိုရင်
အတော်လေးချိန်ဆရမှာမှာပါ။
ကျနော်တော့ ဓာတ်ပုံတွေကို မဖော်ပြစေပဲနဲ့ အသုံးပြုပါတယ် ။
အင်တာနက်စာမျက်နှာ တွေကို ကြည့်တဲ့ အခါမှာ ဓာတ်ပုံကို Block ကြည့်တဲ့ အတွက်စာသားတွေချည်းဖြစ်လို့ အသုံးလည်း ခံပါတယ်။ ပိုက်ဆံနည်းနေတဲ့ အချိန် မှာ လိုင်းကြာကြာသုံးချင်တဲ့ သူတွေအတွက်တော့ လုံးဝ အဆင်ပြေသွားမှာဖြစ်ပါတယ်။
ကျနော်တို့ ဆီမှာ အသုံးများတက်တဲ့ Browser တွေ ဖြစ်တဲ့
1)Windows မှာ Default ပါလာတဲ့ Internet Explorer
2)Mozilla Firefox
3)Google Chrome
တို့ အတွက်ကို တစ်ခုခြင်းစီခွဲပြီးတော့ ပြောပြပါမယ်
၁)Internet Explorer
Win+R=>intercpl.cpl
Internet Properties ဆိုပြီးတော့ပွင့်လာပါလိမ့်မယ်
“Advanced” tab ကို နိပ်ပါ
Show Pictures ဆိုတာလေးကို ရှာပြီးတော့
Uncheck(အမှန်ခြစ်ဖြုတ်) လုပ်ပေးပါ
၃)Google Chrome
Address Bar ဘေးမှာရှိတဲ့ Icon ကို နိတ်ပါ
Setting ကို နိတ်ပါ
ှShow advanced settings
Content settings
Do not show any images
အခုဆိုရင် ဘယ်အင်တာနက်စာမျက်နှာကို ကြည့်ကြည့်
image ကို Block ထားတဲ့ အတွက်ကြောင့် ပိုက်ဆံအများကြီး
ကိုသက်သာသွားမှာပါ
စာကိုပဲ အားပြုပြီးတော့ ဖတ်တဲ့သူတွေအတွက် အသုံးတည့်တဲ့ နည်းတစ်ခုဖြစ်မှာပါ
Screenshot တင်မပေးနိုင်တဲ့ အတွက် တောင်းပန်ပါတယ်
      Credit >>>  Aung Myo Kyaw
Di Posting Oleh ကွန်ပျူတာ, Pada 4:17:00 AM dan 0 comments
0 ကွန်ပျူတာ နှေးကွေးလာခြင်းပြဿနာများ နှင့် ဖြေရှင်းနည်းများ
ကွန်ပျူတာ နှေးကွေးလာခြင်းပြဿနာများ နှင့် ဖြေရှင်းနည်းများ
1.သင့်ကွန်ပျူတာစနစ်သည် အသုံးပြုသော စက်လည်းပတ်စေသော ပရိုဂရမ်းများ (Operating system) ၀င်းဒိုးမှုကွဲအလိုက် လိုအပ်သောမှတ်ဥာဏ် (RAM) ပမာဏ အနည်း ဆုံး လိုအပ်ချက်ဖြင့် အလုပ်လုပ်နေပါသလား။ အသုံးချ ပရိုဂရမ်းများ (Application so ftware) အတွက်မှတ်ဥာဏ် (RAM) ကို နှစ်ဆ အနည်းဆုံးတိုးလိုက်ပါ။ များလေ ကောင်းလေပါ။
2.သင့်ကွန်ပျူတာစနစ်တွင် တပ်ဆင်ထားသော ဓာတ်ပြားအမာ (Hard drive) သည် ဆံ့အား ပမဏ (GB) ငယ်ပြီး လည်ပတ်နှုံး (RAM) နည်းနေသော အမျိုးအစားဖြစ်နေ လျှင် ပိုမြန်သော၊ ဆံ့အားပမဏ ကြီးသောဓာတ်ပြား အမာကိုလေ့လာပါ။ ဓာတ်ပြားပမာ ဏ (Hard disk) ၏ ဆံ့အားပမာဏ ၃၀ ခန့် လွတ်နေသော အသုံးမပြုရသေးသည့် ပ မာဏ ကျန်နေသင့်ပါသည်။ လည်းကောင်းထက် နည်းလေး ကွန်ပျူတာ၏ လုပ်ဆောင် မှု ပိုးပြီး နှေးကွေးလေ ဖြစ်ပါလိမ့်မည်။ မလိုအပ်သော ဒေတာဖိုင်တို့ကို ဖျက်ပစ်ပါ။ ယာ ယီ ဖိုင်းများ (*TMP) များကို ဖျက်ပစ်လိုက်ပါ။
3.သင့်ကွန်ပျူတာစနစ်၏ ပြစက်မှန်ပြင်ပေါ်မှာ ၀င်းဒိုးဒေတာ၏ icons များနေပါက (ပရို ဂရမ်းဒေတာ) အိုင်ကွန်း (icons) တို့ကို ဖျက်ပစ်ပါ။
၎။ သင့်ကွန်ပျုတာစနစ် Star မီနှုးတွင် လုံးဝမသုံးဖြစ်သော၊ ပရိုဂရမ်းများကို control panel မှ addorRemove program Applet အသုံးပြုပြီး ဖြုတ်ပစ်ပါ။
၅။ ၀င်းဒိုးစနစ်အစပြုတိုင်း အလုပ်လုပ်စေသည့် ပရိုဂရမ်များမှ အချို့သည် Startup folder ပါ ရှိနေပါသည်။ လည်းကောင်းတို့မှ မလိုအပ်သော ပရိုဂရမ်တို့ကို ဖြုတ်ပစ်ပါ။
၆။ ၀င်းဒိုး၏ Screen Saver နှင့် Wall paper တို့ကဲ့သိုသော ကွန်ပျူတာစနစ်၏ အရင်း အမြစ်ဖြစ် သောစီပီယူ၊ မှတ်ဥာဏ် (RAM) တို့သည့် ပရိုဂရမ်းများကိုဖြုတ်ပစ်ပါ။
၇။ သင့်ကွန်ပျူတာစနစ်တွင် ထည့်သွင်းထားသော်လည်း လုံးဝ အသုံးမပြုသောစာလုံး ပုံစံ (Fonts) ဖိုင်း များကိုဖျက်ပစ်ပါ။
၈။ သင့်ကွန်ပျူတာစံနစ်သည် ကွန်ယက်ဖွဲ့စနစ် (Network system) ဖြစ်ပါက၊ ကွန် ယက်ဖွဲ့စနစ် အသွင်းအပြင် အထားအသို (Network setting) နှင့် IP Address တို့ကို စစ်ဆေးပါ။
၉။ သင့်ကွန်ပျူတာစနစ်တွင် ဗိုင်းရပ်(စ်)၀င်နေလျှင် နှေးကွေးတတ်ပါတယ်။ သင့်တော် ရာ Antivirus ပရိုဂရမ်းများဖြင့် ဗိုင်းရပ်(စ်) ကို ရှင်းပစ်ပါ။
၁၀။ သင့်ကွန်ပျူတာစနစ်၏ ဓါတ်ပြားအမာ (Hard disk) တွင်နေရာလွတ်များစွာ ရှိပြီး၊ ဖိုင်းများ၏ တည်ရှိမှုသည် ပျံ့ကျဲနေလျှင် နှေးကွေးတတ်ပါသည်။ Start မီးနှုး၏ Acces sory မီးနှုးထဲမှ system Tools အောက်တွင်ပါရှိသော Defrag ပရိုဂရမ်ကို အသုံးပြုပါ။
၁၁။ သင့်ကွန်ပျူတာစနစ်တွင် နောက်ဆုံးပေါ် အသုံးချပရိုဂရမ်များ (Software) တစ်ခု ခုကိုသုံးမိပါက လိုအပ်သောစက်ကရိယာပိုင်း လိုအပ်ချက် လက်ရှိပရိုဂရမ်များဖြင့် ဆီ လျှော်ညီညွှတ်မှု မကိုက် ညီပါ က နှေးနေတတ်ပါသည်။ လည်းကောင်းအသုံး ချပရိုဂရမ် များ (Software) ကို ဖြုတ်ကြည့်ပါ။
၁၂။ သင့်ကွန်ပျူတာစနစ်တွင် အလုပ်လုပ်နေသော Dirve (ကရိယာမောင်းပရိုဂရမ် များ) အချို့ သည်မှန်ကန်ကိုက်ညီ ရန်လိုအပ်သလို၊ နောက်ဆုံးမှုကွဲ ဖြစ်သည်အထိ အဆင့်မြှင့်ရန် လိုအပ်ပါသည်။
၁၃။ ၀င်းဒိုး၏ ၀န်ဆောင်မှု ပရိုဂရမ်များ (Services) အနက်အချို့မှာ အလုပ်လုပ်နေ (Running) သော်လည်း၊ မလိုအပ်ဘဲ အပိုဖြစ်နေပါသည်။ စံနစ်တကျ နားလည်ခဲ့သော် ဖြုတ်ပစ်သင့်ပါသည်။
၁၄။ ၀င်းဒိုးစနစ်၏ ဒက်စ်တော့ပေါ်မှာ Systemtray အတွင်းမှ (icons) ပရိုဂရမ်များကို လည်းမလို အပ်လျှင်ဖြုတ်ထားပါ။
၁၅။ ၀င်းဒိုးစနစ်ပရိုဂရမ်သည် Virtual memory ကိုအသုံးပြုသည်။ Virtual memory သည် paging system ကို အသုံးပြုသည်။ လည်းကောင်း paging system မှ page size (minimum/ maximum) ပမာဏ တို့ကို တိုးမြှင့်ခြင်းဖြင့် ပိုမိုမြန်ဆန်လာပါသည်။
၁၆။ Windows ၏ System Restore လုပ်ဆောင်ချက်မှာ ဓာတ်ပြားအမာ (Hard disk) ၏ နေရာလွတ်ပမာဏ (အမြင့်ဆုံး ၁၂) ခန့်ကို ရယူပါသည်။ လည်းကောင်းကို ပိတ် ထားလျှင်ပိုမို မြန်ဆန်လာနိုင်ပါသည်။
၁၇။ Themes ပရိုဂရမ်စနစ်၏ ရုပ်ပုံများသည် လှုပ်ရှားရုပ်ပုံများဖြစ်ပြီး နေရာယူသလိုး စ နစ်၏ မှတ်ဥာဏ်၊ စီပီယူ၏ အမြန်နှုံးတို့ကို စားသုံးပစ်သဖြင့် စနစ်ကို နှေးကွေးစေပါ သည်။ လည်းကောင်းကို ဖြုတ်ခြင်းဖြင့် ပိုမိုမြန်ဆန်လာနိုင်ပါသည်။
၁၈။ သင့်ကွန်ပျူတာ စနစ်ကို အခုမဖွင့်မှီ ယခင်အကြိမ် ပိတ်ခဲ့စဉ်က စနစ်တကျ ပိတ် ခြင်းမဟုတ်ခဲ့လျှင်၊ ယခုစတင်ဖွင့်သော အချိန်တွင် စစ်ဆေးခြင်း အမျိုးမျိုး ပြုလုပ်နေသ ဖြင့်လည်း နှေးကွေးတတ်ပါသည်။
၁၉။ သင့်ကွန်ပျူတာစနစ်ကို System Property ၏ Advanced Tab ရှိ Performance Frame မှ Setting သို့ဝင်ပြီး စိတ်ကြိုက်ရွေးချယ်ပါ။
၂၀။ Run/msconfig ဖြင့် systemfiguration utility ၀င်းဒိုးပြကွက်ကို အောက်ပါ အ တိုင်း တွေ့မြင် နိုင်ပါသည်။ General Tab မှ selective startup ကို ရွေးချယ်ပြီး ok ကို နှိပ်ပါ။ စနစ်ကို ပြန်လည် အစ ပြုပါ။
PDF လေး လိုချင်တဲ့သူများ..အောက်မှာဒေါင်းယူနိုင်ပါတယ်။
လေးစားစွာဖြင့်
Di Posting Oleh ကွန်ပျူတာ, Pada 11:42:00 AM dan 0 comments
0 Youtube က video တွေ​ကို CMD က​နေ​ဒေါင်းနည်း။
Youtube က video တွေ​ကို ဘာ downoader တွေ​မှ​မ​သုံး​ပဲ​နဲ့ download ဆွဲ​ကြည့်​ရအောင် အရ​င်​ဆုံး ဒီ​ပို​စ့်​လေး​အတွက် ကို Galay Gachay ကို credit ပေး​ပါ​တယ်။
စ​လိုက်​ရအောင် အရ​င်​ဆုံး​အောက်​က​လင့်​လေး​မှာ youtube-dl ဆို​တဲ့ exe လေး​ကို​အရ​င်​ယူ​လိုက်​ပါ။
Download လုပ်​လို့​ပြီး​ရင်  ကိုယ်​ကြိုက်​တဲ့​နေရာ​မှာ Newfolder လေး​တစ်​ခု​လုပ်​ပြီး youtube-dl.exe ကို Newfolder လေး​ထဲ​မှာ​ထည့်​လိုက်​ပါ။ကျွန်တော်​ကတော့ ပြန်​ကြည့်​ရ​လွယ်ကူ​အောင် desktop ပေါ်​မှာ​ပဲ​ထား​လိုက်​ပါ​တယ်။
အဲ​ဒီ youtube-dl.exe ထည့်​ထာ​တဲ့ folder လေး​ကို​ဖွင့်​ပြီး folder ထဲ​က​နေရာ​လွ​က်​တစ်​နေရာ​မှာ Shift + Right click နှစ်​ခု​ကို​တွဲ​နှိပ်​လိုက်​ရင် window pop up လေး​ထဲ​မှာ open command window here ဆို​တာ​လေး​ကို နှိပ်​လိုက်​ပါ။
အောက်​က​ပုံ ​မှာ​လို CMD လေး​ပွင့်​လာ​ပါ​လိမ့်​မယ်။ အရ​င်​ဆုံး ကိုယ် Download လုပ်​ချင်​တဲ့ youtube က​လင့်​တစ်​ခု​ကို copy လုပ်​ထား​လိုက်​ပါ။
  CMD ထဲ​မှာ youtube-dl လို့​ရိုက် သူ့​နောက်​မှာ space လေး​တစ်​ချက်​ခြား၊ ခု​ဏ​က copy ကူး​ထား​တဲ့ youtube က​လင့်​ကို paste လုပ်​ပြီး Enter ခေါက်​လိုက်​ရင် Download ဆွဲ​နေ​တာ​တွေ့​ရ​ပါ​လိမ့်​မယ်။
youtube-dl  https://www.youtube.com/watch?v=J2cDP7FDwew
 နောက်​ထက် ကိုယ်​လိုချင်​တဲ့ 3gp /flv / Mp4 စ​တဲ့ format တွေ​ကို​ရွေး​ပြီး​ဒေါင်း​ချင်​တယ်​ဆို​ရင် ခု​ဏ​က အပေါ်​မှာ လုပ်​ခဲ့​သ​လို​ပဲ CMD ထဲ​မှာ youtube-dl နဲ့ copy /paste လုပ်​ထား​တဲ့ လင့်​နှစ်​ခု​ကြား​ထဲ​မှာ ( −F ) လေး​ထည့်​ပြီး Enter ခေါက်​ကြည့်​လိုက်​ပါ။ 
youtube-dl -F https://www.youtube.com/watch?v=J2cDP7FDwew
ကျွန်တော်​ဝိုင်း​ပြ​ထား​တဲ့​နေရာ မှာ ကိုယ်​လိုချင်​တဲ့ format တစ်​ခု​ကို ဒေါင်း​ချင်​တယ်​ဆို​ရင်  ဥပမာ အနေ​နဲ့ အပေါ်​ပုံ​က အောက်​ဆုံး​စာ​ကြော​င်း​လေး​မှာ 22    mp4  1280x720 ရှိ​တဲ့ size တစ်​ခု​ကို ဒေါင်းမ​ယ်​ဆို​ရင် CMD ထဲ​မှာ​အောက်​က​လို​လေး​ရိုက်​ပြီး Enter ခေါက်​လိုက်​ပါ။
youtube-dl -f22 https://www.youtube.com/watch?v=J2cDP7FDwew
အဆ​င်​ပြေ​ပါ​စေ။
ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း) 
 FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား အေးကျော်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)
Di Posting Oleh ကွန်ပျူတာ, Pada 11:38:00 AM dan 0 comments